အမေရိကန်တွင် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ မိနစ်အချိန်တွင် မွေးဖွားသော အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိ ကလေးငယ်ကို 7-11 (7-Eleven) စတိုးက ပညာသင်စရိတ် ၇၁၁၁ ဒေါ်လာ ထောက်ပံ့

အမေရိကန်တွင် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ မိနစ်အချိန်တွင် မွေးဖွားသော အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိ ကလေးငယ်ကို 7-11 (7-Eleven) စတိုးက ပညာသင်စရိတ် ၇၁၁၁ ဒေါ်လာ ထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
1 Oct 2025 11:08 am တွင် တင်ခဲ့သည်
294 ကြိမ် ကြည့်ရှု့ပြီး

ရေချယ် လန်းဖို့ဒ်အမည်ရှိ အမျိုးသမီး၏ ဖုန်းမှာ ၇ လပိုင်း ၁၁ ရက်နေ့ (ဇူလိုင် ၁၁) နောက်ပိုင်းကတည်းက အမြဲမပြတ် တဂွမ်ဂွမ်မြည်နေသည်။

ရေချယ်သည် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ အချိန်တွင် သမီးမိန်းကလေးတစ်ဦး မွေးဖွားခဲ့ရာ ကိုယ်အလေးချိန် ၇ ပေါင် ၁၁ အောင်စ ရှိသည်။

ရေချယ်ထံသို့ ဆက်သွယ်လာသော ဖုန်းများအနက် 7-11 (7-Eleven) စတိုးဆိုင်မှ ဆက်သွယ်လာသောဖုန်းမှာ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဖြစ်သည်။

7-11 (7-Eleven) က ရေချယ်၏ သမီးလေး ယန်း ဘရောင်း (J’Aime Brown- ဘရောင်းကိုချစ်တယ်ဟု အဓိပ္ပာယ်ရ) ၏ ကောလိပ်ကျောင်းစရိတ်အတွက် ဒေါ်လာ ၇၁၁၁ ထောက်ပံ့မည်ဟု ကတိပြုလာခြင်း ဖြစ်သည်။

7-11 (7-Eleven) က ရေချယ်ထံ ဦးစွာဆက်သွယ်ပြောဆိုခဲ့သည်မှာ ဒိုက်ပါနှင့် အခြားပစ္စည်းများပါသော လက်ဆောင်ခြင်းတစ်ခုပေးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကျောင်းစရိတ်ထောက်ပံ့မည်ဟု ပြောလာခြင်းမှာ မျှော်လင့်မထားသည့် အံ့အားသင့်ဖွယ်ကူညီမှုဖြစ်ကြောင်း ရေချယ်က ပြောသည်။

“ကျွန်မ အရမ်းကို အံ့အားသင့်သွားတယ်။ မထင်မှတ်ထားတာဆိုတော့ အရမ်းစိတ်လှုပ်ရှားသွားမိတယ်” ဟု ရေချယ်က CNN သတင်းဌာနသို့ ပြောသည်။

ယန်း ဘရောင်း၏ ကျောင်းစရိတ်အတွက် မိမိတို့ကုမ္ပဏီက ကတိကဝတ်ပြုထားကြောင်း 7-11 (7-Eleven) ၏ ကိုယ်စားလှယ်တစ်ဦးက CNN သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ထို့အပြင် အဝတ်အစား၊ ဒိုက်ပါများနှင့် အခြားလက်ဆောင်များလည်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ရေချယ်တို့ မိသားစုသည် အမေရိကန်ပြည်၊ မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့တွင် နေထိုင်သူများဖြစ်သည်။

7-11 (7-Eleven) စတိုးအုပ်စု၏ နှစ်ပတ်လည်အခမ်းအနားနေ့ဖြစ်သော 7-Eleven Day ကို ဇူလိုင်လ ၇ ရက်တွင် ကျင်းပရာ ထိုနေ့တွင် ရေချယ်က သမီးလေး မွေးဖွားခဲ့ခြင်းဖြစ်သည်။ ယန်း ဘရောင်း၏ ဆန်းကြယ်သော တိုက်ဆိုင်မှုအပေါ် လူအများက စိတ်ဝင်စား အာရုံစိုက်လာနေကြသည်။

ရေချယ်တွင် ယန်းဘရောင်းအပြင် ၆ နှစ်အရွယ် သားငယ်တစ်ဦးလည်း ရှိသည်။

အိမ်စရိတ်နှင့် ကလေးစရိတ်မှာ မလွယ်လှကြောင်း ရေချယ်က ပြောသည်။

“ကလေး ကျောင်းစရိတ် အထောက်အပံ့ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒါက တော်တော် အထောက်အကူဖြစ်ပါတယ်” ဟု ရေချယ်က ပြောသည်။

“ဒီကလေး မွေးလာပြီးနောက်ပိုင်း ထူးဆန်းတာက ကျွန်မတို့ တည်ငြိမ်လာပြီး အလုပ်တွေလည်း ပိုလုပ်ဖြစ်တယ်။ စိတ်ချမ်းသာမှု ခံစားရပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: 7-Eleven pledges $7,111 to college fund of baby born on 7-11 at 7:11 pm, weighing 7 pounds and 11 ounces (cnn)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်အမျိုးသားက အိမ်တွင် ပါတီပွဲကျင်းပလိုသောကြောင့် ဇနီးဖြစ်သူ အိမ်ပြန်မလာနိုင်စေရန် ရည်ရွယ်ကာ ရေထိန်းတမံ ဖွင့်ချခဲ့ရာ မြေဧကပေါင်း ၁၄၀၀၀ ရေမြုပ်သွားခဲ့ရပုံ...
အမေရိကန်အမျိုးသားက အိမ်တွင် ပါတီပွဲကျင်းပလိုသောကြောင့် ဇနီးဖြစ်သူ အိမ်ပြန်မလာနိုင်စေရန် ရည်ရွယ်ကာ ရေထိန်းတမံ ဖွင့်ချခဲ့ရာ မြေဧကပေါင်း ၁၄၀၀၀ ရေမြုပ်သွားခဲ့ရပုံ...
အမေရိကန်သိပ္ပံပညာရှင်တို့က လူ့အရေပြားဆဲလ်များကို သန္ဓေသားမျိုးဥအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်မှု သိပ္ပံလောကတစ်ခုလုံး ဂယက်ရိုက်၊ လိင်တူချစ်သူများ သားသမီးရနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာ...
အမေရိကန်သိပ္ပံပညာရှင်တို့က လူ့အရေပြားဆဲလ်များကို သန္ဓေသားမျိုးဥအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်မှု သိပ္ပံလောကတစ်ခုလုံး ဂယက်ရိုက်၊ လိင်တူချစ်သူများ သားသမီးရနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာ...
မိမိအားပေးသော K-Pop idol ဆံပင်အရောင်ပြောင်းတိုင်း လစဉ် ဆံပင်ဆေးဆိုးသော တရုတ်ပြည်မှ မိန်းကလေး ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီး...
မိမိအားပေးသော K-Pop idol ဆံပင်အရောင်ပြောင်းတိုင်း လစဉ် ဆံပင်ဆေးဆိုးသော တရုတ်ပြည်မှ မိန်းကလေး ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီး...
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တွေ့ရှိ...
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တွေ့ရှိ...
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသားကြီး...
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသားကြီး...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service