အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
15 Aug 2025 12:40 pm တွင် တင်ခဲ့သည်
517 ကြိမ် ကြည့်ရှု့ပြီး

အော်စကာဆုရှင် အင်ဂျလီနာဂျိုလီတစ်ယောက်တော့ လော့စ်အိန်ဂျလိစံအိမ်ကြီးနဲ့ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။

အသက် ၅၀ ရှိပြီဖြစ်တဲ့ ဂျိုလီဟာ သူ့စံအိမ်ကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး ပြည်ပကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတယ်လို့ PEOPLE မဂ္ဂဇင်းကြီးကို သတင်းရင်းမြစ်တစ်ခုက ပြောတယ်လို့ ဆိုပါတယ်။

ဂျိုလီဟာ အစကတည်းက အယ်လ်အေမှာ အကြာကြီးနေချင်ခဲ့တာ မဟုတ်ဘူး။

ဒါပေမယ့် သူ့မှာကလည်း ရွေးချယ်စရာမရှိရှာဘူး။

ကလေးတွေကို ခင်ပွန်းဟောင်း ဘရက်ပစ်နဲ့ ပူးတွဲအုပ်ထိန်းရမယ့် ကိစ္စက ရှိခဲ့တာကိုး။

ဘရက်ပစ်ကလည်း အခုဆို အသက် ၆၁ နှစ်တောင်ရှိနေပါပြီ။

ဘရက်ပစ်နဲ့ ဂျိုလီတို့ အမှုဖြစ်နေတာ ၈ နှစ်လောက်ရှိခဲ့ပါပြီ။ အမှုဖြစ်ရတဲ့ကိစ္စကိုတော့ iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးမှာ တင်ပြခဲ့ဖူးပြီး လူအများလည်း စိတ်ဝင်စားခဲ့ကြပါတယ်။

(ဆက်စပ်သတင်း))

ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ဧက ၁၀၀၀ ခြံ အသိမပေးဘဲရောင်းချမှုဖြင့် တရားစွဲ

https://www.iMyanmarHouse.com/news/read/1019455

ဂျိုလီနဲ့ ဘရက်ပစ်တို့ ပူးတွဲအုပ်ထိန်းဖို့ တာဝန်ရှိတဲ့ သားသမီး ၆ ယောက်ရှိပါတယ်။ အဲဒီသားသမီးတွေကတော့ မက်ဒေါ့ (၂၄ နှစ်အရွယ်)၊ ပက်ဇ် (၂၁ နှစ်)၊ ဇဟာရာ (၂၀ နှစ်)၊ ရှီးလို (၁၉ နှစ်) ၊ နော့ဇ်နဲ့ ဗီဗီယန်အမြွှာ (၁၇ နှစ်) တို့ပါပဲ။

သတင်းရင်းမြစ်တစ်ခုက ပြောပြတာကတော့ နော့ဇ်နဲ့ ဗီဗီယန်အမြွှာ ၂ ယောက် လာမယ့်နှစ် အသက် ၁၈ နှစ် ရောက်တဲ့အချိန်ရောက်ရင် ဂျိုလီက အမေရိကကို ကျောခိုင်းတော့မယ်လို့ ဆိုတယ်။ လော့စ်အိန်ဂျလိကို ကျောခိုင်းနိုင်မယ်ဆိုရင် ဂျိုလီအရမ်းပျော်မှာလို့လည်း ပြောတယ်။

(အင်ဂျလီနာ ဂျိုလီနှင့် သူ၏ ကလေး ၆ ယောက်ကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Monica Schipper/Getty)

စံအိမ်ကြီးမှာ ပြုပြင်မွမ်းမံမှု နည်းနည်းလောက် လုပ်ခဲ့ပြီးတဲ့နောက် ဂျိုလီက ရောင်းထုတ်ဖို့ စီစဉ်လာတာလို့ အတွင်းလူတစ်ယောက်က ပြောပြတယ်။ ၁၉၁၃ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဒီစံအိမ်ကြီးကို ဂျိုလီက ၂၀၁၇ ခုနှစ်ထဲမှာ ဝယ်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၂၄ ဒသမ ၅ သန်း ပေးခဲ့ရတယ်လို့ သတင်းရင်းမြစ်တစ်ခုက PEOPLE မဂ္ဂဇင်းကြီးကို ပြောပြဖူးပါတယ်။

