ရေတာရှည်မြို့နယ်တွင် အသိမ်းဆည်းခံလယ်မြေများ အမြန်ဆုံးပြန်လည်စွန့်လွှတ်ပေးရေးနှင့် တရားစွဲထားသည်များ ရုပ

ရေတာရှည်မြို့နယ်တွင် အသိမ်းဆည်းခံလယ်မြေများ အမြန်ဆုံးပြန်လည်စွန့်လွှတ်ပေးရေးနှင့် တရားစွဲထားသည်များ ရုပ - Property News in Myanmar from iMyanmarHouse.com
22 Jul 2014 11:47 am တွင် တင်ခဲ့သည်
681 ကြိမ် ကြည့်ရှု့ပြီး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရေတာရှည်မြို့နယ်တွင် အကြောင်းအမျိုးမျိုးဖြင့် အသိမ်းဆည်းခံရသောလယ်မြေများနှင့် အသိမ်းဆည်းခံလယ်သမားများ တရားစွဲခံရသည်များကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးရေးအတွက် ရေတာရှည်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ အသိမ်းဆည်းခံ လယ်သမား ၂၅၀ ၀န်းကျင်ခန့် ပါဝင်ဆန္ဒထုတ်ဖော်သွားခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲအား ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာ တောင်ဘက်ထိပ်ကွေ့မှ နံနက် ၈ နာရီခွဲတွင် စတင်ထွက်ခွာ၍် ကြွေးကြော်သံများဖြင့် အော်ဟစ်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

"တောင်သူဘက်ကကြည့်မယ်ဆိုရင် သူတို့ရဲ့နစ်နာမှု၊ သူတို့ရဲ့ခံစားမှုတွေက အရမ်းများနေတယ် အောက်ခြေကဌာနဆိုင်ရာတွေ၊ ၀န်ထမ်းအဖွဲ့အစည်းတွေက ဘက်လိုက်မှုတွေ အဂတိလိုက်စားမှုတွေရှိနေတဲ့အတွက် မူလလယ်ပိုင်ရှင်လယ်သမားတွေဟာ သူတို့လယ်တွေကို သူတို့ပြန်မရဘဲနဲ့ မြေယာပြဿနာတွေဖြစ်၊ အမှုအခင်းတွေဖြစ် တရားတွေရင်ဆိုင်နေရနဲ့ အချိန်ကုန် လူပန်း၊ ဒုက္ခရောက်ရတဲ့ဘ၀တွေနဲ့ ကြုံတွေ့နေရပါတယ်။ ရေတာရှည်မြို့နယ်မှာ ပုဒ်မ ၄၄၇/၄၂၇ တွေနဲ့ တရားစွဲခံရတဲ့ လယ်သမား ၁၅၀ ကျော်ရှိနေပါတယ်။ ရေတာရှည်အမှတ် (၆) သကြားစက်နယ်မြေမှာဆိုရင် သူတို့က သီးစားခချတဲ့သူတွေနဲ့ မူလလယ်သမားတွေအချင်းချင်း တုတ်တွေဓားတွေနဲ့ ခိုက်ရန်ဖြစ်ပြီး အမှုရင်ဆိုင်နေရတာတွေလည်းရှိနေပါတယ်။ တချို့ဆိုရင်အမှုရင်ဆိုင်ရတာ တစ်နှစ်ကျော်နေပြီ။ ရုံးချိန်းတွေလည်း ခဏခဏသွားနေရတော့ အလုပ်ပျက်အကိုင်ပျက်ဖြစ်နေကြရတယ်။ ဒါကြောင့် မတရားအသိမ်းခံရတဲ့ လယ်မြေတွေကို မူလတောင်သူတွေကို အမြန်ဆုံးပြန်ပေးဖို့နဲ့ တရားစွဲဆိုထားတာတွေကို အမြန်ဆုံးပြန်ရုပ်သိမ်းပေးဖို့ အခုလိုဆန္ဒထုတ်ဖော်ခဲ့ရတာပါ" ဟု ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်ကူညီဆောင်ရွက်ပေးသူ ကိုချစ်ထွေးကဆိုသည်။

ရေတာရှည်မြို့နယ်တွင် စစ်တပ်၊ ကုမ္ပဏီ၊ ရေနီစက္ကူစက်၊ မြို့လှသကြားစက်၊ ရေတာရှည်သကြားစက်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိမ်းဆည်းထားသောမြေ စုစုပေါင်း ဧက ၁၁၀၀၀ ကျော်ရှိနေပြီး ယနေ့အထိစစ်တပ်မှ စွန့်လွှတ်မြေဧက ၁၀၀၀ ကျော်နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ စွန့်လွှတ်မြေဧက ၃၇၁ စုစုပေါင်းစွန့်လွှတ်မြေ ဧက ၁၅၀၀ ၀န်းကျင်ခန့်သာရှိသေးကြောင်း၊ လယ်ယာမြေပြဿနာကြောင့် လယ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ၊ တရားရင်ဆိုင်နေရသည်များ ဖြစ်ပွားနေကြောင်း၊ ထို့ကြောင့်မြေယာပြဿနာများကို သမ္မတကြီးကိုယ်တိုင် ဦးစီးဆောင်ရွက်ဖြေရှင်းပေးစေလိုပြီး မြေယာစုံစမ်းရေးကော်မရှင်အဖွဲ့မှလည်း အမှန်တကယ်ကွင်းဆင်းလေ့လာပြီး တိတိကျကျ သုံးသပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆန္ဒပြလယ်သမားများနှင့် ဦးဆောင်သူများက ပြောကြားသည်။

"အမှတ် ၆ သကြားစက်က ၉၅ခု၊ ၉၆ ခုလောက်ကစပြီး သိမ်းထားတာ ကျွန်တော်တို့မိသားစုအားလုံးပေါင်းရင် ၁၆ ဧကပါတယ်၊ ကျွန်တော်တို့လယ်တွေမှာ လယ်ဝင်ထွန်တော့ သကြားစက်ကကုမ္ပဏီဝန်ထမ်းတွေက ပိုင်နက်ကျူးလွန်တယ်ဆိုပြီး ပုဒ်မ ၄၄၇ နဲ့ မတရား၊ တရားစွဲတာခံထားရပါတယ်။ ဒါကြောင့် အခုလိုဆန္ဒပြတာကို လာရောက်တာပါ" ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သူ အင်းပလပ်ကျေးရွာမှ အသိမ်းဆည်းခံ တောင်သူဦးစိုးမြင့်က ပြောကြားသည်။


Credit: Madalay & others

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service