ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်

ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင် - Property News in Myanmar from iMyanmarHouse.com
22 Sep 2025 11:34 am တွင် တင်ခဲ့သည်
307 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်သိပ္ပံပညာရှင်တို့သည် အိပ်မက်များကို မှတ်တမ်းတင်ထားကာ ပြန်လည်ကြည့်ရှုနိုင်မည် ပစ္စည်းတစ်မျိုးကို တီထွင်လိုက်ကြသည်။

၎င်းတို့၏ မယုံနိုင်ဖွယ် နည်းပညာတွင် ဦးနှောက်ပုံဖော်ယူခြင်းနှင့် AI နည်းပညာတို့အား အသုံးပြုထားသည်။

((အိပ်မက်ဖမ်းစက် ဘယ်လိုအလုပ်လုပ်လဲ))

ဂျပန်သိပ္ပံပညာရှင်တို့က သံလိုက်စက်ကွင်း ပဲ့တင် ပုံဖော်စနစ် (fMRI) နည်းပညာဖြင့် အိပ်မက်ဖမ်းစက်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။

ကျိုတိုမြို့၊ ATR Computational အာရုံကြောသိပ္ပံဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်တို့က ဦးနှောက်ထဲမှ အာရုံကြော လှုပ်ရှားမှုများကို fMRI နည်းပညာဖြင့် အသေးစိပ် မှတ်တမ်းတင်သည်။

ထိုအာရုံကြော လှုပ်ရှားမှုများသည် အိပ်မက်ထဲမှ ဖြစ်ရပ်များနှင့် ဆက်နွှယ်နေသည်။ Volunteer အဖြစ် ပါဝင်စမ်းသပ်ခံသူတို့၏ အိပ်ပျော်မှု အစောပိုင်းကာလများတွင် လေ့လာခဲ့ကြခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်တို့သည် ဦးနှောက် အာရုံကြောလှုပ်ရှားမှုများကို ဂရုတစိုက် လေ့လာသုံးသပ်ကာ အိပ်မက်မက်သည့် အကြောင်းအရာကို ၆၀ ရာခိုင်နှုန်းအထိ တိကျစွာ ပြောနိုင်လာသည်။

လူ၊ အရာဝတ္ထု အစရှိသည့်အရာများနှင့် ပတ်သက်လျှင် ၇၀ ရာခိုင်နှုန်းကျော်အထိ မှန်ကန်စွာ ပြောနိုင်သည်ဟု ဆိုသည်။

((အိပ်မက် database တည်ဆောက်ခြင်း))

လုပ်ဆောင်ရပုံနှင့် နည်းပညာမှာ ကျယ်ပြန့်သည်။

ပါဝင်စမ်းသပ်ခံသူများကို အိပ်စက်စေပြီး စောင့်ကြည့်နေကာ မျက်လုံးလှုပ်ရှားမှုများရှိလာသည့် REM (Rapid Eye Movement) sleep phase အခါမျိုးတွင် အိပ်ရာမှ ချက်ချင်းနှိုးရသည်။

ထိုအချိန်မျိုးမှာ အိပ်မက်ကို အထင်အရှား မြင်မက်နေချိန်လည်း ဖြစ်သည်။

အိပ်ရာမှ နှိုးလိုက်ပြီးနောက် ၎င်းတို့မြင်မက်ခဲ့သည့် အိပ်မက်အကြောင်း၊ အိပ်မက်ထဲတွင် ပါဝင်သည့် လူ၊ အရာဝတ္ထု၊ ရှုခင်းမြင်ကွင်းများအကြောင်း မေးမြန်းကာ အချက်အလက်များ စုဆောင်းရ၏။

ကျယ်ပြန့်ကြီးမားသော database တည်ဆောက်နိုင်ရန်အတွက် ထိုနည်းလမ်းအတိုင်း အကြိမ် ရာထောင်ချီ ပြုလုပ်ရသည်။

ထိုသို့ အချက်အလက်များ စုဆောင်းရင်း အရာဝတ္ထု ထောင်နှင့်ချီကာ စုဆောင်းမိလာသည်။ ထိုအရာဝတ္ထုများနှင့် ယှဉ်တွဲဖြစ်ပေါ်သော ဦးနှောက်အာရုံကြောလှုပ်ရှားမှု ပုံစံများကိုလည်း မှတ်တမ်းတင်ထားသည်။

 

ထိုသို့ Database တည်ဆောက်ပြီးချိန် နောက်တဆင့်တွင်ကား AI နည်းပညာ၏ အခန်းကဏ္ဍ ပါဝင်လာသည်။

Database မှ အချက်အလက်များကို အခြေခံက သိပ္ပံပညာရှင်အဖွဲ့က AI model တစ်ခုကို လေ့ကျင့်ပေးပြီး အိပ်မက်များကို ခန့်မှန်းဖော်ထုတ်စေသည်။

ယခုသုတေသနကို ဦးဆောင်ခဲ့သည့် သိပ္ပံပညာရှင်ဖြစ်သော ပါမောက္ခ ယူကီယဆု ကမိတနိက ပြောသည်မှာ

အိပ်စက်နေချိန်အတွင်း ဦးနှောက်၏ လှုပ်ရှားမှုကို ကြည့်ရှုကာ အိပ်မက်များအား ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း ပြောသည်။

၎င်းတို့ လေ့ကျင့်ပေးထားသော AI နည်းပညာသည် အိပ်မက်၏ အကြောင်းအရာကို ၆၀ ရာခိုင်နှုန်းအထိ မှန်ကန်အောင် ပြောပြနိုင်သည်ဟု ဆိုသည်။

လူများ၊ အရာဝတ္ထုများ အစရှိသည်တို့သို့ ဘောင်ကျဉ်းလိုက်လျှင်မူ AI ၏ ခန့်မှန်းမှုမှာ ၇၀ ရာခိုင်နှုန်းကျော်အထိ မှန်ကန်လာသည်။

နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဦးနှောက်၊ အိပ်မက်များနှင့် လူသားတို့၏ အသိစိတ်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ အကဲခတ်ခွင့် ရလာတော့မည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Scientists create a unique device to record human dreams

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service