သုဝဏ္ဏတိုက်ခန်းငှားရမ်းခမြှင့်တင်မှု သမ္မတအထိ စာတင်မည်

သုဝဏ္ဏတိုက်ခန်းငှားရမ်းခမြှင့်တင်မှု သမ္မတအထိ စာတင်မည် - Property News in Myanmar from iMyanmarHouse.com
8 May 2014 5:12 pm တွင် တင်ခဲ့သည်
812 ကြိမ် ကြည့်ရှု့ပြီး
ယခု ဘဏ္ဍာနှစ်အသစ်တွင် နိုင်ငံပိုင် အစိုးရဝန်ထမ်းအိမ်ရာများ၏အိမ်ခန်းလခ တိုးမြှင့်ကောက်ခံရာ၌ အပါအဝင်ဖြစ်သော သုဝဏ္ဏ အိမ်ခန်းများနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့်က ကန့်ကွက်ကြောင်း၊ ထိုအရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတအထိ စာတင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း The Trade Times ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

”လူထုကို တစ်ခါတည်းပြောခဲ့ပြီးသားပါ။ အိမ်လခ တိုးကောက်တာကို ကန့်ကွက်တယ်။ ဒီအိမ်ရာတွေ က ၁၉၆၅ မှာ တစ်သုတ်၊ ၁၉၇ဝ မှာတစ်သုတ် လုပ်အားပေးပြီးမှ ရခဲ့တဲ့အခန်းတွေ။ သူတို့ပေးသွင်းတာ အိမ် လခ မဟုတ်ဘူး၊ သူတို့ အိုးပိုင်အိမ်ပိုင်ဖြစ်ဖို့။ နှစ်ပေါင်း ၂၅ နှစ် ဆိုရင်အိုးပိုင်အိမ်ပိုင် ဖြစ်မယ်လို့ အဲဒီအချိန်က ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် စိန်ဝင်းက ပြောခဲ့တယ်။ အဲဒီအချိန်က အိုးအိမ်ဦးစီးဌာန ညွှန်ချုပ်ဒုတိယ ဗိုလ်မှူးကြီး စိုးတင့်ကလည်းလူထုကို ကတိပေးခဲ့ပြီးသား။ အဲဒီကတိအတိုင်း လူထုက အိုးပိုင်အိမ်ပိုင်လိုချင်တာ။ သုဝဏ္ဏ ၂၄၊ ၂၅၊ ၂၉ ရပ်ကွက်တွေက လူထုဆန္ဒအတိုင်းလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီးနဲ့ သမ္မတဆီထံကို စာတင်မယ်။ ပါတီဥက္ကဋ္ဌအနေနဲ့ စာတင်မယ်။ သုဝဏ္ဏလူထုရဲ့ အိုးအိမ်ပြဿနာကိုဖြေရှင်းသွားမယ်”ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောသည်။

ယခု ဘဏ္ဍာနှစ်အစဖြစ်သောဧပြီလမှစ၍ သုဝဏ္ဏ လူနေအိမ်ခန်းများ၏ အငှားလခကို အိမ်အကျယ် အဝန်း စတုရန်းပေအလိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အိမ်ရာ အုပ်ချုပ်ရေးဌာနခွဲ (ရန်ကုန်)မှ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရွှေဝင်း၏လက်မှတ်ဖြင့် ၂ဝ၁၄ ခုနှစ်၊ မတ်လ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် အကြောင်းကြားစာ ထွက်ပေါ်လာပြီးနောက် သုဝဏ္ဏနေ လုပ်သားပြည်သူ များက လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့ တင်ပြ၍အကြံဉာဏ် တောင်းခံရာတွင်လည်း ဦးသိန်းညွန့်က အထက်ပါအတိုင်းပြောကြားသည်။

