ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်တို့သည် CAR-NK cells ဟုခေါ်သော ကိုယ်ပျောက်ဆဲလ်များ တီထွင်ထုတ်လုပ်လျက်ရှိသည်။
ကိုယ်ပျောက်ဆဲလ်များသည် ကင်ဆာကို ပိုမိုထိရောက်စွာ ဖျက်ဆီးချေမှုန်းနိုင်သည်ဟု ဆိုသည်။
ထိုဆဲလ်တို့မှာ ကိုယ်ခံအားစနစ်က ငြင်းပယ်အချက်ပြမှုကို ဖိနှိပ်ထားရန်နှင့် အကျိတ်များ ချေမှုန်းသည့် စွမ်းရည် ပိုမိုကောင်းမွန်လာစေရန် တီထွင်ထားသည်။
ကြွက်များတွင် စမ်းသပ်ခဲ့ရာ၌ အန္တရာယ်ကြီးသည့် ကိုယ်ခံအားတုံ့ပြန်မှုများ မရှိစေဘဲ ကင်ဆာကို အမြစ်ပြတ်ချေမှုန်းပစ်နိုင်ခဲ့သည်။
((ကိုယ်ခံအားစနစ်ဆိုင်ရာ မဟာအောင်ပွဲကြီး))
သိပ္ပံပညာရှင်တို့ တီထွင်လိုက်သော ကိုယ်ပျောက်ဆဲလ် (CAR-NK-natural killer cells) များသည် ကိုယ်ခံအား ဆဲလ်များ ဖြစ်သည်။
အဆိုပါ ဆဲလ်တို့၏ လုပ်ဆောင်ချက်မှာ CAR-T ဆဲလ်များနှင့် များစွာ တူညီသည်။
CAR-T ဆဲလ်တို့သည် ကင်ဆာဆဲလ်ကို ရှာဖွေကာ ချေမှုန်းခြင်း လုပ်ဆောင်သည်။
သို့သော် အခြားကိုယ်ခံအားဆဲလ်တစ်မျိုးကို အမှီသဟဲပြုရသည်။
MIT နှင့် ဟားဗတ်သိပ္ပံပညာရှင်များ တီထွင်လိုက်သော CAR-NK ဆဲလ်တို့သည် လူနာ၏ ကိုယ်ခံအားစနစ်က တိုက်ခိုက်ခံရခြင်းမျိုး မရှိသလောက်ဖြစ်သည်။
ထိုအချက်မှာ လက်ရှိ ဆဲလ်အခြေပြု ကုထုံးများတွင် ရင်ဆိုင်နေရသော ပဓာနအတားအဆီးဖြစ်နေသည်။
ဆရာဝန်တို့အနေဖြင့် လူနာကို ရောဂါရှာဖွေစစ်ဆေးပြီးသည်နှင့် CAR-NK ဆဲလ်များဖြင့် ချက်ချင်းကုသမှု ပြုလုပ်နိုင်သည်။
သို့အတွက် ကာလတာရှည် ကြိုတင်ပြင်ဆင်နေရမှုများ မလိုအပ်တော့ချေ။
((ပိုမိုဘေးကင်း ၊ ပိုမိုအစွမ်းထက်))
CAR-NK ဆဲလ်တို့သည် ကိုယ်ခံအားစနစ်မှ T ဆဲလ်များနှင့် အခြားဆဲလ်တို့၏ ငြင်းဆန်မှုကို ရှောင်လွှားနိုင်ပြီး ကင်ဆာဆဲလ်များကို ပိုမိုထိရောက်စွာ သုတ်သင်နိုင်ကာ ပိုမိုဘေးကင်းကြောင်း MIT တက္ကသိုလ် ဇီဝဗေဒ ပါမောက္ခ Jianzhu Chen က ပြောသည်။
လူသားတို့ကဲ့သို့ ကိုယ်ခံအားစနစ်ရှိသော ကြွက်များတွင် စမ်းသပ်ကြည့်ရာ ကိုယ်ပျောက်ဆဲလ်တို့သည် ကိုယ်ခံအားစနစ်၏ ထောက်လှမ်းချေမှုန်းခံရမည့်အရေးမှ ပုန်းကွယ်ရှောင်ရှားကာ ကင်ဆာဆဲလ်အများစုကို အောင်မြင်စွာ သတ်ဖြတ်ချေမှုန်းပစ်နိုင်ကြောင်း တွေ့ရှိရသည်။
ကိုယ်ပျောက်ဆဲလ်ကို တီထွင်ခဲ့သော သိပ္ပံပညာရှင်အဖွဲ့တွင် ဟားဗတ်ဆေးတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ တွဲဖက်ပါမောက္ခ Rizwan Romee လည်း အပါအဝင်ဖြစ်သည်။
သိပ္ပံပညာရှင်အဖွဲ့ကို ဦးဆောင်ခဲ့သူမှာ Koch Institute မှ သုတေသနပညာရှင် Fuguo Liu ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: MIT and Harvard Build “Invisible” Immune Cells That Obliterate Cancer