တိကျခိုင်မာမှုမရှိသော တန်ဖိုးနည်းအိမ်ရာများကို သတိထားရန် ပညာရှင်များသတိပေး

တိကျခိုင်မာမှုမရှိသော တန်ဖိုးနည်းအိမ်ရာများကို သတိထားရန် ပညာရှင်များသတိပေး - Property News in Myanmar from iMyanmarHouse.com
14 Sep 2014 2:38 pm တွင် တင်ခဲ့သည်
994 ကြိမ် ကြည့်ရှု့ပြီး
တိကျခိုင်မာသော အချက်အလက်မရှိပါက တစ်လလျှင် ငွေအနည်းငယ်စီဖြင့် ကာလရှည် ငွေပေးသွင်းပြီး တိုက်ခန်းရမည်ဆိုသော အရစ်ကျအိမ်ရာစီမံကိန်းများအပေါ်ပြည်သူများသတိထားရန် လိုအပ်ကြောင်း မြို့ပြဖွံ့ဖြိုးရေးပညာရှင်များက သတိပေးပြောကြားသည်။

တိုင်းနှင့် ပြည်နယ် ၁၄ခုတွင် အိမ်ရာစီမံကိန်းများတည်ဆောက်ပြီး အခန်းပေါင်းနှစ်သိန်းကျော်ကို ၂ နှစ်အတွင်း အကောင်အထည်ဖော်မည်ဟုဆိုသော စီမံကိန်းများကို မြန်မာတို့၏ အခြေခံအဆောက်အဦ(The Infrasht-ructure of Maynmar)လုပ်ငန်းကဆောင်ရွက်မည်ဟု ထိုကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာဟုဆိုသူဦးသန်းဦးက စက်တင်ဘာ ၁၃ ရက်က စင်ထရယ်ဟိုတယ်တွင် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထိုစီမံကိန်းများအတွက် ရင်းနှီးမြှပ်နှံမည့်အစီအစဉ်၊ အကျိုးတူပူးပေါင်းလုပ်ကိုင်မည့်လုပ်ငန်းများ၊ အာမခံချက်၊အိမ်ရာများအကောင်အထည်ဖော်မည်ဆိုသောနေရာတို့ကို သတင်းထောက်များက မေးမြန်းရာတိကျရေရာစွာ ဖြေဆိုသွားနိုင်ခြင်းမရှိပေ။

‘‘ဒီဟာက သိပ်တော့ မယုံ ချင်ဘူး။ ဘယ်လောက်ယုံကြည် စိတ်ချရသလဲပေါ်မှာ မူတည် တယ်။ တည်ဆောက်မယ့် အစီ အစဉ်တွေ ချက်ချင်းပြနိုင်ရမယ်’’ ဟု မြို့ပြဖွံ့ဖြိုးရေးပညာရှင်ဒေါက်တာကျော်လတ်က သုံးသပ်ပြောကြားသည်။

အဆိုပါကုမ္ပဏီသည် လိုင်စင်မရှိသေးဘဲ လျှောက်ထားဆဲဖြစ်ပြီး အိမ်ရာများဆောက်လုပ်ခွင့်ရရှိရန် နိုင်ငံတော်သမ္မတထံသို့ဧပြီလအတွင်းက တင်ပြတောင်းဆိုထားကာ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိသေးဟု ၎င်းတို့ကဆိုသည်။

အခန်းများကို ရောင်းချသောအခါတစ်လလျှင် ကျပ်သုံးသောင်းဖြင့် နှစ် ၃၀ ပေးသွင်းရမည်ဖြစ်ပြီး ၆၀၀ စတုရန်းပေကျပ်ဝန်းသော အပူအအေးမျှတသည့် အခန်းများကို နှစ်အတွင်းတည်ဆောက်ပြီး အပ်နှံသွားမည်ဟု ဆိုသည်။ထို့အပြင်လွှဲပြောင်းခွင့်၊ ရောင်းချခွင့်၊ အမွေဆက်ဆံခွင့်ရှိကြောင်း ဦးသန်းဦးကဆိုသည်။

ပြည်သူများက ထိုစီမံကိန်းမှ အခန်းဝယ်ယူလိုလျှင် တိုက်ခန်း လိုအပ်မှုအဆိုပြုလွှာ တင်သွင်း ရမည်ဖြစ်ပြီး ၀ယ်ယူခွင့်ရလျှင်သက်မှတ်နှုန်းအတိုင်း ငွေပေးသွင်းရမည်ဖြစ်သည်။ အဆိုပါငွေများကို နိုင်ငံတော်ဘဏ်များတွင် ငွေစာရင်းဖွင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆုံးရှုံးမှုရှိ၊မရှိကိုအစိုးရအနေဖြင့် ထိန်းချုပ်၍ ရနိုင်ကြောင်း ဦးသန်းဦးကပြောသည်။

