ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
သင့်အနေဖြင့် ယောဂလေ့ကျင့်နေသည့် ဓာတ်ပုံများတွင် လူတစ်ဦးက နံရံကို ကပ်ကာ ခြေထောက်များ ထောင်ထားသည့် ဓာတ်ပုံကိုကြည့်ရင်း “လွယ်လွယ်လေးပါ” ဟု တွေးမိလိမ့်မည် ဖြစ်သည်။
မှန်ပါသည်။ အလွန်ရိုးစင်းလွယ်ကူလှပါသည်။
သို့သော် ရိုးစင်းလွယ်ကူလှသောကြောင့် အထင်သေးလျှင် မှားသွားပါလိမ့်မည်။
တစ်ရက်လျှင် ၁၅ မိနစ်ခန့် နံရံတွင် ခြေထောက်ထောင်ထားခြင်းမှာ အပန်းပြေမှု ခံစားရရုံမျှမက သင်မထင်ထားသည့် အလုံးစုံကျန်းမာရေး အကျိုးကျေးဇူးများ တကယ်ပင်ရှိနေသည်။
ယောဂတွင် ယခုလေ့ကျင့်ခန်းကို ဝိပါရိတ ကရဏီဟု ခေါ်သည်။
((လေ့ကျင့်ခန်းအတွက် လိုအပ်သည်များ))
● သန့်ရှင်းသော နံရံတစ်ခု
● ယောဂဖျာ (သို့မဟုတ်) စောင်တစ်ထည်
● တင်ပါးအောက်တွင် သက်သောင့်သက်သာရှိရေးအတွက် ထားရန် ခေါင်းအုံး (သို့မဟုတ်) ခေါက်ထားသော စောင်
အထက်ပါအရာများ စီစဉ်ပြီးလျှင် နံရံနှင့် မျက်နှာချင်းဆိုင်တွင် လှဲချကာ ခြေထောက် ၂ ချောင်းကို နံရံတွင် ထောင်ထားရင်း ကိုယ်စိတ်နှစ်ပါး ဖြေလျှော့လိုက်ကာ အသက်ဝဝရှူပါ။
((🟢 ရရှိလာမည့် အကျိုးကျေးဇူးများ))
● ၁။ သွေးလည်ပတ်မှု ပိုကောင်းလာခြင်း
ခြေထောက်ထောင်ထားလိုက်ချိန်တွင် မြေဆွဲအားကြောင့် ခြေထောက်မှ သွေးမှာ နှလုံးဆီသို့ ပိုမိုစီးဆင်းစေသည်။ တစ်နေ့တာ အလုပ်လုပ်ပြီး ခြေလက် မသယ်ချင်အောင် လေးလံနေသည်ဆိုပါက ယခုလေ့ကျင့်ခန်းမှာ သင့်အတွက် game-changer ဖြစ်လာနိုင်သည်။
● ၂။ ဖောသွပ်ခြင်း၊ ရောင်ရမ်းခြင်းများ လျှော့ချပေးနိုင်
တစ်နေကုန် ထိုင်နေရ၊ မတ်တပ်ရပ်နေရသူများတွင် ခန္ဓာကိုယ်အောက်ပိုင်း၌ သွေးများစုနေနိုင်သည်။ ခြေထောက်များ ထောင်ထားလိုက်ခြင်းအားဖြင့် ကိုယ်အောက်ပိုင်းတွင် စုနေသည်များကို ပြန်လည်မျှခြေညီစေနိုင်ပြီး ခြေခုံ ဖောနေခြင်းများ ပျောက်ကင်းသွားမည် ဖြစ်သည်။
● ၃။ သွေးကြောထုံးမှု (အထူးသဖြင့် ခြေသလုံး) သက်သာစေခြင်း
သွေးကြောထုံးခြင်းကို နေ့ချင်းညချင်း ပျောက်ကင်းစေရန် မဖြစ်နိုင်သော်လည်း ယခုလေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးပါက အချိန်ကြာလာသည်နှင့်အမျှ သွေးလည်ပတ်မှု ကောင်းမွန်လာကာ သွေးကြောများ၏ ကျန်းမာရေးကောင်းလာစေရန် အထောက်အကူပေးနိုင်သည်။
