ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ် - Property News in Myanmar from iMyanmarHouse.com
26 Jun 2025 10:29 am တွင် တင်ခဲ့သည်
904 ကြိမ် ကြည့်ရှု့ပြီး

မီသွန်းဟု လူသိများထင်ရှားခဲ့သော ရုပ်ရှင်မင်းသား မီသွန်း ချာကရာဘော်တီသည် ဘောလိဝုဒ်နှင့် အိန္ဒိယ၏ မီးရှုးတန်ဆောင်သဖွယ် တချိန်က လျှမ်းလျှမ်းတောက်ခဲ့သူ ဖြစ်သည်။

သူ၏ 'Disco Dancer' ရုပ်ရှင်နှင့် ဇာတ်ဝင်တေးမှာ မြန်မာနိုင်ငံတွင် မကြားဖူးသူ မရှိသလောက် ပျံ့နှံ့ခဲ့ဖူးသည်။

ဆိုဗီယက်ပြည်ထောင်စုကြီး မပြိုကွဲမီက ဆိုဗီယက်အထိ ပျံ့နှံ့ကျော်ကြားခဲ့သော ဘောလိဝုဒ်သရုပ်ဆောင် အနည်းငယ်သာရှိရာ မီသွန်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ မီသွန်းသည် ၁၉၈၀ ပြည့်လွန်ကာလများက ဆိုဗီယက်သို့ သွားရောက်ကာ သူ၏ အမာခံပရိသတ်များနှင့် တွေ့ဆုံခဲ့ရာ ဆိုဗီယက်ပြည်သူတို့က အုံးအုံးကြွက်ကြွက် ကြိုဆိုခဲ့ကြသည်။

မီသွန်း၏ ပုဂ္ဂလိကဘဝနှင့် ရုပ်ရှင်လောက ဖြတ်သန်းမှု ၂ ရပ်လုံးမှာ စိတ်ဝင်စားဖွယ်များ အပြည့်ရှိနေသည်။

((အစောပိုင်းဘဝနှင့် ပညာရေး))

မီသွန်း ချာကရာဘော်တီသည် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၁၆ ရက်တွင် မွေးဖွားသည်။

ကိုလ်ကာတားမြို့၊ Scottish Church College မှ ဓာတုဗေဒဖြင့် B.Sc ဘွဲ့ရခဲ့သည်။

မီသွန်းသည် သရုပ်ဆောင် အလွန်ဝါသနာကြီးသူဖြစ်ရာ သရုပ်ဆောင်ပညာဘက်သို့ လိုက်စားရင်း ပြွန်းမြို့ရှိ အိန္ဒိယရုပ်ရှင်နှင့် ရုပ်သံသိပ္ပံကျောင်းမှ ဘွဲ့ရခဲ့ပြန်သည်။

((မီသွန်း၏ မိသားစု))

မီသွန်းသည် ၁၉၇၉ ခုနှစ်တွင် ရုပ်ရှင်မင်းသမီး ယိုးဂီတ ဘာလီနှင့် လက်ထပ်ခဲ့ပြီး သမီး ၁ ဦး၊ သား ၃ ဦး ထွန်းကားသည်။

လျှမ်းလျှမ်းတောက် ကျော်ကြားသော မီသွန်းသည် သူ၏ ပုဂ္ဂလိက ဘဝကိုမူ သိုသိုသိပ်သိပ်သာ ထားသည်။

((မီသွန်း၏ မွမ်ဘိုင်းစံအိမ်))

မီသွန်းသည် တိုးပွားကြီးထွားလာသော သူ့မိသားစုအတွက် မွမ်ဘိုင်းမှ Madh Island တွင် ခမ်းနားထည်ဝါသော ဘန်ဂလိုအိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်။

သူ၏ ကျော်ကြားမှု အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်ကာလများအတွင်း ဝယ်ယူခဲ့သော မြေနေရာဖြစ်သည်။

ခြံအကျယ် ၁ ဒသမ ၅ ဧကရှိသော မြေနေရာတွင် မီသွန်းက ခမ်းနားသောစံအိမ်ကြီး ဆောက်လုပ်ခဲ့သည်။

မီသွန်းက သဘာဝတရားနှင့် တိရ စ္ဆာန်များကို ချစ်သည်။

((တန်ဖိုးကြီး ခွေးလှောင်အိမ်ကြီးများ))

မီသွန်းက ခွေးချစ်တတ်သူဖြစ်သည်။ သူ၏ စံအိမ်တွင် ခွေးလှောင်အိမ် များစွာရှိသည်။ သတင်းများအရ မီသွန်းသည် ခွေး ၆၆ ကောင်မှ ၇၆ ကောင်ကြား မွေးမြူထားသည်ဟု ဆိုသည်။

((ငှက်အိမ်များ)) ခွေးများအပြင် မီသွန်းသည် ငှက်များကိုလည်း စောင့်ရှောက်ပေးသည်။ ငှက်များအတွက် ကွန်းခိုရာနေရာများ စီစဉ်ပေးထားသည်။

သူ၏ စံအိမ်ခြံဝန်းကြီးမှာ စိမ်းစိုအုပ်ဆိုင်းလျက်ရှိကာ သီးပင်စားပင်ကြီးများ၊ သစ်ကြီးဝါးကြီးများဖြင့် အံ့မခန်း စိမ်းစိုသာယာသည်။

((ပန်းဥယျာဉ်များ)) မီသွန်း၏ ခြံဝန်းတနေရာတွင် အဖြူရောင်ပန်းများဖြင့် ဝေဆာနေပြီး အခြားတနေရာတွင်မူ အနီရောင်၊ ခရမ်းရောင်ပန်းများ ပွင့်ဖူးနေရာ ပန်းမန်စိုက်ပျိုးမှု ဝါသနာကြီးပုံကိုလည်း ပြသနေသည်။

((အိမ်မွေး တိရ စ္ဆာန်များအတွက် Facilities များ))

စံအိမ်နှင့် ကပ်လျက်ခြံကိုလည်း မီသွန်းပိုင်ဆိုင်ထားသည်။

ထိုခြံမှာ သူ၏ အိမ်မွေး တိရ စ္ဆာန်များအတွက် ဝယ်ပေးထားသောခြံဖြစ်သည်။

ခြံဝန်းထဲတွင် လေအေးပေးစက်တပ်ဆင်ပေးထားသောနေရာများ၊ အိမ်မွေးတိရ စ္ဆာန်လေးများ ဆော့ကစားရန် ဖန်တီးပေးထားသောနေရာများစွာ ရှိသည်။

မီသွန်း၏ စံအိမ်တည်ရှိသော ခြံဝန်းအကျယ်မှာ စတုရန်းပေ ၆၅၃၄၀ ခန့်ရှိပြီး တန်ကြေးအားဖြင့် ရူပီး ၄၅ ကုဋေခန့်ရှိသည်ဟု ခန့်မှန်းရသည်။

(မီသွန်း၏ စံအိမ်လိပ်စာ))

Basanta Chakraborty, Mimoh Cottage, Madh Marve Road, Erangel Bhati Village, Madh Island, Mumbai, Vesava Maharashtra 400061

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mithun Chakraborty Mumbai House: Family, Price, Address, An Inside Peek

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service