အိမ်ခြံမြေငှားရမ်းမှု အခွန်ကောက်မည့်အစီအစဉ်ကြောင့် ငှားရမ်းခများ ဈေးကျနိုင်ဟုဆို

အိမ်ခြံမြေငှားရမ်းမှု အခွန်ကောက်မည့်အစီအစဉ်ကြောင့် ငှားရမ်းခများ ဈေးကျနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
19 Jul 2014 11:43 am တွင် တင်ခဲ့သည်
1124 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေရောင်းဝယ် ခြင်းများသာမက ငှားရမ်းမှုများကို ပါအခွန်ကောက်ခံမည်ဖြစ်၍ ဈေး ကွက်ထိန်းချုပ်လိုက်သကဲ့သို့ဖြစ် သောကြောင့် အိမ်ခြံမြေဈေးနှုန်း များကျဆင်းသွားနိုင်ကြောင်းအိမ်ခြံမြေဈေးကွက်မှလုပ်ငန်းရှင်များကခန့်မှန်းပြောကြားသည်။

‘‘အငှား ဈေးကွက်ကိုပါ အခွန်ကောက်လိုက်ရင် နောက် ပိုင်းဆို အိမ်ခြံမြေဈေးတွေကကျ သွားနိုင်တယ်။ အခုအငှားမှာက အိမ်ရှင်ကြိုက်ဈေးခေါ်ပြီး ဈေး ကွက်လုပ်နေတော့ အငှားဈေး တွေကမြင့်နေတယ်။ အိမ်ခြံမြေ ဈေးမြင့်တာက အငှားဈေးများ တာကြောင့်လည်းပါတယ်ဆိုတော့အခုအငှားဈေးတွေ အခွန်နဲ့ထိန်း ချုပ်လိုက်ရင် ဈေးတွေက နောက် ပိုင်းမှာကျလာနိုင်တယ်’’ဟု အိမ် ခြံမြေဈေးကွက်မှ လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တွင် နှစ်စဉ် ၂၅ ရာခိုင်နှုန်းထိမြင့်တက် နေပြီး အချို့နေရာများတွင် နှစ်ဆ ကျော်ထိဈေးနှုန်းမြင့်တက်မှုများ ရှိနေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များကဆိုသည်။

အငှားဈေးကွက်တွင် ပုံမှန် တိုက်ခန်းများသည် နှစ်စဉ်ပျမ်းမျှ ၁၀ ရာခိုင်နှုန်းဈေနှုန်းများဆက် တိုက်မြင့်တက်နေပြီး ကွန်ဒိုတိုက် ခန်းများ၏အငှားဈေးနှုန်းမှာလည်း၃၅ ရာခိုင်နှုန်းကျော် မြင့်တက်မှုရှိနေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များကပြောသည်။

‘‘အခု နောက်ပိုင်းဆို အရောင်းအဝယ် အငှားကတော့ လိုအပ်ချက်ကြောင့်များနေတော့ ဈေးကွက်က ပိုများနေတယ်။ ဒါပေမဲ့ လာမယ့်နှစ်မှာဆိုရင်တော့ အိမ်ခြံမြေဈေးတွေက မကျသေး ရင်တောင် ဆက်မတက်ဘဲငြိမ် သွားနိုင်တယ်’’ဟု prefect အိမ်ခြံ မြေအကျိုးတော်ဆောင်မှတာဝန် ရှိသူတစ်ဦးကပြောသည်။

အိမ်ခြံမြေ အငှားဈေးကွက်ကိုပါ သြဂုတ်မှစတင်ကာ အခွန်ကောက်ခံမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာအခွန်ရုံးများမှ အိမ်ခြံမြေဆိုင်ရာဆွေးနွေးပွဲများ၌ ပြောကြားထားကြောင်းသတင်းရရှိသည်။

လက်ရှိကာလအထိ အငှား ဈေးကွက်အတွက်ကောက်ခံမည့် ပုံစံနှင့် အခွန်နှုန်းထားများကို မထုတ်ပြန်သေးကြောင်း အိမ်ခြံ မြေလုပ်ငန်းရှင်များကပြောသည်။ဈေးတွေကိုလည်း ထိန်းချုပ်မယ် ဆိုရင် နောက်ပိုင်းကျရင်တော့ ဈေးတွေကျလာမယ်’’ ဟု မြန်မာ့ ရောင်ခြည် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက်တွင် စမ်းချောင်း မြို့နယ်ရှိ အိမ်ခြံမြေလုပ်ငန်းရှင် ဦးရေ ၂၀၀ ခန့်ကို ရပ်ကွက်ဓမ္မာရုံ များသို့ခေါ်ယူ၍ အခွန်ဆောင် ထားခြင်းရှိ၊ မရှိစတင်ဆွေးနွေး သွားမည်ဖြစ်သည်။

ထိုမှတစ်ဆင့် မြို့တော်စည် ပင်၊ ပြည်တွင်းအခွန်ရုံးနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ အခွန်မဆောင်ထားသူစာရင်းများ စုပေါင်း၍ စစ်ဆေးသွားမည်ဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်ရခြင်းမှာ ကဏ္ဍအသီးသီး၌ အခွန်ရှောင်သူ ဦးရေ ၅၀ ရာခိုင်နှုန်းခန့်ရှိနေသော ကြောင့်ဖြစ်ပြီး အိမ်ရှင်အိမ်ငှား စာရင်းပေါ်ထွက်လာခြင်း၊ စာရင်း အမှန်ရရှိခြင်းနှင့် ပြည်သူများ အခွန်ဥပဒေအကြောင်းသိရှိစေ ရန်ရည်ရွယ်သည်ဟု အဆိုပါ အရာရှိကဆက်လက်ပြောသည်။

ပြည်တွင်းအခွန်ရုံးက နိုင်ငံ ပိုင် သတင်းစာများ၌ ဇွန်လမှ စတင်၍ အိမ်ရှင်များကိုအချက် အလက်နှင့် သုံးနှစ်စာ နောက် ကြောင်းပြန် အခွန်ဆောင်ခိုင်း သော်လည်း မြို့တွင်းရှိမြို့နယ် အနည်းငယ်သာလာဆောင်ကြ ပြီး ယနေ့အချိန်ထိ အိမ်ခြံမြေ အခွန်လာဆောင်သူဦးရေ ၁၀၀ သာရှိသေးသည်။

အခွန်ဆွေးနွေးပွဲများ ဆက် လက်ပြုလုပ်မည့် မြို့နယ်များမှာ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ပုဇွန်တောင်၊ ရန်ကင်း၊ တာမွေ အစရှိသောမြို့နယ်ပေါင်း ၂၀ ရှိရပ်ကွက်ပေါင်း ၂၀၃ ခု၌ပြု လုပ်သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် အခွန်ရရှိမှုပမာဏမှာ ကျပ် ၇၀၀ ဘီလီယံဝန်းကျင်ရှိသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ပထမ လေးလအတွင်း ကျပ် ၂၂၆ ဘီလီယံရရှိထားပြီး ယခုနှစ်အတွက် လျာထားချက်မှာ ကျပ် ၆၁၄ ဘီလီယံဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

Credit : 7day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service