တိုက်ခန်းအဆိုပြုလွှာများကို ဂျာနယ်တိုက်များတွင် ရယူနိုင်ရန် ၎င်းတို့က ဂျာနယ်တိုက်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း သတင်းထောက်များက ထိုအစီအစဉ်မှာ မဖြစ်နိုင်ဟု ပြောသောအခါ အဆိုပြုလွှာများကို၎င်းတို့ရုံးတွင် ရယူနိုင်သည်ဟုဆိုသည်။ သို့သော် သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏လိပ်စာကတ်များပေးခဲ့ခြင်းမရှိပေ။

‘‘အဆိုပြုမြေနေရာတွေကို ရအောင် ဖန်တီးပေးဖို့ဆိုတာ မလွယ်ဘူး။ သူတို့ရဲ့ မတည်ငွေ ဘယ်လောက်လဲ။ ဒီစီမံကိန်းဆို တာက ဆင်းရဲတဲ့သူတွေက ဖျစ် ညှစ်ပြီးပေးကြရမှာ။ ရမ်းသမ်းပြီး ယုံလို့မရဘူး။ စေတနာတွေနဲ့ လုပ်ပေမယ့် ခိုင်မာဖို့လိုတယ်’’ဟု အိုးအိမ်အရာရှိဟောင်းဖြစ်ပြီး မြို့ပြရေးရာဆောင်းပါးများရေးသားနေသော မြို့ပြရေးရာပညာရှင်ဦးမြင့်မိုရ်ဆွေကပြောသည်။

ထိုကဲ့သို့ဖြစ်စဉ်မျိုးနည်းတူ လွန်ခဲ့သော နှစ် ၂၀ ကျော်က ပိုက်ဆံအပ်လျှင် အတိုးများစွာ ပေးမည်ဟု ပြည်သူများအား ပြောဆိုသိမ်းသွင်းပြီး ငွေများလိမ်ယူကာပိတ်သိမ်းသွားသောအကျိုးဆောင်လုပ်ငန်းများကို ဥပမာပေး ၍ သင်ခန်းစာယူရန် ဒေါက်တာ ကျော်လတ်က အကြံပြုသည်။

‘‘ဒါက လူတွေကိုဆွဲဆောင် မှုတော့ရှိတယ်။ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့လို တယ်။ လက်တွေ့ကျကျမလုပ်နိုင် ဘူးဆိုရင် မလွယ်ဘူးဗျ’’ဟု ဦးမြင့်မိုရ်ဆွေက ပြောဆိုသည်။
သတင်းးထောက်များကစီမံကိန်းဆောက်လုပ်မည့် မြေနေရာကိုမေးမြန်းရာ ပြည်သူများ အဆိုပြုသောမြေနေရာတွင် ဆောက်လုပ်ပေးသွားမည်ဟု ဦးသန်းဦးကဆိုသည်။

ရန်ကုန်မြို့တွင် စီမံကိန်းကြီးများအတွက် မြေနေရာလွတ်ဟူ၍မရှိတော့ဘဲ ပြည်သူများအား အဆိုပြုသောနေရာတွင် ဆောက်လုပ်ပေးမည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုစီမံကိန်းကို ဦးဆောင်လုပ်ကိုင်မည်ဟု ဆိုသူများမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များမဟုတ်ဘဲ အခြားစီးပွားရေးနယ်ပယ်များတွင် လုပ်ကိုင်သူများနှင့် ငါးမွေးမြူရေး လုပ်ကိုင်သူများ ပါဝင်ကြောင်း သတင်းရရှိသည်။

သူရိယနေ၀န်း(လက်ရှိ အာရှအလင်း)ဂျာနယ်တွင်လည်း အိုးမဲ့အိမ်မဲ့အခြေခံလူတန်းစား များအတွက် အိုးပိုင်အိမ်ပိုင်ရရှိ ရေးအတွက်ဟုဆိုကာ မတ်လ ၂၂ ရက်တွင် ထည့်သွင်းကြော်ငြာ ခဲ့ဖူးကြောင်း ယင်းကုမ္ပဏီမှ တာ ၀န်ရှိသူ ဦးခင်မောင်တိုးက ပြော သည်။
စီမံကိန်းကို အခြေခံလူတန်းစားများနေရေးအတွက် ဖြစ်နိုင်ခြေရှိသော တန်ဖိုးနည်းတိုက်ခန်းများရောင်းချပေးရန်ရည်ရွယ်ပြီး လုပ်ဆောင်သည်ဟုဆိုသည်။


Credit : 7day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service