မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်နားလိုက်ရ

မြေဈေးနှုန်းများ မြင့်မားမှုကြောင့် ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်နားလိုက်ရ - Property News in Myanmar from iMyanmarHouse.com
9 Nov 2013 4:37 pm တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး
တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း တည်ဆောက်တော့မည် မဟုတ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၁၅ခုနှစ်အတွင်း ယင်းစီမံကိန်းကို ရပ်နားလိုက်ခြင်းသည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် မြေဈေးနှုန်းမြင့်မားမှုများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက သြဂုတ် ၂၃ရက်နေ့က ပြုလုပ်သည့် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သိရသည်။

“စီမံကိန်းတစ်ခုလုပ်တော့မယ်ဆိုရင် မြန်မာ့မြေဈေးက မြင့်ပြီ။ ဒါကြောင့်မို့ ၂၀၁၅ခုနှစ်အထိ ယခုအစိုးရသက်တမ်းအတွင်း ဒလတံတား စီမံကိန်းကို ရပ်နားထားမယ်”ဟု ဦးစိုးသိန်းက ပြောသည်။ အဆိုပါ တံတား စီမံကိန်းကို ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးတို့အကြားနေပြည်တော်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ယခုတံတား စီမံကိန်း ပြုလုပ်ပေးရန်အတွက် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီး ကိုယ်တိုင် ဒလမြို့နယ်သို့ သွားရောက် လေ့လာပြီး ခြောက်လအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းတောင်ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတားထိုးမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့် နောက်ပိုင်း ဒလမြေဈေးသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ပြီး ယင်းတံတားထိုးမည့် စီမံကိန်းသည် ဒလမြို့နယ် ဒေသခံတို့၏ အိပ်မက်တစ်ခု ဖြစ်ခဲ့ကြောင်း ယင်းမြို့နယ်အတွင်းမှ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများက ပြောကြားသည်။

“အခုလို အစိုးရဘက်က တရားဝင် ပြောလိုက်ရင် ဒေသခံတွေတော့ အများကြီး နစ်နာပြီ။ မြေသာရှိပြီး သူတို့က တောင့်မခံနိုင်ဘူး။ ၂၀၁၅အထိဆိုရင် ကြာဦးမှာလေ။ စီမံကိန်းကတော့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီပြောကြားမှုကြောင့် မြေဈေးတွေ ထိုးကျပြီး မြေဝယ်စုသူတွေ အကြိုက်ဖြစ်သွားမယ်”ဟု အိမ်ခြံမြေ လုပ်သက်နှစ် ၂၀ခန့်ရှိသူ မချိုက ပြောသည်။

လက်ရှိတွင် ယင်းတံတား စီမံကိန်းကြောင့် အခြေခံမြေဈေးနှုန်းသည် မြေတစ်ကွက်လျှင် သိန်း ၃၅၀အထိ ဈေးရှိသော်လည်း ဝယ်မည့်သူမရှိပဲ စီမံကိန်းရပ်နားသည့် သတင်းကြောင့် ပေ ၅၀ပတ်လည် မြေကွက်ဈေးနှုန်းများ သိန်း ၁၅၀အောက် ထိုးကျသွားနိုင်ကြောင်း၊ ဒလအိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက ခန့်မှန်းသည်။

ဒလမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက “ရပ်နားမယ်ဆိုတာ မကြားသေးဘူး။ သြဂုတ်လ ၂၁ရက်ကတောင် ဆာဗေးအဖွဲ့တွေ ကျွန်တော့်ဆီကို လာခဲ့သေးတယ်”ဟု ပြောသည်။ ကျန်စစ်သား ရပ်ကွက်မှ ဦးထွန်းလှကလည်း “ဦးလေးတို့က သမ္ဗာန်စီးရတဲ့ ဒုက္ခက မလွတ်သေးဘူးပေါ့”ဟု သူ၏ အမြင်ကို ပြောပြသည်။

ယခုဆိုင်းငံ့လိုက်သည့် တောင်ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ရန်ကုန်မြစ်ဖြတ် ဒလတံတားသည် တံတားစီမံကိန်းအပြင် ဒလမြို့နယ်ဘက်ခြမ်း၌ တောင်ကိုရီးယား စက်မှုဇုန်တစ်ခုလည်း ပါဝင်မည့် အစီအစဉ်ဖြစ်ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိနေစဉ် အချိန်၌ ကိုရီးယားနိုင်ငံ သတင်းစာများတွင် ဖော်ပြခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရပါသည်။

Credit: Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service