သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး - Property News in Myanmar from iMyanmarHouse.com
24 Jul 2025 12:18 pm တွင် တင်ခဲ့သည်
307 ကြိမ် ကြည့်ရှု့ပြီး

DoorDash သည် Food delivery ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတန်းဖို့ဒ်တက္ကသိုလ် ကျောင်းဆင်းများက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

DoorDash သည် အလွန်လျင်မြန်စွာ အောင်မြင်မှုရလာခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်း food delivery ဝန်ဆောင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်လာကာ ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကျော်အထိ ရရှိထားသည်။

((DoorDash မွေးဖွားခြင်း))

Tony Xu သည် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကျောင်းပြီးချိန် ၂၀၁၃ ခုနှစ်တွင် နည်းပညာကုမ္ပဏီတစ်ခု၌ product manger အဖြစ် လုပ်ကိုင်နေချိန် ဖြစ်သည်။

ထိုအချိန်တွင် ၎င်းက အွန်လိုင်းမှ အစားအသောက်မှာရန် ရှာဖွေရာ၌ စိတ်ပျက်ဖွယ် အခြေအနေနှင့် ရင်ဆိုင်ရရာ ထိုအခြေအနေမှာ အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု Tony Xu က သုံးသပ်သည်။

ကယ်လီဖိုးနီးယားပြည်နယ် Palo Alto တွင် ဒေသတွင်း စားသောက်ဆိုင်များစွာ၌ အစားအသောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မရှိချေ။ ထိုစားသောက်ဆိုင်များမှ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု လိုချင်သူ များစွာရှိနေသော်လည်း ထိုသို့သော ဝန်ဆောင်မှု မရှိသည်ကို Tony Xu တွေ့ရှိခဲ့သည်။

ထို့နောက် သူငယ်ချင်းများဖြစ်သော Stanley Tang, Evan Moore, Andy Fang တို့နှင့် ပူးပေါင်းကာ အစားအသောက်မှာယူသည့် DoorDash ကို ဖန်တီးခဲ့ကြသည်။

((အစောပိုင်း စမ်းသပ်မှု))

ကနဦးတွင် PaloAltoDelivery.com အမည်ရှိ basic အဆင့် ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးခဲ့ကြသည်။

((နောင်အခါတွင် DoorDash ဟု အမည်ပြောင်းခဲ့))

ထို့နောက် အိမ်အရောက်ပို့ ဝန်ဆောင်မှုမရှိသော စားသောက်ဆိုင်များမှ အစားအသောက်မှာယူလိုသူတို့က ၎င်းတို့က ကိုယ်တိုင်မှာကြားပေးကာ အိမ်အရောက် ပို့ဆောင်ပေးခဲ့ကြသည်။

၎င်းတို့၏ ရိုးစင်းသော အကြံမှာ အနီးဝန်းကျင်ရှိ ဆိုင်များမှ အစားအသောက် မှာယူလိုသူတို့အား ထိုဆိုင်များနှင့် အွန်လိုင်းမှတဆင့် ဆက်သွယ်ပေးနိုင်ရန်ဖြစ်ပြီး အသုံးပြုရလွယ်ကူသော ပုံစံမျိုး ဖန်တီးပေးခဲ့သည်။

((ကုမ္ပဏီ တိုးတက်ကြီးပွားလာခြင်း။ ၂၀၁၄- ၂၀၁၈))

Palo Alto ၏ ပြင်ပအထိ ဈေးကွက်ချဲ့ထွင်ခြင်း ၎င်းတို့၏ အကြံ အလုပ်ဖြစ်ကြောင်း တွေ့ရသောအခါ DoorDash ၏ ဝန်ဆောင်မှုကို အခြားမြို့ကြီးများသို့ ဆက်လက်ချဲ့ထွင်ခဲ့သည်။ စားသောက်ဆိုင်များစွာနှင့် မိတ်ဘက်လက်တွဲခြင်း၊ အစားအသောက်ပို့ဆောင်ပေးမည့်သူများ ခန့်ထားခြင်းတို့ ပြုလုပ်ခဲ့သည်။

((နည်းပညာနှင့် ပို့ဆောင်ရေး))

အစားအသောက်ပို့ဆောင်ရာတွင် စောင့်ဆိုင်းရချိန် လျှော့ချနိုင်ရန်အတွက် delivery ပို့ဆောင်မည့် လမ်းကြောင်းများကို အသေးစိတ်တွက်ချက်နိုင်မည့် algorithm တစ်ခု တည်ထောင်ခဲ့၏။

((ရှယ်ယာထည့်ဝင်သူ အလုံးအရင်းရှိလာခြင်း))

DoorDash တွင် Sequoia Capital နှင့် SoftBank တို့ကဲ့သို့ ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီးများက ဒေါ်လာသန်းပေါင်းများစွာ ရှယ်ယာထည့်ဝင်မှုများရှိလာရာ ကုမ္ပဏီ၏ ကြီးပွားတိုးတက်မှု အလွန် မြန်ဆန်ခဲ့သည်။

((ဈေးကွက်ကြီးစိုးမှု ။ ၂၀၁၉ မှ ယခုချိန်အထိ))

((ကုမ္ပဏီဝယ်ယူမှုများ))

ဈေးကွက်ဝေစုကို တိုးချဲ့နိုင်ရန်အတွက် ပြိုင်ဘက်ကုမ္ပဏီ Caviar ကို ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

((အများပိုင်ပြုလုပ်ခြင်း))

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့သည်။ ထိုကာလက ကိုဗစ်ကပ်ဘေးကာလဖြစ်သောကြောင့် အစားအသောက်များကို အိမ်တိုင်ရာရောက် မှာယူမှုများ အလွန်အမင်း ခေတ်စားနေချိန်လည်း ဖြစ်သည်။

((အစားအသောက်၏ ဟိုမှာဘက်))

DoorDash သည် အစားအသောက်ပြင်၊ ကုန်မျိုးစုံ၊ အရက်နှင့် အခြားလူသှုံးကုန်မျိုးစုံကိုလည်း အိမ်အရောက်ပို့ ဝန်ဆောင်မှုများ ပြုလုပ်ပေးလာသည်။

လက်တွေ့ဘဝတွင် ရင်ဆိုင်နေရသည့်ပြဿနာတစ်ခုကို နည်းပညာ အကူအညီရယူကာ ဖြေရှင်းပေးခဲ့သော DoorDash မှာ ဝက်ဝက်ကွဲ အောင်မြင်မှုကြီးရလာခဲ့ပြီး ယနေ့ဈေးကွက်တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး (၉၉ ဒသမ ၅၉ ဘီလီယံ) ရှိနေပြီ ဖြစ်သည်။

DoorDash ရှယ်ယာတစ်စု၏ ဇူလိုင် ၁၈ ရက်နေ့ ပေါက်ဈေးမှာ ၂၃၅ ဒသမ ၀၂ ဒေါ်လာ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: What Led to the Success of DoorDash? (medium)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service