တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများ အောင်မြင် သည်အထိ တည်ဆောက် သွားမည်

တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများ အောင်မြင် သည်အထိ တည်ဆောက် သွားမည် - Property News in Myanmar from iMyanmarHouse.com
24 Jul 2014 10:50 am တွင် တင်ခဲ့သည်
1386 ကြိမ် ကြည့်ရှု့ပြီး
အများပြည်သူ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင်တည်ဆောက်နေသည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို အခက်အခဲများကြားမှ ပြီးမြောက်အောင်မြင်အောင် တည်ဆောက်နေကြောင်းမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။

”အခက်အခဲတွေကတော့အများကြီးပါပဲ။ အဓိကကတော့ရာသီဥတုနဲ့ ငွေရေးကြေးရေး အခက် အခဲတွေ ရှိပါတယ်။ အခု လုပ်ငန်းတွေပြီးမြောက်ဖို့လည်း အားသွန်ခွန်စိုက် လုပ်နေပါတယ်” ဟု ၎င်းက The Trade Times နှင့် သီးခြားတွေ့ဆုံစဉ် ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီများ အကျိုးတူ ပူးပေါင်းကာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်ခြင်းအပြင် ယခင် အစိုးရပိုင် နေအိမ်တိုက်ခန်းများကို အဆင့်မြင့်ပြန်လည် တည်ဆောက်ခြင်းကိုလည်း စဉ်ဆက်မပြတ်လုပ်ကိုင်နေပြီး ရန်ကုန်မြို့အတွင်း တန်ဖိုးမျှတအိမ်ရာ စီမံကိန်း များကို ထပ်မံတည်ဆောက်ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ရတနာနှင့် ဧရာဝဏ် အိမ်ရာ စီမံကိန်းများကို ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီ ၂ဝ ကျော်နှင့် ပူးပေါင်းတည်ဆောက်နေသကဲ့သို့ လှိုင်သာယာမြို့နယ်တွင်လည်းရွှေလင်ပန်းအိမ်ရာ စီမံကိန်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနကတည် ဆောက်လျက်ရှိသည်။

”နောက်ထပ် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွေကို ထပ်ပြီးဖော်ထုတ်ဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောက်လုပ်မည့် ကုမ္ပဏီများကို PAE တစ်ပေ ပတ်လည်လျှင် ကျပ် ၂၅,ဝဝဝ နှုန်းဖြင့် ပြန်လည်ရှင်းလင်းသည့် စနစ်ဖြင့်တည်ဆောက်နေခြင်းဖြစ်ကာ ဆောက်လုပ်ပြီး တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို အများပြည်သူသို့ပြန်လည်ရောင်းချရာတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

”သူတို့ဆောက်တာက ပရီကတ်စနစ်နဲ့ ဆောက်ခိုင်းတာ ဖြစ်တယ်။ ဧရာဝဏ်နဲ့ ရတနာမှာဆိုရင် မြေမာ ရဖို့ စမ်းတာ ပေ ၇ဝ လောက်မှာမှမြေမာရတယ်။ အဲဒါကြောင့်လည်းကုန်ကျစရိတ် များတယ်။ ဆောက်တဲ့ ကုမ္ပဏီတွေက ငွေကြိုထုတ်ပြီးသူတို့က နောက်မှ လိုက်ရှင်းပေးတဲ့ပုံစံဖြစ်ပေမယ့် ကုန်ကျစရိတ်ကများတော့ ကုမ္ပဏီတွေက လုပ်ဖို့အဆင်မပြေဘူး။ ဟိုတစ်လောတုန်းက ငွေပြတ်သွားလို့ လုပ်ငန်းတွေ ခဏရပ်ထားလိုက် ရတယ်” ဟု တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတစ်ခုတွင်ပါဝင်ဆောက်လုပ်နေသည့် ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းများကိုဆောက်လုပ်ရေး ကုမ္ပဏီများက ကုန်ကျစရိတ်များပြားသည့်အတွက် အများဆုံး ခြောက်ထပ်သာ တည်ဆောက်ရန် တင်ပြခဲ့သော်လည်း နောက်ဆုံးတွင် ၁၈ ထပ် အမြင့်ဖြင့်နိုင်ငံတကာအဆင့်မီ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး ခန့်မှန်းတွက်ချက် သည့် တန်ဖိုးများအရ တိုက်ခန်းတစ်ခန်းလျှင် အနည်းဆုံး ကျပ် ၁၈၅ သိန်းခန့် တန်ကြေးရှိနိုင်ကြောင်း သိရ သည်။

”တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို အခုထက် ဈေးလျှော့ပြီးရောင်းပေးဖို့အတွက် အဆင့်မြင့်နည်း ပညာတွေ ရှာဖွေနေပါတယ်။ ပြီးမြောက်အောင်မြင်အောင်လည်း ကြိုးစားလုပ်နေပါတယ်”ဟု ဦးမင်းထိန်က ပြောသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service