ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ

ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ - Property News in Myanmar from iMyanmarHouse.com
6 Oct 2025 12:10 pm တွင် တင်ခဲ့သည်
188 ကြိမ် ကြည့်ရှု့ပြီး

၁၉၄၅ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်ထုတ် LIFE မဂ္ဂဇင်းတွင် ခေါင်းမရှိသော ထူးဆန်းသည့် ကြက်တစ်ကောင်အကြောင်း ဖော်ပြခဲ့ဖူးသည်။

အမေရိကန်ပြည်၊ ကိုလိုရာဒိုပြည်နယ် ဒင်ဗာမြို့၏ အနောက်ဘက် မိုင် ၂၀၀ ခန့်အကွာတွင် ဖရူတာအမည်ရှိ မြို့ကလေးရှိသည်။

ထိုမြို့လေးတွင် လွိုက် အော်လ်ဆင် အမည်ရှိ လယ်သမားကြီးတစ်ဦး ရှိသည်။

၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်တွင် လွိုက်၏ ဇနီးဖြစ်သူ အယ်လ် အေ အော်လ်ဆင်က ညစာ ကြက်သားဟင်းချက်ရန် စီစဉ်သည်။

အော်လ်ဆင်က မိုက်ခ်ဟု အမည်ပေးထားသော ကြက်ကို ပုဆိန်ဖြင့် ခေါင်းကို ဖြတ်လိုက်၏။

သို့သော် မိုက်ခ်မှ မသေဘဲ ထပြေးသွားသည်။

ကြက်ကလေးမိုက်ခ်မှာ ယင်းနောက်ပိုင်း အမေရိကန်ပြည်တွင် ခေါင်းမဲ့ကြက်ကလေး မိုက်ခ်ဟု ထင်ပေါ်ကျော်ကြား လူသိများလာသည်။

မိုက်ခ်ကို ၁၉၄၅ ခုနှစ် ဧပြီလတွင် မွေးဖွားပြီး ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ကွယ်လွန်သည်။

မိုက်ခ်သည် Wyandotte အမျိုးအစား ကြက်ဖဖြစ်ပြီး ခေါင်းဖြတ်ခံရပြီးနောက် ၁၈ လတိုင် အသက်ရှင်သန် နေထိုင်သွားသည်။

မိုက်ခ်မှာ jugular vein ဟုခေါ်သော လည်ပင်းသွေးပြန်ကြောနှင့် နားရွက်တစ်ဖက်ကျန်ခဲ့သောကြောင့် ဦးနှောက် stem မထိခိုက်ခဲ့သည့်အပြင် သွေးခဲခဲ့သောကြောင့်လည်း သွေးထွက်လွန် သေဆုံးရမည့်ဘေးမှ လွတ်ကင်းခဲ့ခြင်း ဖြစ်သည်။

ဖရူတာမြို့တွင် နှစ်စဉ် မေလသို့ရောက်တိုင်း “ခေါင်းမဲ့ ကြက်ကလေး မိုက်ခ်နေ့” ကို ကျင်းပလေ့ရှိသည်။

ကြက်ကလေး မိုက်ခ်သည် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းတွင်လည်း ခေါင်းမပါဘဲ အချိန်အကြာဆုံး အသက်ရှင်ခဲ့သည့်ကြက်အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သည်။

ထိုသို့ မိုက်ခ် မသေဆုံးခဲ့သောကြောင့် လွိုက် အော်လ်ဆင်က ကြက်ကို ဟင်းချက်မစားတော့ဘဲ မွေးမြူထားရန် ဆုံးဖြတ်ခဲ့သည်။

အစာကျွေးရာတွင် နွားနို့နှင့် ရေကိုရောစပ်ကာ မျက်စဉ်းချသည့်ပြွန်ဖြင့် တိုက်ရ၏။

ပြောင်းဖူးနှင့် ပိုးကောင်ငယ်လေးများကိုလည်း ကျွေးရသည်။

နောက်ပိုင်းတွင် မိုက်ခ်၏ ဖြစ်ရပ်မှာ လူသိများလာပြီးနောက် လွိုက်အော်လ်ဆင်သည် ထူးထူးဆန်းဆန်းများ နယ်လှည့်ပြသသည့် အလုပ်ပြောင်းလဲလုပ်ကိုင်ခဲ့ရာ ခေါင်း ၂ လုံးပါသည့် ကလေးငယ်ကဲ့သို့အရာမျိုး ပါဝင်ခဲ့သည်။

