အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့် - Property News in Myanmar from iMyanmarHouse.com
10 Jul 2025 10:26 am တွင် တင်ခဲ့သည်
646 ကြိမ် ကြည့်ရှု့ပြီး

လူမှုကွန်ရက်သည် ပြင်ပဘဝအတွက် အချိန်ကုန်စေသည့် အနှောင့်အယှက်တစ်ခုဖြစ်ကြောင်း ပြောဆိုသူများစွာရှိသည်။

အချို့ကမူ ခံယူချက်ကွဲပြားသည်။

အိန္ဒိယမှ အမျိုးသမီးတစ်ဦးမှာ သူ၏ အင်စတာဂရမ်အကောင့် follower ကျဆင်းသွားမှုအတွက် ခင်ပွန်းဖြစ်သူကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

ခင်ပွန်းဖြစ်သူက အိမ်အလုပ်များ အများအပြားခိုင်းနေသောကြောင့် မိမိ၏ influencer တာဝန်များ ပျက်ယွင်းခဲ့ကြောင်း ၎င်းက ပြောသည်။

နီရှာဟုသာ အမည်သိရသော ထိုအမျိုးသမီးက “ကျွန်မဟာ reel တွေလုပ်ဖို့ အချိန်မရှိခဲ့ဘူး” ဟု ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့ကြောင်း The Independent သတင်းဌာနက ဖော်ပြသည်။

ထိုအမျိုးသမီးသည် အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒက်ရှ်ပြည်နယ်၊ ဟာပါခရိုင်တွင် နေထိုင်သူဖြစ်ပြီး ပုံမှန်အားဖြင့် လူမှုကွန်ရက်တွင် တစ်ရက်လျှင် ဗွီဒီယိုဖိုင် ၂ ခုတင်လေ့ရှိသည်ဟု ဆိုသည်။

(“ကျွန်မရဲ့ ခင်ပွန်းက ကျွန်မကို ပန်းကန်ခွက်ယောက်တွေဆေးကြော၊ အိမ်သန့်ရှင်းရေးတွေ လုပ်ခိုင်းနေတာကြောင့် ကျွန်မအကောင့်မှာ follower ကျဆင်းသွားခဲ့ရပါတယ်” ဟု နီရှာက ပြောသည်။ ဓာတ်ပုံ-Syda Productions – stock.adobe.com)

(နီရှာသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ၂ ကြိမ် ပို့စ်တင်လေ့ရှိသည်။ ဓာတ်ပုံ-snowing12 – stock.adobe.com)

လူမှုကွန်ရက်တွင် အရှိန်ရနေချိန်၌ ခင်ပွန်းဖြစ်သူ ဗီဂျန်ဒရာက ၎င်းအား အင်စတာဂရမ်သုံးခြင်းများ လျှော့ပြီး အိမ်အလုပ်ကို အာရုံစိုက်ရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။

နီရှာက ခင်ပွန်းဖြစ်သူ၏ ပြောဆိုမှုကို လိုက်နာခဲ့ချိန်တွင် သူ၏ အင်စတာဂရမ်စာမျက်နှာမှာ follower အရေအတွက် ၂ ဦးကျဆင်းသွားခဲ့ပြီး ထိုသို့ဖြစ်ရသည်မှာ ခင်ပွန်းဖြစ်သူကြောင့်ဖြစ်ကြောင်း နီရှာက အပြစ်တင်သည်။

“ကျွန်မကို ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေးတွေပဲ လုပ်ခိုင်းနေတာကြောင့် ကျွန်မအကောင့်ဟာ follower ကျဆင်းသွားခဲ့ရပါတယ်” ဟု နီရှာက ရဲတပ်ဖွဲ့ကို ဝမ်းနည်းကြေကွဲစွာ တင်ပြခဲ့ကြောင်း Deccan Herald သတင်းဌာနက ဖော်ပြသည်။

(နီရှာ၏ လူမှုကွန်ရက်စွဲလမ်းမှုကြောင့် အိမ်မှုတာဝန်များ လစ်ဟင်းနေကြောင်း ခင်ပွန်းဖြစ်သူက ပြောသည်။ ဓာတ်ပုံ-9nong – stock.adobe.com)

ခင်ပွန်းနှင့် စကားအခြေအတင်ဖြစ်ခဲ့ပြီးနောက် နီရှာသည် မိဘများရှိရာ Pilkhuwa မြို့တွင် သွားရောက်နေထိုင်ခဲ့ပြီး ထိုမြို့ရှိ ရဲတပ်ဖွဲ့တွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ခင်ပွန်းဖြစ်သူ ဗီဂျန်ဒရာကလည်း နီရှာကို လူမှုကွန်ရက်စွဲလမ်းမှုကြောင့် အိမ်မှုကိစ္စများ လစ်ဟင်းစေမှုဖြင့် တန်ပြန်အမှုဖွင့်ထားသည်။

လူမှုကွန်ရက်တွင် reel များတင်ရန် ခွင့်မပြုပါက အိမ်မှထွက်သွားမည်ဟု နီရှာက ခြိမ်းခြောက်ခဲ့ကြောင်း ဗီဂျန်ဒရာက ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့် ကြားဝင်ဖြန်ဖြေ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ပြီး နီရှာက အမှုပိတ်သွားကြောင်း ရဲအရာရှိ Aruna Rai က Independent သတင်းဌာနသို့ ပြောသည်။

ပြဿနာဖြေရှင်းပြီးစီးသွားပြီဖြစ်သော်လည်း ၎င်းတို့ဇနီးမောင်နှံမှာ တသီးတခြားစီသာ ဆက်လက်နေထိုင်လျက် ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Husband forced influencer wife to do housework over creating content — so she called the police: ‘Didn’t get time to make reels’ Photo Credit- duties.9nong – stock.adobe.com, Syda Productions – stock.adobe.com, snowing12 – stock.adobe.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service