စံအိမ်ကြီးကို အတော်ကို ကြီးမားပြီး အိပ်ခန်း ၆ ခန်းနဲ့ ရေချိုးခန်း ၁၀ ခန်းတောင် ပါပါတယ်။ အကျယ်အဝန်းကတော့ စတုရန်းပေ ၁၁၀၀၀ ရှိတယ်လို့ သိရတယ်။

ဒီအိမ်ကြီးက ဟောလိဝုဒ်သမိုင်းကြောင်းတွေရှိနေတယ်။ ရုပ်ရှင်ဒါရိုက်တာကြီး Cecil B. DeMille က ၁၉၁၆ ခုနှစ်မှာ ဒေါ်လာ ၂၈၀၀၀ နဲ့ ဝယ်ယူပိုင်ဆိုင်ခဲ့ပါတယ်။ ဘေးက အိမ်တစ်လုံးမှာဆိုရင်လည်း ချာလီ ချက်ပလင် နေခဲ့ဖူးတယ်။ နောက်ပိုင်း ချာလီ ချက်ပလင် အိမ်ပြောင်းသွားတဲ့အချိန်မှာ DeMille က ဝယ်လိုက်ပြီး အိမ် ၂ လုံးကို တစ်အိမ်တည်း ပေါင်းပစ်လိုက်ပါတယ်။

ဂျိုလီဟာ ဘရက်ပစ်နဲ့ အိမ်ထောင်သက် ၂ နှစ်လောက်အကြာ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ကွာရှင်းပြတ်စဲဖို့ လျှောက်ထားခဲ့တယ်။ အဲဒီအချိန်ကတည်းက ဂျိုလီဟာ အယ်လ်အေကို ကျောခိုင်းချင်နေပေမယ့် ကွာရှင်းဖို့ကိစ္စတွေ ရှိနေတာကြောင့် မပြောင်းနိုင်ခဲ့ဘူး။

(အင်ဂျလီနာ ဂျိုလီနှင့် ဘရက်ပစ်တို့ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း အတူတကွ တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Jason LaVeris/FilmMagic)

အခုချိန်မှာတော့ အမြွှာကလေး ၂ ယောက် ၁၈ နှစ်ပြည့်တာနဲ့ နိုင်ငံခြားမှာပဲ အမြဲနေတော့မယ်လို့ ဂျိုလီက ပြောလာပါပြီ။

အယ်လ်အေမှာ မရှိတဲ့ ဘဝပုံစံမျိုးကို ရနိုင်မယ့်နေရာမျိုးကို ဂျိုလီက ရှာဖွေနေတာပါ။

“မိသားစုကြီးတစ်ခုရှိလာပြီဆိုရင် သူတို့အတွက် ဘေးကင်းလုံခြုံ အေးချမ်းပြီး privacy ရှိတဲ့နေရာမျိုး လိုချင်လာကြတာပါပဲ” လို့ ဂျိုလီပြောဖူးပါတယ်။

(ဂျိုလီနှင့် သားဖြစ်သူ မက်ဒေါ့ဇ်။ မက်ဒေါ့ဇ်မှာ ကမ္ဘောဒီးယားကလေးငယ်ဖြစ်ပြီး အင်ဂျလီနာ ဂျိုလီက ၂၀၀၂ ခုနှစ်တွင် မွေးစားခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-STEFANI REYNOLDS/AFP/Getty)

ဂျိုလီဟာ အကြီးဆုံးသား မက်ဒေါ့ဇ်ကို ၂၀၀၂ ခုနှစ်မှာ မွေးစားခဲ့ပြီးတဲ့နောက် တကယ်လို့ အယ်လ်အေမှာ မနေဖြစ်တော့ရင် ကမ္ဘောဒီးယားမှာ နေမယ်လို့ ပြောခဲ့ဖူးတယ်။

ကမ္ဘောဒီးယားဟာ နှလုံးသားထဲမှာရှိနေပြီး ကိုယ့်အိမ်ကိုယ်ယာလို သဘောထားတယ်လို့ ဂျိုလီပြောဖူးပါတယ်။

ဂျိုလီဟာ သူ့ရဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင် Tomb Raider ကို ကမ္ဘောဒီးယားမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီရုပ်ရှင် ရုံတင်ပြီးတဲ့နောက် ၁ နှစ်အကြာမှာ ကမ္ဘောဒီးယားကလေးငယ် မက်ဒေါ့ဇ်ကို မွေးစားခဲ့တာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Angelina Jolie Is Prepping Her Historic Home for Sale amid Plans to Leave L.A. and Move Abroad (Exclusive Source)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service