မိုက်ခ်ကို သတင်းစာ၊ မဂ္ဂဇင်းဌာနများစွာက လာရောက် ဓာတ်ပုံရိုက်ကာ သတင်းရေးသားကြ၏။

ထိုစဉ်က မိုက်ခ်ကို ရုံသွင်းပြသရာတွင် လူတစ်ဦးလျှင် ၂၅ ဆင့် (၂၀၂၄ ခုနှစ် ငွေတန်ဖိုးအရ ၄ ဒေါ်လာနှင့် ညီမျှ) ကောက်ခံခဲ့သည်။

လျှမ်းလျှမ်းတောက် ကျော်ကြားနေစဉ်ကာလအတွင်း လွိုက်ဒ်ဝီလ်ဆင်မှာ မိုက်ခ်ကို ရုံသွင်းပြသခြင်းဖြင့် တစ်လျှင် ဒေါ်လာ ၄၅၀၀ (၂၀၂၄ ခုနှစ် ငွေတန်ဖိုးအရ ဒေါ်လာ ၆၃၄၀၀ ခန့်) ဝန်းကျင် ရရှိခဲ့သည်။

မိုက်ခ်သည် ပြပွဲတစ်ခုအတွက် ခရီးထွက်နေစဉ် အရီဇိုးနားပြည်နယ် သဲကန္တာရအတွင်းရှိ မိုတယ်တစ်ခု၌ အသက်ရှူကျပ်ကာ သေဆုံးသွားခဲ့သည်။

 

(ခေါင်းမဲ့ ကြက်ကလေး မိုက်ခ်။ ဓာတ်ပုံ- Bob Landry—Time & Life Pictures/Shutterstock)

 

(ကခုန်နေသော မိုက်ခ်ကို ၁၉၄၅ ခုနှစ်အတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Bob Landry—Time & Life Pictures/Shutterstock)

 

(၁၉၄၅ ခုနှစ်အတွင်း မိုက်ခ်ကို မြက်ရိတ်စက်တစ်ခုပေါ်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Bob Landry—Time & Life Pictures/Shutterstock)

 

(ကိုလိုရာဒိုပြည်နယ်ရှိ မွေးမြူရေးခြံတွင် မိုက်ခ်ကို အခြားကြက်များနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Bob Landry—Time & Life Pictures/Shutterstock)

 

(ဓာတ်ပုံ-Bob Landry—Time & Life Pictures/Shutterstock)

 

(မျက်စဉ်းချသည့်ကိရိယာဖြင့် အစာပြွန်ထဲသို့ တိုက်ရိုက် အစာကျွေးနေပုံ။ ဓာတ်ပုံ-Bob Landry—Time & Life Pictures/Shutterstock)

 

(မိုက်ခ်ကို ရုံသွင်းပြသခြင်းများပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Bob Landry—Time & Life Pictures/Shutterstock)

 

(မြက်ခင်းပေါ်တွင် တွေ့ရပုံ။ ဓာတ်ပုံ- Bob Landry—Time & Life Pictures/Shutterstock)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: LIFE With Mike the Headless Chicken: Photos of a Famously Tough Fowl

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
စင်္ကာပူနှင့် လန်ဒန်တို့တွင် နံရံသေးပန်းလျှင် ပြန်ကန်ထွက်ကာ လူကိုပြန်ထိမည့် သုတ်ဆေး အသုံးပြုနေ...
စင်္ကာပူနှင့် လန်ဒန်တို့တွင် နံရံသေးပန်းလျှင် ပြန်ကန်ထွက်ကာ လူကိုပြန်ထိမည့် သုတ်ဆေး အသုံးပြုနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service