အစိုးရ၀န်ထမ်းအိမ်ရာဟောင်းများတွင်နေထိုင်သူများကိုအိုးအိမ်က Overbook မထုတ်ပေး

အစိုးရ၀န်ထမ်းအိမ်ရာဟောင်းများတွင်နေထိုင်သူများကိုအိုးအိမ်က Overbook မထုတ်ပေး - Property News in Myanmar from iMyanmarHouse.com
21 Apr 2014 4:39 pm တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး
အစိုးရဝန်ထမ်းအိမ်ရာဟောင်းများတွင် လက်ရှိနေထိုင်သူများကို အစိုးရပိုင်အိမ်ရာများတွင် နေထိုင် လျက်ရှိသူများအား တိုက်ခန်းပိုင်ဆိုင်ကြောင်း အထောက်အထား (Owner Book) ထုတ်ပေးရန် အစီအစဉ် မရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန်က ပြောသည်။

ရန်ကုန်မြို့နေလူထု နေထိုင်ရေးအဆင်ပြေစေရန် အစိုးရအဆက်ဆက် လက်ထက်တွင် လူနေအိမ်ရာ များ တည်ဆောက်လျက် အငှားချစနစ်ဖြင့် နေထိုင်ခွင့်ပြုခဲ့သော ပြည်သူပိုင်အိမ်ရာများတွင် အိမ်ရာ စတင် ခွင့်ပြုချိန်ကတည်းက နေထိုင်လာ ကြသော မူလနေထိုင်သူတို့အနေဖြင့်ယခုအစိုးရလက်ထက် ထိုအိမ်ရာ ဟောင်းများကို အဆင့်မြင့်အိမ်ရာ အဖြစ် ပြန်လည်တည်ဆောက်မည့်စီမံကိန်းအပေါ် ထောက်ခံသဘော တူကြသော်လည်း လူဟောင်းများ အတွက် တိုက်ခန်းပိုင်ဆိုင်ကြောင်း အထောက်အထား (Owner Book) ထုတ်ပေးမှုမရှိခြင်းကိုမူ ဘဝင်မကျဖြစ်နေကြကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့်လည်း အိမ် ရာတွင် လက်ရှိနေထိုင်သူ လူဟောင်းများနှင့်ပတ်သက်၍ လောလောဆယ်အနေအထားအရ Owner Book ထုတ်ပေးရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

”ပြည်သူ့အိမ်ရာဝန်ထမ်းတွေအတွက် Owner Book ပေးတာ မရှိပါဘူး။ Owner Book ကို အပိုင် ရောင်းစနစ်သမားတွေကိုပဲ ပေးတာပါ။ နောက်ပိုင်းကျရင် ဘယ်လိုစနစ်မျိုးနဲ့ သွားလို့ ရမလဲဆိုတာ သုံးသပ် ပြီးတော့ လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ပြည်သူပိုင် အစိုးရအိမ်ရာများသည် တည်ဆောက်သည့်ကာလ သက်တမ်းကြာမြင့်ခြင်းကြောင့် ကြံ့ခိုင်မှု လျော့နည်းလာခြင်း၊ ရန်ကုန်မြို့တွင် လူဦးရေတိုးတက်များပြားလာပြီး အိမ်ရာလိုအပ်ချက်များ ရှိလာနေခြင်း တို့ကြောင့် အိုးအိမ်ဦးစီးဌာနနှင့်ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းကာယခင်အိမ်ရာဟောင်းများကို ဖျက်သိမ်းပြီး အထပ်မြင့် အိမ်ရာသစ်များတည်ဆောက်ရန် ၂ဝ၁၄ နှစ်ဦးပိုင်းမှ စတင်၍ စီမံကိန်းများ ချမှတ်လုပ်ဆောင် လာခဲ့သည်။

ထိုသို့ အထပ်မြင့်အိမ်ရာများ ဆောက်လုပ်ပြီးစီးသည့်အခါတွင်နဂိုကတည်းကနေထိုင်ခဲ့သောလူဟောင်း များကို အခန်းများပြန်လည် ပေးအပ်မည်ဖြစ်သကဲ့သို့ ပိုထွက်လာသော အခန်းများကို အလိုရှိသူများအား ရောင်းချမည့်အစီအစဉ်လည်း ရှိသည်။ နဂိုနေထိုင်သူများမဟုတ် သော ဝယ်ယူနေထိုင်သူများကို တိုက်ခန်း ပိုင်ဆိုင်မှု အထောက်အထား အဖြစ် Owner Book ပေးသွားမည်ဖြစ်ပြီး နဂိုနေထိုင်သူ လူဟောင်းများကိုမူ Owner Book ပေးမည် မဟုတ်၍ နဂိုနေထိုင်သူ လူဟောင်းများအနေဖြင့် အိမ်ရာတစ်ခုတည်းတွင်နေထိုင်ကြ သူချင်းအတူတူ ခွဲခြားဆက်ဆံခံနေရခြင်းအပေါ် မခံမရပ်နိုင်ဖြစ်ကာ ဝယ်ယူနေထိုင်သူများနည်းတူ Owner Book ထုတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်းသိရသည်။ ယခုလောလောဆယ်၌အစိုးရအိမ်ရာ အဟောင်း များကိုအဆင့်မြင့်အိမ်ရာများအဖြစ် ပြန်လည်တည်ဆောက်မှုစီမံကိန်း ဒုတိယအစီအစဉ်ဖြစ်သော လမ်းမတော် မြို့နယ်ရှိ လမ်းသစ်အိမ်ရာ တိုက်ခန်းများတွင် နေထိုင်ကြသူများအနေဖြင့်အိုးအိမ်ဦးစီးဌာန၏ အဆိုပါ သတ် မှတ်မှုအပေါ် ဘဝင်မကျ ဖြစ်နေကြောင်း သိရသည်။

