မိမိအားပေးသော K-Pop idol ဆံပင်အရောင်ပြောင်းတိုင်း လစဉ် ဆံပင်ဆေးဆိုးသော တရုတ်ပြည်မှ မိန်းကလေး ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီး

မိမိအားပေးသော K-Pop idol ဆံပင်အရောင်ပြောင်းတိုင်း လစဉ် ဆံပင်ဆေးဆိုးသော တရုတ်ပြည်မှ မိန်းကလေး ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီး - Property News in Myanmar from iMyanmarHouse.com
13 Oct 2025 11:54 am တွင် တင်ခဲ့သည်
310 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မှ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးသည် ၎င်းအလွန်ချစ်ခင်အားပေးသော ကိုရီးယား ပေါ့ပ်ကြယ်ပွင့်အတိုင်း လစဉ်နီးပါး ဆံပင်ဆေးဆိုးမှုများ ပြုလုပ်ခဲ့ရာ ယခုအခါ ကျောက်ကပ်ရောဂါ ဆိုးဆိုးရွားရွား ခံစားရလျက်ရှိနေသည်။

တရုတ်ပြည်၊ ဟီနန်ပြည်နယ်တွင် နေထိုင်သော ဟွာအမည်ရှိ မိန်းကလေးသည် ခြေထောက်တွင် အနီစက်များ ပေါ်လာခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း အစရှိသော ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရခြင်းဖြစ်သည်။

ဆေးစစ်ချက်များအရ ကျောက်ကပ် ရောင်ရမ်းနေကြောင်း တွေ့ရှိခဲ့သည်ဟု South China Morning Post သတင်းဌာနက ဖော်ပြသည်။

(သက်တန့်ကေသာဟုခေါ်သော ဆံပင်စတိုင်မှာ K-pop ယဉ်ကျေးမှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဓာတ်ပုံ-Douyin)

ဟီနန်ပြည်နယ်၏ မြို့တော် ကျန့်ကျိုးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဟွာကို ကုသမှုပေးခဲ့သူ ဒေါက်တာ Tao Chenyang က ပြောသည်မှာ ထိုမိန်းကလေးသည် ၎င်းချစ်ခင်အားပေးသော ကိုရီးယားကြယ်ပွင့် ဆံပင်အရောင် ပြောင်းတိုင်း လိုက်ပါဆေးဆိုးလေ့ရှိသည်ဟု ဆိုသည်။

ဒေါက်တာ Chenyang က ပြောသည်မှာ ဟွာသည် ပျမ်းမျှ တစ်လတစ်ကြိမ်ခန့် ဆံပင်ဆေးဆိုးလေ့ရှိသည်ဟု ဆိုသည်။ ဟွာ အားပေးသည့် ကိုရီးယားပေါ့ပ်ကြယ်ပွင့် မည်သူဖြစ်သည်ကိုမူ သတင်းဌာနများက ထုတ်ဖော်ရေးသားထားခြင်း မရှိချေ။ ပြည်မကြီး လူမှုကွန်ရက်တွင်မူ K-POP idol များ မကြာခဏ ဆံပင်အရောင်ပြောင်းခြင်းအပေါ် ဒေါသထွက်နေကြပြီး လိုက်ပါဆံပင်ဆေးဆိုးမိသော မိမိတို့၏ ကျန်းမာရေးကို စိုးရိမ်လာနေကြသည်။

ပရိသတ်တို့၏ ပြောကြားချက်အရ idol တစ်ဦးအတွက် ဆံပင်အရောင်မှာ အရေးကြီးကြောင်း၊ ၎င်းတို့၏ အနုပညာလက်ရာသစ်များ ကြော်ငြာရာတွင် အရေးကြီးကြောင်း၊ တခါတရံတွင် ဆံပင်အရောင်မှာ person brand တစ်ခုဖြစ်သည်ဟုပင် မှတ်ယူနိုင်ကြောင်း ပြောဆိုမှုများ ရှိသည်။

(ဟွာသည် တစ်လတစ်ကြိမ်ခန့် ဆံပင်ဆေးဆိုးခဲ့သည်။ ဓာတ်ပုံ- Douyin)

ဆံပင်ဆေးဆိုးသည့် ဓာတုပစ္စည်းများနှင့် မကြာခဏထိတွေ့မှုမှာ အန္တရာယ်ကြီးကြောင်း ဆေးပညာရှင်တို့က သတိပေးထားသည်။

အမေရိကန်ကင်ဆာအသင်း၏ ထုတ်ပြန်ချက်အရ ဆံပင်ဆိုးဆေးများတွင် ဓာတုပစ္စည်း ဖွဲ့စည်းပုံမှာ အမျိုးမျိုး ကွဲလွဲကြောင်း၊ ယာယီဆိုးဆေး- semi-permanent နှင့် permanent ဆိုးဆေးဟုရှိကြောင်း ဖော်ပြသည်။

Permanent ဆိုးဆေးများတွင် aromatic amines နှင့် phenol တို့ကဲ့သို့ ဓာတ်ပစ္စည်းများ ပါသည်။

၎င်းတို့မှာ ဓာတုဓာတ်ပြုခြင်းအားဖြင့် အရောင်ကို ထုတ်လုပ်ပေးသည်။

အရောင်ရင့်လေ ထိုဓာတုပစ္စည်း ပါဝင်မှုများလေဖြစ်ကာ ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။

(ဆက်စပ်သတင်း)

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ

https://www.iMyanmarHouse.com/news/read/1159431

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Chinese Woman Gets Kidney Disease After Dyeing Hair Monthly To Match Pop Idol

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ...
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
အဆုပ်ကင်ဆာ ခံစားနေရသော အမျိုးသားမှာ ဝက်သံချဆေးများ သောက်သုံးရာ ကင်ဆာကျိတ်များ ပျောက်ကွယ်သွားပြီး ကင်ဆာလုံးလုံးပျောက်ကင်းသွားမှုအပေါ် သိပ္ပံပညာရှင်တို့ အံ့အားသင့်၊ ဝက်သံချဆေးဖြင့် ကင်ဆာကုသနိုင်မှု အလားအလာကို လေ့လာမှုများ ပ...

ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service