သုဝဏ္ဏတိုက်ခန်းများသည်အခြား အစိုးရပိုင် ဝန်ထမ်းအိမ်ရာများနှင့် သဘောသဘာဝချင်း မတူဘဲ နေထိုင်လိုသော ဝန်ထမ်းများ ကိုယ်တိုင် နာရီ ၂ဝဝ ကြာ လုပ်အားပေးပြီးမှရရှိခဲ့သော တိုက်ခန်းများဖြစ်သည်။

”ကျွန်မတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက်ကတည်းက ဝန်ထမ်းဘဝနဲ့ ရှိနေတုန်း ကိုယ်တိုင် လုပ်အားပေးလို့ ရခဲ့တဲ့ တိုက်ခန်းပါ။ အဲဒီတုန်းကလည်း ဝန်ကြီးချုပ်ဦးစိန်ဝင်းကိုယ်တိုင် ဒီတိုက်ခန်းတွေဟာ ၂၅ နှစ်ပြည့်ရင် ကိုယ်ပိုင်တိုက်ခန်းတွေ ဖြစ်ရမယ်ဆိုပြီး ကတိပေးခဲ့တာပါ။ တိုက်ခန်းငှားခဆိုပြီး အိုးအိမ်ကို တစ်လ ၂၄ ကျပ် သွင်းခဲ့ရပေမယ့် အိုးအိမ်ကဘာပြင်ဆင်မှုမှလည်း လုပ်ပေးခဲ့တာမရှိပါဘူး။ အခု ကျွန်မတို့ အခန်းမျိုး အတွက်ဆိုရင် တစ်လ ကျပ် ၆,၁ဝဝ သွင်းရမယ်လို့ စာထွက်တယ်။ သွင်းဆိုရင်လည်း သွင်းရမှာပေါ့။ ဒါပေမယ့် မြို့ထဲက အပျောက်စနစ်နဲ့ဝယ်တဲ့တိုက်ခန်းတွေတောင်မှ မြေရှင်ကိုအိမ်လခအနေနဲ့ ပေးရတာက အဲဒီလောက် မများဘူး။ ဒီမှာ ဒါလောက်တော့ မများသင့်ဘူးလို့ ထင်တယ်လေ”ဟု သုဝဏ္ဏမြို့သစ် တည်ခါစကတည်းက လုပ်အားပေးပြီး အခန်းတစ်ခန်း ရယူနေထိုင်သူ အငြိမ်းစားဝန်ထမ်း အမျိုးသမီးကြီးတစ်ဦးကပြောသည်။

သုဝဏ္ဏတိုက်ခန်းများသည် ရန်ကင်း၊ ဖဆပလ အစရှိသော ရန်ကုန်မြို့တွင်းရှိ အခြားအစိုးရပိုင်ဝန်ထမ်း အိမ်ရာများနှင့် သဘောသဘာဝချင်းမတူကြောင်း၊ အခြားဝန်ထမ်းအိမ်ရာများအနေဖြင့် အစိုးရက ဆောက်ထား ပြီးသည့်တိုက်ခန်းများကို မဲစနစ်ဖြင့် အသင့်ဝင်ရောက် နေထိုင်ခြင်းဖြစ်၍ တရားဝင် ရောင်းချငှားရမ်းခွင့်မရှိ ခြင်းမှာ သဘာဝကျကြောင်း၊ မိမိလုပ်အားနှင့် ရင်းနှီးကာ အခန်းပိုင်ဆိုင်မှု ထိုက်ထိုက်တန်တန် ရယူထားရသော နေထိုင်သူများအဖို့ အခြားသော အစိုးရပိုင်ဝန်ထမ်းအိမ်ရာများနှင့် တစ်တန်းတည်းထား သတ်မှတ်ခံရသည်မှာ နစ်နာကြောင်း သုဝဏ္ဏဒေသခံများက ပြောဆိုကြသည်ကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က မေ ၄ ရက်၌ ကျင်းပသော သူ၏ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသွားသကဲ့သို့ The Trade Times ၏ မေးမြန်းမှုကို ဖြေဆိုရာတွင်လည်း အတိအလင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

