အိမ်ငှားရမ်း အခွန်ပေးဆောင်ရမှုနဲ့ ပတ်သတ်ပြီး အိမ်ငှားတချို့ ကသူတို့ ပါ ပေးဆောင်ရမလား၊ စာချုပ်တစ်မျိုးအပြင် ဈေးတစ်မျိုး နဲ့ ငှားရမ်းနေထိုင်ရမလားဆိုပြီး တချို့ က ဝေဖန်မှုရှိပါတယ်။
'ငှားရမ်းတဲ့ပိုင်ရှင်တွေဆီက အခွန်ကောက တာတော့ ဟုတ်တယ်၊ ဒါပေမယ့် ငှားနေတဲ့ သူကတစ်ဝက်ခံမှ ငှားမယ်ဆိုပြီး စာချုပ်ထဲမှာ ဈေးတစ်မျိုး တကယ်ငှားရတဲ့ ဈေးကတစ်မျိုးနဲ့ လက်တစ်လုံးခြား လုပ်မယ်ဆို ခံရမှာက အိမ်ငှားတွေပဲ၊ အိမ်ငှားခဈေးက နဂိုကတည်းက ဈေးမြင့်တာ၊ ပြန်မကျဘဲ ပိုတက်မလား စိုးရိမ်မိတယ် ' လို့ စမ်းချောင်းမြို့နယ်မှာ အိမ်ငှားနေသူ ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်သင်းသင်းက ပြောပါတယ်။
ပြည်တွင်း အခွန်များ ဦးစီးဌာနက မြို့နယ်တစ်ခုချင်းစီ အလိုက် အခွန်နဲ့ သက်ဆိုင်တဲ့ ရှင်းလင်းပွဲတွေ၊ စာရင်းကောက်ခံမှု တွေ ပြုလုပ်နေကြတာတွေ ရှိပါတယ်။အခွန်ပေးဆောင်သူအများစုက မဖြစ်မနေ တံဆိပ်ခေါင်းနဲ့ စာချုပ်ချုပ်ဆိုရတဲ့ ငှားရမ်းမှုတချို့ သာဖြစ်တယ်လို့ သိရပါတယ်။
အိမ်ငှားနေသူတချို့ စိုးရိမ်တာက အခွန်ပေါ်မှာ တစ်ဝက်ကျခံရတာမျိုး၊ တကယ်ငှားရတဲ့ဈေးက တစ်မျိုး ဖြစ်မှာကို စိုးရိမ်နေကြတာလို့ သိရပါတယ်၊ မဖြစ်မနေငှားရမ်းနေရတဲသူတွေဖြစ်တဲ့ အတွက် ငှားရတဲ့ ပုံစံ၊ အိမ်ရှင်တွေ အနေနဲ့ ပိုပြီး တောင်းဆိုချက်တွေ များလာမလားဆိုတဲ့ ပူပန်မှုတွေ ရှိနေကြတာပါ။
လက်ရှိမှာ ငှားနေရတာတောင် အိမ်ရှင်တွေ သဘောကျနေပေးနေရတာ၊ ပိုက်ဆံပေးငှားနေရတာတိုပေမဲ့ အိမ်ရှာရတာခက်တော့ အိမ်ရှင်တွေ၊ ပွဲစားတွေ တောင်းတဲ့ဈေးအတိုင်း ပေးနေရတာ၊ ပွဲစားခဆိုလဲ စာချုပ်တစ်ခါပြည့်တိုင်း သူတို့ ကို ပေးနေရတယ်၊ ပွဲစားခကို စိုးရိမ်တာက အိမ်ငှားရတာ ပိုခက်လာမှာကိုပဲ ' လို့ မြောက်ဒဂုံ မြို့နယ်ရှိ အိမ်ဌားနေသူ အိမ်ရှင်မ တစ်ဦးဖြစ်တဲံ မကေသီက ပြောပါတယ်။