”တိုက်တစ်တိုက်တည်းမှာပဲအတူနေပြီး သူတို့ကျတော့ တိုက်ခန်းအမည်ပေါက်စာအုပ်ရပြီး ကျွန်တော် တို့ကျတော့ အငှားချစနစ်နဲ့ ဆက်ပြီးနေရဦးမယ်ဆိုတော့ မတရားဘူးထင်လို့ အခုလို တောင်းဆိုရတာပါ ” ဟု ရန်ကုန်နယ်နိမိတ် မြို့လယ်ပိုင်းထဲတွင် အပါအဝင် လမ်းမတော်မြို့နယ်ရှိ လမ်းသစ်ရိပ်သာအိမ်ရာ၌ နေထိုင်သူ လူဟောင်းများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်တိုက် ၁ဝ၊ အခန်းအမှတ် ၂၃ နေ ဦးလွင်အောင်စိုးက ပြောသည်။

အထပ်မြင့်အိမ်ရာဆောက်လုပ် ပြီးစီးပါက ယင်းအိမ်ရာရှိ အခန်းများအတွက် တိုက်သာယာရေးနှင့် ပြုပြင်ထိန်းသိမ်းရေးကိစ္စများ ဆောင်ရွက် ရာတွင် တိုက်တစ်ခုတည်း၌ စနစ် နှစ်မျိုးကွဲပြားနေမှုကြောင့် နေထိုင် သူများကြား ရှုပ်ထွေးမှုများဖြစ်ပေါ် လာနိုင်ခြင်းကြောင့် အားလုံး တစ်ပြေးညီဖြစ်စေရန် Owner Book ကို တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ပြည်သူပိုင် ဝန်ထမ်းအိမ်ရာများမှ တိုက်ခန်းများကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း ခွင့် မရှိဟုဆိုသော်လည်း နားလည်မှုဖြင့် ဈေးသတ်မှတ်ကာ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်းနေခြင်းများ ခေတ် အဆက်ဆက်တွင် ရှိခဲ့ကြောင်း၊ အကယ်၍ တိုက်ခန်းပိုင်ဆိုင်ကြောင်းအထောက်အထား (Owner Book) ရှိ၍ လွတ်လပ်စွာ ရောင်းချခွင့်သာပြုလိုက်ပါက အစိုးရအနေဖြင့် ရောင်းခွန်၊ ဝယ်ခွန်ပင် ရရှိမည်ဖြစ်ပြီး နိုင်ငံ့ဘဏ္ဍာ လည်း တိုးလာနိုင်ကြောင်း၊ တိုက်ခန်းပိုင်ရှင်များမှာလည်း ခိုးကြောင်ခိုးဝှက် ရောင်းချစရာ မလိုသဖြင့် အစိုးရကို အခွန်ဆောင်နိုင်ပြီး အခြားနေရာတွင် စိတ်ရှင်းရှင်းဖြင့်ဝယ်ယူနေထိုင်နိုင်မည်ဖြစ်၍ နိုင်ငံတော်ရော၊ ပြည်သူ့ အတွက်ပါ အကျိုးရှိကြောင်း တိုက်ခန်းနေ လူဟောင်းများ၏ ဆန္ဒကို သိရသည်။

”အခုလည်း လက်လွှဲလက်ပြောင်းနဲ့ ရောင်းနေတာတွေ ရှိပေမယ့်တရားမဝင်ဘူး။ အဲဒီတော့ အစိုးရ လည်း အခွန်မရဘူး။ မူလပိုင်ရှင်ရဲ့သန်းခေါင်စာရင်းထဲကို ဝင်ပြီး လုပ်နေရတော့ ရေရှည်မှာ ပြဿနာဖြစ်နိုင်လို့ ကျွန်တော်တို့က တိုက်ခန်းတွေပြန်ဆောက်ပြီးရင် လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံခွင့်ရအောင် ရောင်းရင်လည်း အစိုးရပါ အခွန်ရပြီး တရားဝင်ဖြစ်အောင်လို့ တခြားသူတွေနည်းတူ အမည်ပေါက်စာအုပ် ထုတ်ပေးစေချင်တာ ပါ” ဟု လမ်းသစ်ရိပ်သာအိမ်ရာနေ ကိုကျော်မိုးနိုင်က ပြောသည်။

credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service