”သုဝဏ္ဏတိုက်ခန်းနဲ့ တခြားအစိုးရတိုက်ခန်းတွေနဲ့က ပုံသဏ္ဌာန်မတူဘူး။ သူက လုပ်အားပေးစခန်း ဖြစ်တယ်။ အရင်တုန်းက လုပ်အားပေးစခန်းမြို့ ဆိုပြီး ရေးထားတာ။ အဲဒါတွေကို အိုးအိမ်ကလား၊ ဘယ်ဌာန ကလည်း မသိဘူး။ လုပ်အားပေးဆိုတာကို ဖျက်ပစ်လိုက်တယ်။ ပြဿနာတွေ ဖြစ်လာပြီး မေးစရာတွေ ဖြစ်လာတယ်။ မင်းမနိုင်တို့၊ ဖဆပလတို့လို လခ ကျပ် ၂၅ဝ အောက်ဝန်ထမ်းတွေကို ချပေးထားတဲ့ ပုံသဏ္ဌာန်နဲ့ သုဝဏ္ဏက မတူဘူး။ အဲဒါတွေက အိုးအိမ်အနေနဲ့ ဆောက်ခဲ့တာ။ သုဝဏ္ဏက ဆိုရှယ်လစ်ခေတ်မှာ လုပ်အား တန်ဖိုးထားတဲ့အတွက်လုပ်အားပေးတဲ့ လူတွေရဲ့ နေရေးထိုင်ရေး ဘဝနောင်ရေးအတွက် ဆိုရှယ်လစ်အစိုးရက ဆောက်လုပ်ခကုန်ကျစရိတ်ကို လစဉ် ဖြတ်တောက်ပြီးမှ အိုးပိုင်အိမ်ပိုင်ဖြစ်ဖို့ ဆိုရှယ်လစ်ခေတ် မူနဲ့အညီ ချထားပေးခဲ့တာ။ ဒါတွေကို သေသေချာချာ ပြန်မေးရမယ်”ဟု ဦးသိန်းညွန့်က ပြောသည်။

သုဝဏ္ဏအိမ်ခန်းများကို လခတိုးမြှင့်ကောက်ခံမည့် သတင်းသည်ပြီးခဲ့သော ဘဏ္ဍာနှစ် မကုန်ဆုံးမီ ၂ဝ၁၄ နှစ်ဦးပိုင်း ဇန်နဝါရီလခန့်ကတည်းက ထွက်ရှိခဲ့သော်လည်းအိုးအိမ်ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အများပြည်သူတို့ သိရှိအောင်ထုတ်ဖော်ပြောကြားမှု မရှိခဲ့ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ အကြောင်း ကြားစာ ပေးပို့ထားသည်ဟု ဆိုသော်လည်း ရပ်ကွက်နေပြည်သူများအနေဖြင့် သိရှိသူ မရှိသလောက် ဖြစ်နေခြင်း၊ ဘဏ္ဍာနှစ်အသစ် စတင်သော အချိန်တွင် လခတိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာ ရောက်ရှိလာမှ သိရှိရခြင်းစသည်တို့ကြောင့် အိုးအိမ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း ဒေသခံတို့က ဝေဖန်လျက် ရှိကြသည်။

