iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ - Property News in Myanmar from iMyanmarHouse.com
3 Jun 2025 11:09 am တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

များစွာသောသူတို့အတွက် တန်းစီရခြင်းမှာ အချိန်ပြုန်းတီးခြင်း ဖြစ်သည်။

သို့သော အချို့အတွက်မူ တန်းစီခြင်းမှာ စီးပွားရေးအခွင့်အလမ်းတစ်ခု ဖြစ်လာသည်။

အမေရိကန်ပြည်တွင် ရောဘတ် ဆင်မြူရယ်အမည်ရှိ အမျိုးသားတစ်ဦးရှိသည်။

ရောဘတ် ဆင်မြူရယ်သည် ယခင်က နယူးယောက်မြို့ရှိ AT&T တွင် လုပ်ကိုင်ခဲ့သော ဝန်ထမ်းတစ်ဦး ဖြစ်သည်။

ရောဘတ် ဆင်မြူရယ်က iPhone တစ်လုံးဝယ်ရန် တန်းစီစောင့်ဆိုင်းခဲ့ရသော သာမန်အတွေ့အကြုံလေး တစ်ခုကို သုံးသပ်ကာ ဝင်ငွေကောင်းသည့် business model တစ်ခုကို စတင်ခဲ့သည်။

ယနေ့အခါတွင် ဆင်မြူရယ်သည် Same Ole Line Dudes အမည်ရှိ ကုမ္ပဏီကို တည်ထောင်ထားသည်။

သူ၏ ကုမ္ပဏီက iPhone ဝယ်ယူရန်အတွက် တန်းစီစောင့်ဆိုင်းခြင်း မလုပ်လိုသူများအတွက် တစ်နာရီလျှင် ဒေါ်လာ ၄၀ ဖြင့် ကိုယ်စားတန်းစီပေးသည်။

(( iPhone 5 ဝယ်ရန် တန်းစီခဲ့စဉ် အကြံရခဲ့))

ဆင်မြူရယ်၏ အကြံဉာဏ်မှာ ၂၀၁၂ ခုနှစ်တွင် အစပျိုးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဆင်မြူရယ်သည် တယ်လီကွန်လုပ်ငန်းနယ်တွင် အလုပ်လုပ်ကိုင်နေချိန်ဖြစ်သည်။

ဆင်မြူရယ်က iPhone 5 ဝယ်ယူလိုသူများကို ကိုယ်စားတန်းစီပေးမည်ဖြစ်ကြောင်း အခမဲ့ကြော်ငြာတင်သည့် ဝက်ဘ်ဆိုက်ဖြစ်သော Craigslist တွင် ကြော်ငြာခဲ့ရာ client တစ်ဦးက ဆက်သွယ်လာပြီး ၃ နာရီ ငှားရမ်းခဲ့သည်။

သို့သော် နောက်ဆုံးအချိန်ရောက်မှ ငှားရမ်းမှုကို ဖျက်သိမ်းသွားခဲ့သည်။

ထိုနေ့က ဆင်မြူရယ်သည် မိမိတန်းစီထားသောနေရာကို အခြားတစ်ဦးထံ ဆက်သွယ်ရောင်းချခဲ့သည်။ ထို့နောက် ထပ်မံ၍ နေရာရောင်းပြန်သည်။

ထိုတစ်နေ့တည်းတွင်ပင် ဆင်မြူရယ်မှာ ဒေါ်လာ ၃၀၀ ရသွားသည်။

ထိုအတွေ့အကြုံကြောင့် ဆင်မြူရယ်က ဝန်ဆောင်မှု လုပ်ငန်းတစ်ခုအဖြစ် စီးပွားရေးတစ်ခုသဖွယ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ဆင်မြူရယ်က လူမှုကွန်ရက်တွင် အကောင့်ဖွင့်သည်။ ထို့နောက် ကုမ္ပဏီတစ်ခု တည်ထောင်၏။

(နယူးယောက်မှ ဆင်မြူရယ်၏ ကုမ္ပဏီ))

ယနေ့အခါတွင် ဆင်မြူရယ်၏ နယူးယောက်မြို့မှ Same Ole Line Dudes ကုမ္ပဏီမှာ ဝန်ထမ်း ၄၅ ဦးဖြင့် လည်ပတ်နေသည်။

ကုမ္ပဏီ၏ ဝန်ဆောင်မှုမှာ နယ်ပယ်ချဲ့ထွင်လာပြီး iPhone သာမက ဂီတဖျော်ဖြေပွဲလက်မှတ်များနှင့် အခြားသော ဝယ်လိုအား မြင့်မားသည့် ထုတ်ကုန်များအတွက် တန်းစီပေးခြင်းများလည်း လုပ်ဆောင်ပေးသည်။

ဝန်ဆောင်ခမှာ တစ်နာရီလျှင် ၂၅ ဒေါ်လာမှ ဒေါ်လာ ၄၀ ကြားယူသည်။ အနည်းဆုံး ၂ နာရီ ဝန်ဆောင်မှု ရယူရမည် ဖြစ်သည်။

ထပ်ဆောင်း ဝန်ဆောင်ခအနေဖြင့် ရာသီဥတုဆိုးရွားချိန်များတွင် တစ်နာရီလျှင် ၃ နာရီ ပိုပေးရသည်။

တစ်ညလုံး စောင့်ရလျှင် ၁၅ ဒေါ်လာ ပိုပေးရပြီး အမြန်လိုသူများအတွက်မူ ဒေါ်လာ ၂၀ ပိုမိုကောက်ခံသည်။

ခရစ္စမတ်ကာလကဲ့သို့ အလွန်လူရှုပ်သောကာလများနှင့် ဝယ်လိုအားအလွန်များသော ထုတ်ကုန်များအတွက်လည်း ဝန်ဆောင်ခပိုမိုကောက်ခံသည်။

အောင်မြင်မှုရခဲ့သည့် လျှို့ဝှက်ချက်ကို ရောဘတ် ဆင်မြူရယ်အား မေးမြန်းရာတွင် “ဘယ်အရာက လူတွေကို စိတ်ပျက်စေသလဲဆိုတာ လေ့လာပါ။ စောဒကတိုင်းရဲ့ နောက်ကွယ်မှာ အခွင့်အလမ်းတစ်ခု ရှိပါတယ်” ဟု ဖြေကြားသည်။

နယူးယောက်တွင် တန်းစီစောင့်ဆိုင်းရခြင်းများကို အမြဲတွေ့ကြုံရပြီး စိတ်ပျက်စရာ ဖြစ်ရပ်ဖြစ်နေသည်။

အဆိုပါ စိတ်ပျက်ဖွယ်အကြောင်းရပ်ကို ဆင်မြူရယ်က ဝန်ဆောင်မှုအဖြစ် ပြောင်းလဲပေးလိုက်ရာ ပြဿနာတစ်ခုကို ဖြေရှင်းပေးလိုက်နိုင်ရုံမျှမက ဈေးကွက်သစ်တစ်ခုလည်း ဖန်တီးနိုင်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: This man charges $33 an hour to stand in line for you. After making a lot of money with the launch of the iPhone 5, he now owns a business empire.

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service