● ၄။ အထူးအပန်းပြေစေခြင်းနှင့် စိတ်ဖိစီးမှု ဖယ်ရှားပေးနိုင်ခြင်း
ယခု ကိုယ်နေဟန်ထားမှာ ခန္ဓာကိုယ်၏ parasympathetic အာရုံကြောစနစ်ကို လှုပ်ရှားလာစေသည်။ ထိုအာရုံကြောစနစ်သည် အပန်းပြေစေခြင်းနှင့် ပြန်လည်ကုစားမှုတို့ကို အထောက်အကူပေးသော စနစ်ဖြစ်သည်။
● ၅။ အိပ်ပျော်စေခြင်း
ညဘက်တွင် အိပ်ပျော်ရန် ခက်ခဲနေသည်ဆိုပါက မအိပ်မီတွင် ယခုလေ့ကျင့်ခန်း လုပ်ကြည့်ပါ။ လက်တွေ့လုပ်ဆောင်ကြည့်သူများစွာမှာ ယခုလေ့ကျင့်ခန်းလုပ်ပါက ပိုမိုလျင်မြန်စွာ အိပ်ပျော်ကာ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်ကြကြောင်း ဝန်ခံကြသည်။
● ၆။ ခါးနာ သက်သာစေခြင်း
ယခုကိုယ်နေဟန်ထားမှာ အပျော့စား ခါးနာ ဝေဒနာကို သက်သာစေသည်။
((မှန်မှန်ကန်ကန် လုပ်ဆောင်နည်း))
● ခေါင်းအုံး (သို့မဟုတ်) ခေါက်ထားသော မျက်နှာသုတ်ပုဝါတစ်ခုကို နံရံမှ လက်မအနည်းငယ်အကွာတွင် ထားရှိပါ။
● ထိုအပေါ်တွင် ထိုင်လိုက်ပြီးနောက် ကိုယ်ကိုလှဲချကာ ခြေထောက်များကို နံရံသို့ ထောင်လိုက်ပါ။
● လက်များကို ကိုယ်ဘေးတွင် ကပ်လျက်ချထားပြီး လက်ဝါးကို ပက်လက်လှန်ထားပါ။
● မျက်လုံးမှိတ်ထားလိုက်ပြီး အသက်ကို ဖြေးဖြေးချင်း ဝအောင် ရှူသွင်းပါ။ ထိုပုံစံအတိုင်း ၁၀ မိနစ်မှ ၁၅ မိနစ်အထိ နေပေးရမည်ဖြစ်သည်။
✅ ခြေထောက် ဖြောင့်တန်းစွာ မထားနိုင်ပါကလည်း စိတ်မပူပါနှင့်။ ကိုယ်နေဟန်ထား မှန်ကန်ရန်ထက် သက်သောင့်သက်သာရှိရန် ပိုမိုအရေးကြီးပါသည်။
(( လုပ်ဆောင်သင့်သူများ))
● ရုံးဝန်ထမ်းများ အပါအဝင် အထိုင်များသူများ
● ကျောင်းဆရာ၊ သူနာပြုများအပါအဝင် မတ်တပ်ရပ်နေရသူများ
● ကိုယ်ဝန်ဆောင်အမျိုးသမီးများ (ဆရာဝန်၏ လမ်းညွှန်ချက်လိုအပ်)
● စိတ်ဖိစီးမှု ပြေလျော့လိုသူတိုင်းနှင့် အားသစ်မွေးလိုသူတိုင်း
#တခါတရံတွင် အရိုးစင်းဆုံး လေ့ကျင့်ခန်းက အကြီးမားဆုံး အကျိုးကျေးဇူးများ ယူဆောင်ပေးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lift Your Legs Up the Wall for 15 Minutes Every Day And See What Happens