တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ - Property News in Myanmar from iMyanmarHouse.com
16 Jul 2025 11:46 am တွင် တင်ခဲ့သည်
314 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် အချစ်ကြောင့် အသည်းကွဲနေသည့် လူငယ်တစ်ဦးသည် ချစ်သူမိန်းကလေးဟောင်းကို မေ့ပျောက်နိုင်ရန်အတွက် တောကြီးမျက်မည်းထဲသို့ အစာရေစာမပါ၊ ဖုန်းယူမသွားဘဲ ထွက်ခွာသွားမှုမှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့ကြား ဟိုးလေးတကြော် ဖြစ်နေသည်။

တရုတ်ပြည် အရှေ့တောင်ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့၊ ယုဟန်ခရိုင်ရှိ ရဲတပ်ဖွဲ့သို့ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးက ဖုန်းဆက် တိုင်တန်းလာသည်မှာ မိမိ၏ ညီငယ် ရှောင်လင်း (Xiaolin) ကို အဆက်အသွယ်မရသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း သတင်းပေးတိုင်တန်းသည်။

ရှောင်လင်းသည် ဟန်ကျိုးမြို့သို့ တစ်ဦးတည်းသွားရောက်နေထိုင် အလုပ်လုပ်နေခြင်း ဖြစ်သည်။

ရှောင်လင်းထံမှ နောက်ဆုံးအဆက်အသွယ်ရခဲ့သည်မှာ ဇွန်လ ၁၉ ရက်ကဖြစ်ကြောင်း ၎င်းက ရဲတပ်ဖွဲ့သို့ ပြောသည်။

ထို့ကြောင့် ရဲအရာရှိများမှာ ရှောင်လင်းနေထိုင်သည့် တိုက်ခန်းသို့ သွားရောက်ရှာဖွေခဲ့ကြသည်။

တိုက်ခန်းတွင် လူတစ်ဦးမှာ မတွေ့ရ။ ရှောင်လင်းက သူ၏ဖုန်းကို တိုက်ခန်းထဲတွင် ထားခဲ့သည်ကိုလည်း တွေ့ရသည်။

စီစီတီဗွီ မှတ်တမ်းများအရ ရှောင်လင်းသည် ၎င်းငှားရမ်းနေထိုင်သော တိုက်ခန်းမှ ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် ခြေလျင်ထွက်ခွာသွားသည်ကို သိရသည်။

၎င်းနောက်ဆုံးရှိနေခဲ့သည့်နေရာမှာ နောက်တနေ့မနက် ၁ နာရီခန့်တွင် စီချွမ်ပြည်နယ်၊ တလျန်တောင်တန်း ဒေသဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

(▲ ရဲတပ်ဖွဲ့သည် စောင့်ကြည့်ရေးကင်မရာ မှတ်တမ်းများဖြင့် ၆ ရက်အကြာတွင် ရှောင်လင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဓာတ်ပုံ-Handout)

ယုဟန်ရဲတပ်ဖွဲ့သည် ရှောင်လင်းနောက်ဆုံးရှိနေခဲ့သောဒေသတွင် ရဲတပ်ဖွဲ့ဝင်နှင့် ဒေသခံပေါင်း ၁၀၀ ကျော်ဖြင့် ရှာဖွေခဲ့ကြသည်။

ရဲတပ်ဖွဲ့က လေ့ကျင့်ပေးထားသော ခွေးများ၊ ဒရုန်းများ၊ အသံလှိုင်းထုတ်လွှတ်ရှာဖွေသည့် sonar များဖြင့် ရှာဖွေခဲ့သည့်တိုင် ရှာမတွေ့ခဲ့။

ဇွန်လ ၂၆ ရက်တွင်ကား ဟန်ကျိုးမြို့၊ လီနန်ခရိုင်ရှိ ပန်းခြံတစ်ခုထဲတွင် တပ်ဆင်ထားသော စောင့်ကြည့်ကင်မရာမှတ်တမ်းများမှတဆင့် ရှောင်လင်းကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် ဒေသတွင်း အာဏာပိုင်တို့က လိုက်လံရှာဖွေရာ ရှောင်လင်းကို တွေ့ရှိသွားသည်။

ယုဟန်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျူးလိလျန်းက HTV-1 သတင်းဌာနသို့ပြောသည်မှာ ရှောင်လင်းကို ပေတိပေစုတ် အနေအထားဖြင့် တွေ့ရသည်ဟု ဆိုသည်။

ဒုရဲမှူး ကျူးလိလျန်း၏ ပြောကြားချက်အရ ရှောင်လင်းသည် ချစ်သူနှင့် လမ်းခွဲလိုက်ရပြီးနောက် မေ့ပျောက်နိုင်ရန် တောင်တန်းများဆီသို့ ထွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ရှောင်လင်းသည် ဟန်ကျိုးမြို့ ရှန်လင်ခရိုင်ရှိ တောင်ပေါ်ဒေသ၊ ထိုမှတဆင့် ဖုယန်ခရိုင်၊ ကျုံထိုင်းခရိုင် များကို ဖြတ်သန်းလမ်းလျှောက်ကာ နောက်ဆုံးတွင် လိနန်သို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး ခရီးအားဖြင့် ၄၀ ကီလိုမီတာခန့် ရှိသည်။ ကျုံထိုင်းသည် ဝါးတောများဖြင့် နာမည်ကြီးသည့်နေရာတစ်ခု ဖြစ်သည်။

ရှောင်လင်းသည် တောင်တန်းများဆီသို့ ထွက်လာခဲ့သည့် ပထမ ၃ ရက်အတွင်း အစားမစား၊ ရေမသောက်ခဲ့ရ။

နောက်ဆုံးတွင် ဆာလောင်မှုကို မခံနိုင်တော့သောကြောင့် လမ်းတလျှောက်တွေ့ရသည့် တောရိုင်းသစ်သီးများစားပြီး စမ်းချောင်းမှ ရေများ သောက်ခဲ့ရသည်။

(▲ ရှောင်လင်းကို ရှာတွေ့ချိန်တွင် အဝတ်အစားများ စုတ်ပြတ်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဓာတ်ပုံ-Shutterstock)

ရဲတပ်ဖွဲ့သို့ ရှောင်လင်းက ပြောသည်မှာ မိမိကြောင့် မိသားစုနှင့် အခြားသူများ စိတ်ပူခဲ့ရသည်ကို ဆင်ခြင်သုံးသပ်မိပြီဖြစ်ကြောင်း၊ စိတ်လိုက်မာန်ပါ ထပ်မလုပ်ပါဟု ကတိပေးကြောင်း ပြောခဲ့သည်။

ရှောင်လင်း၏ ဖြစ်ရပ်မှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့ကြား ဟိုးလေးတကြော်ဖြစ်နေပြီး အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပေးလျက်ရှိကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Missing’ Chinese man walks for 6 days in mountains to forget ex, triggers huge search Photo Credit-Shutterstock, Handout

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service