တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့

တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့ - Property News in Myanmar from iMyanmarHouse.com
30 Sep 2025 12:07 pm တွင် တင်ခဲ့သည်
342 ကြိမ် ကြည့်ရှု့ပြီး

ရိုမေးနီးယားနိုင်ငံ၊ ထရန်ဆယ်လ်ဗေးနီးယားဒေသတွင် ဘီးယာတန် (Biertan) ဟူသော ရွာလေးတစ်ခု တည်ရှိပြီး ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသော သာယာလှပသည့်နေရာလေး ဖြစ်သည်။

မြင်းလှည်းများကို နေ့စဉ်အသုံးပြုနေကြဆဲဖြစ်ပြီး ကျောက်စရစ်ခင်း ရွာကွက်လပ်တွင် ကုန်စည်များ စုဝေး ရောင်းချကြသည်။

ရွာလယ် တောင်ကုန်းတစ်ခုပေါ်တွင် ၁၅ ရာစု ဘုရားကျောင်းတစ်ခုရှိနေပြီး တစ်ရွာလုံးကို စီးမိုးတွေ့မြင်ရသည်။

ဘုရားကျောင်းဝန်းအတွင်း စတိုခန်းအရွယ်မျှသာ ကျယ်ဝန်းသော အခန်းတစ်ခန်းပါ အဆောက်အအုံငယ်တစ်လုံး ရှိနေသည်။

ပြီးခဲ့သော နှစ်ပေါင်း ၃၀၀ ကာလအတွင်း အိမ်ထောင်ရေးအဆင်မပြေသော ဇနီးမောင်နှံများကို ဘုန်းတော်ကြီးက ယခုအိမ်တွင် ရက်သတ္တ ၆ ပတ်ကြာ သော့ခတ်ကာ ပိတ်ထားကာ မိမိတို့၏ ပြဿနာများကို အဖြေရှာစေခဲ့သည်။

(၁၅ ရာစုနှစ် ဘုရားကျောင်းဝန်းအတွင်း နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ အိမ်ထောင်ရေးအကျဉ်းခန်းတစ်ခုရှိနေပြီး ကွာရှင်းမှုများ မဖြစ်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။ ဓာတ်ပုံ-Stephen McGrath)

ရုတ်တရက်ကြည့်လျှင် မနှစ်မြို့စရာလုပ်ဆောင်မှုဟု ထင်ရသော်လည်း မှတ်တမ်းမှတ်ရာများအရ အိမ်ထောင်ရေး အကျဉ်းခန်းမှာ အလွန်ထိရောက်မှုရှိကြောင်း သိရသည်။

ယခုအကျဉ်းခန်းကြောင့် နှစ်ပေါင်း ၃၀၀ ကာလအတွင်း ကွာရှင်းပြတ်စဲမှု တစ်ကြိမ်သာ ရှိခဲ့ဖူးကြောင်း လက်ရှိဘုန်းတော်ကြီး Ulf Ziegler က ပြောသည်။

ကျဉ်းမြောင်းမှောင်မိုက်သော အကျဉ်းခန်းမှာ ယနေ့အခါတွင် ပြတိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲထားသည်။

အခန်း၏ မျက်နှာကြက်မှာ အလွန်နိမ့်ပြီး နံရံများမှာ ထူထဲလှသည်။

အခန်းအတွင်း စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ ပစ္စည်းထားသိုရန်နေရာတစ်ခုနှင့် ကျဉ်းမြောင်းလှသော ရှေးခေတ်ကုတင်တစ်လုံးတို့သာ ရှိသည်။

ထိုအခန်းထဲတွင် ပစ္စည်းများကို တစ်ခုသာ ထားရှိခွင့်ပေးပြီ ခေါင်းအုံး၊ စောင်တို့မှသည် အားလုံးကို အတူဝေမျှသုံးစွဲရမည်ဖြစ်သည်။

(အကျဉ်းခန်းအတွင်း စားပွဲတစ်လုံးနှင့် ကုတင်တစ်လုံးသာရှိသည်။ ဓာတ်ပုံ-Stephen McGrath)