”ပေးတာကတော့ ပေးလို့ရပါတယ်။ ဒါပေမယ့် သဘာဝမကျတာကတော့ မကျတာပဲ။ အစိုးရ သတ် မှတ်တဲ့ အမိန့်ဆိုတာက မလိုက်နာလို့ ရမှမရတာ။ ဒါပေမယ့် ခေတ်ကပြောင်းသွားပြီလေ။ အရင်တုန်းကလို ဒီလို သတ်မှတ်တယ်ဆိုတိုင်း၊ သတ်မှတ်တဲ့အတိုင်း စောဒကမတက်ဘဲလိုက်နာချင်ချင်၊ မလိုက်နာချင်ချင် ဇွတ်မှိတ်လိုက်နာရတဲ့ခေတ် မဟုတ်ဘူးလို့ ထင်တာပဲ။ ကိုယ် မကျေလည်တာရှိရင် မကျေလည်တာကို ပွင့်ပွင့် လင်းလင်း ဖော်ထုတ်ပြောဆိုဖို့ အခွင့်အလမ်းတွေ အများကြီး ပေးထားတဲ့ခေတ်လို့ သမ္မတကိုယ်တိုင် ပြောထား တာပဲ။ ဒီတော့ အခုကိစ္စမှာလည်းသုဝဏ္ဏတိုက်ခန်းတွေကို ဘယ်လိုအတန်းအစားအိမ်ရာအဖြစ် သတ်မှတ် တယ်၊ ဒီလို လခတိုးကောက်ခြင်းအားဖြင့် အိုးအိမ်ဌာနအနေနဲ့လည်းဘယ်လိုဝန်ဆောင်မှုတွေ ဖြည့်ဆည်းပေး မယ်ဆိုတာ ဒေသခံတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်အောင်တွေ့ဆုံရှင်းလင်းပွဲ လုပ်ပေးနိုင်ရင်ပို ကောင်းမယ်လို့ ထင်ပါတယ်။ ဂျာနယ်တွေ၊ သတင်းစာတွေက သွားမေးမှ ကျွန်တော်တို့က ဒါတွေ ဒါတွေ လုပ်ရတာ၊ ဒီလို ဒီလို အကြောင်းကြောင့်ပါ၊ အများပြည်သူ ကောင်းကျိုးအတွက် ဒါတွေ ဒါတွေ ဆောင်ရွက် နေပါတယ်ဆိုပြီး ဝတ်ကျေတန်းကျေ ပြောမယ့်အစား နဂိုကတည်းကသက်ဆိုင်ရာဌာနအနေနဲ့ ဒေသခံတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်သင့်တာပေါ့။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အနေနဲ့ သဘောပေါက်အောင် အကျိုးသင့် အကြောင်းသင့်ပြောဆိုရှင်းပြရင် နားမလည်စရာ၊ သဘောမတူ စရာမရှိပါဘူး။ အခုဟာက အရင်ခေတ်က ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အငွေ့အသက် ကျန်နေသေးတာ အရှင်းကြီး ဖြစ်နေတယ်”ဟု ဦးသိန်းညွန့်၏ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲသို့တက်ရောက်နားထောင်ခဲ့သူ သုဝဏ္ဏ ၂၉ ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

”တိုးမြှင့်လိုက်တဲ့ အခကြေးငွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးတို့၊ သမ္မတတို့ဆီ စာတင်ထားတဲ့ အချိန်၊ သမ္မတရဲ့ သဘောထား၊ ဆောက်လုပ်ရေးဝန်ကြီးရဲ့ သဘောထားတွေကို သေသေချာချာ မသိသေး တဲ့အချိန် အဖြူအမည်း မသဲကွဲခင်မှာတော့ အိမ်လခတွေကို အရင်အတိုင်းပဲ ထားသင့်တယ်လို့ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲမှာပြောခဲ့တယ်။ အချိန်က ရှိသေးတယ်လေ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လခပေးဆောင်ရေးနှင့်ပတ်သက်၍ ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှသုဝဏ္ဏမြို့သစ်သည် ယခု စတင်အကောင်အထည်ဖော်နေသော ဝန်ထမ်းအိမ်ရာဟောင်းမှ အဆင့်မြင့်အိမ်ရာအဖြစ် တည်ဆောက်မည့်စီမံကိန်းစာရင်းဝင် ၁၁ မြို့နယ်၌ တစ်ခုအပါအဝင်ဖြစ်သည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service