ထရန်ဆယ်လ်ဗေးနီးယား ဆက်ဇွန်တို့ခေတ်က ကွာရှင်းပြတ်စဲခြင်းကို ခွင့်ပြုထားသော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုမျိုးကဲ့သို့ အကြောင်းရပ်မျိုးရှိမှသာ ကွာရှင်းခွင့်ပေးပြီး အများအားဖြင့် မခွဲမခွါ ပေါင်းသင်းကြရန်သာ အားပေးသည်။

ထိုခေတ်က ကွာရှင်းလိုသော ဇနီးမောင်နှံတို့သည် ဘုန်းတော်ကြီးထံ သွားရောက်ကာ လျှောက်ထားတင်ပြရသည်။

ထိုအခါတွင် ဘုန်းတော်ကြီးက ထိုစုံတွဲကို အိမ်ထောင်ရေးအကျဉ်းခန်းထဲသို့ ပို့လိုက်ပြီး ရက်သတ္တ ၆ ပတ် သော့ခတ်ပိတ်ထားလိုက်သည်။

အပြီးသတ် မကွာရှင်းမီတွင် စိတ်သဘောထား မတိုက်ဆိုင်သည်များကို ညှိနှိုင်းနိုင်ရန် ဖြစ်သည်။

(ကွာရှင်းလိုသော ဇနီးမောင်နှံတို့သည် ဘုန်းတော်ကြီးထံ သွားရောက်ကာ လျှောက်ထားတင်ပြရသည်။ ထိုအခါတွင် ဘုန်းတော်ကြီးက ထိုစုံတွဲကို အိမ်ထောင်ရေးအကျဉ်းခန်းထဲသို့ ပို့လိုက်ပြီး ရက်သတ္တ ၆ ပတ် သော့ခတ်ပိတ်ထားလိုက်သည်။ ဓာတ်ပုံ-Stephen McGrath)

(အကျဉ်းခန်း၏ မြင်ကွင်း။ ဓာတ်ပုံ-Stephen McGrath)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Tale of a sleepy town with a 300-year-old marital prison (bbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်အမျိုးသားက အိမ်တွင် ပါတီပွဲကျင်းပလိုသောကြောင့် ဇနီးဖြစ်သူ အိမ်ပြန်မလာနိုင်စေရန် ရည်ရွယ်ကာ ရေထိန်းတမံ ဖွင့်ချခဲ့ရာ မြေဧကပေါင်း ၁၄၀၀၀ ရေမြုပ်သွားခဲ့ရပုံ...
အမေရိကန်အမျိုးသားက အိမ်တွင် ပါတီပွဲကျင်းပလိုသောကြောင့် ဇနီးဖြစ်သူ အိမ်ပြန်မလာနိုင်စေရန် ရည်ရွယ်ကာ ရေထိန်းတမံ ဖွင့်ချခဲ့ရာ မြေဧကပေါင်း ၁၄၀၀၀ ရေမြုပ်သွားခဲ့ရပုံ...
အမေရိကန်သိပ္ပံပညာရှင်တို့က လူ့အရေပြားဆဲလ်များကို သန္ဓေသားမျိုးဥအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်မှု သိပ္ပံလောကတစ်ခုလုံး ဂယက်ရိုက်၊ လိင်တူချစ်သူများ သားသမီးရနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာ...
အမေရိကန်သိပ္ပံပညာရှင်တို့က လူ့အရေပြားဆဲလ်များကို သန္ဓေသားမျိုးဥအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်မှု သိပ္ပံလောကတစ်ခုလုံး ဂယက်ရိုက်၊ လိင်တူချစ်သူများ သားသမီးရနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာ...
မိမိအားပေးသော K-Pop idol ဆံပင်အရောင်ပြောင်းတိုင်း လစဉ် ဆံပင်ဆေးဆိုးသော တရုတ်ပြည်မှ မိန်းကလေး ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီး...
မိမိအားပေးသော K-Pop idol ဆံပင်အရောင်ပြောင်းတိုင်း လစဉ် ဆံပင်ဆေးဆိုးသော တရုတ်ပြည်မှ မိန်းကလေး ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီး...
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တွေ့ရှိ...
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တွေ့ရှိ...
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသားကြီး...
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသားကြီး...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service