မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု - Property News in Myanmar from iMyanmarHouse.com
2 Jun 2025 11:23 am တွင် တင်ခဲ့သည်
717 ကြိမ် ကြည့်ရှု့ပြီး

((မလာနီယာ ထရမ့် ဘယ်သူလဲ))

မလာနီယာ ခနော့စ် ထရမ့် (မွေး-၁၉၇၀) (Melania Knauss Trump) (ငယ်နာမည်- မလာနီဂျာ နော့စ် ၊ Melanija Knavs) သည် ဆလိုဗေးနီးယားနိုင်ငံသူ၊ အမေရိကန်မော်ဒယ်တစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ်မှ စတင်ကာ အမေရိကန်ပြည်ထောင်စု၏ First Lady ဖြစ်လာခဲ့သည်။

မလာနီယာ ထရမ့်သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒေါ်နယ်ထရမ့်၏ ပထမ သမ္မတသက်တမ်းကာလ တွင်လည်း First Lady ဖြစ်ခဲ့သည်။

မလာနီယာ ထရမ့်သည် အမေရိကန်သမ္မတ ဂျွန် ကွင်စီ အဒမ် (John Quincy Adams) ၏ ဇနီးဖြစ်သူ လူဝီဆာ အဒမ် (Louisa Adams) နောက်ပိုင်း naturalized citizen အဖြစ်မှ First Lady ဖြစ်လာသော ဒုတိယမြောက် အမျိုးသမီးလည်း ဖြစ်သည်။

(မှတ်ချက်။ Naturalized Citizen ဟူသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ကာလကြာရှည် နေထိုင်ခဲ့ပြီးနောက် Naturalization လုပ်ငန်းစဉ်ဖြင့် နိုင်ငံသားဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတစ်နိုင်ငံတွင် နေထိုင်နေရုံမျှဖြင့် အလိုအလျောက်ကား နိုင်ငံသားဖြစ်မလာနိုင်ချေ။ Naturalization ၏ စည်းမျဉ်းဥပဒေ ဘောင်အတွင်းမှ လျှောက်ထားမှု ပြုလုပ်ခြင်းဖြင့်သာ ရရှိနိုင်သည်။ သတ်မှတ်ထားသောကာလအတွင်း ဥပဒေနှင့်အညီ - ဥပမာအားဖြင့် အမြဲတမ်းအခြေချနေထိုင်သူ၊ အလုပ်ဗီဇာကိုင်ဆောင်ထားသူ အစရှိသဖြင့် သတ်မှတ်ကာလတစ်ခု နေထိုင်ထားသူ ဖြစ်ရမည် ဖြစ်သည်။ အမေရိကန်တွင်ဆိုလျှင် Green Card ကိုင်ဆောင်ထားပြီး ၅ နှစ်ကြာနေထိုင်ထားသူများ လျှောက်ထားနိုင်သည်။ ထို့အပြင် အခြားသော အရည်အချင်း လိုအပ်ချက်များလည်း ပြည့်မီရမည်ဖြစ်သည်။ နိုင်ငံသမိုင်း၊ ဥပဒေ အစရှိသော ဘာသာရပ်များ အပါအဝင် နိုင်ငံသား အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ရခြင်း (ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်ထားမှု မရှိခြင်း)၊ သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခြင်း အစရှိသည်တို့ ဖြစ်သည်။ ထို့အပြင် နိုင်ငံသားအဖြစ် ခွင့်ပြုခံရပါက ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ကာ ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။)

(ဆက်စပ်သတင်း)

Mark Zuckerberg က နေအိမ်အနောက်ဘက် ခြံဝန်းအတွင်း ဇနီးဖြစ်သူ ပရစ်ဆီလာ၏ ရုပ်တုကြီး စိုက်ထူထားရှိ

https://www.facebook.com/share/p/1BmP859KBp/

ဆလိုဗေးနီးယားနိုင်ငံတွင် မလာနီယာ ထရမ့်၏ ဇာတိမြို့၌ ၎င်း၏ ကြေးရုပ်တုကြီးတစ်ခု ရှိသည်။

မူလက ကြေးရုပ်တုမဟုတ်ဘဲ သစ်သားရုပ်တုဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် မီးရှို့ဖျက်ဆီးသူများကြောင့် ကြေးရုပ်တုဖြင့် အစားထိုးခဲ့ပြီး ၅ နှစ်အကြာတွင် ယခုကဲ့သို့ ခိုးယူခံလိုက်ရခြင်းဖြစ်သည်။

ဆလိုဗေးနီးယား ရဲတပ်ဖွဲ့က CNN သတင်းဌာနသို့ ပြောသည်မှာ ကြေးရုပ်တုကြီး တည်ရှိရာ ရော့ဇ်နို (Rozno) ကျေးရွာတွင် ကြေးရုပ်ခိုးယူခံရမှု ဖြစ်ပွားကြောင်း သတင်းပေးတိုင်တန်းလာမှုရှိသည်ဟု ပြောသည်။

အာဏာပိုင်တို့က အခင်းဖြစ်ရာအရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြပြီး သတင်းစုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အလန်ကာ ဒရီနစ်ခ် (Alenka Drenik Rangus) က ပြောသည်။

“ရဲတပ်ဖွဲ့နဲ့ ခရိုင်ရှေ့နေတို့ကို ဒီခိုးမှုနဲ့ ပတ်သက်ပြီး သတင်းပေးလာကြတာ ဖြစ်ပါတယ်။ ”

ကြေးရုပ်တုကြီး ခိုးယူခံရမှုနှင့် ပတ်သက်သည့် အခြားသော အချက်အလက်များကိုမူ အာဏာပိုင်တို့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။

ဆလိုဗေးနီးယား သတင်းမီဒီယာတို့၏ ဖော်ပြသော ဓာတ်ပုံများအရ ကြေးရုပ်တုကြီးမှာ လွှဖြင့် ဖြတ်တောက်ခိုးယူ ခံထားရပြီး ရုပ်တု၏ ခြေချင်းဝတ်နေရာသာ ကျန်ရစ်ခဲ့သည်ကို တွေ့ရသည်။

ရုပ်တုတည်ရှိသောနေရာမှာ ဆလိုဗေးနီးယားနိုင်ငံ၏ မြို့တော် လုဘ်ယားနား (Ljubljana ) ၏ အရှေ့ဘက် ၉၀ ကီလိုမီတာ (၅၆ မိုင်) အကွာတွင်ရှိသော သာယာလှပသည့် Sevnica မြို့လေးမှ မြစ်ကမ်းနံဘေးတွင် ဖြစ်သည်။

အဆိုပါနေရာတွင် မူလက မလာနီယာ ထရမ့်၏ သစ်သားရုပ်တု ရှိခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် လက်သရမ်းသူတို့က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

(▲ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ရိုက်ကူးထားသော ဓာတ်ပုံတွင် မူရင်းသစ်သားရုပ်တုကို တွေ့ရပုံ။ ဓာတ်ပုံ-Jure Makovec/ AFP/ Getty Images)

(▲ သစ်သားရုပ်တုကို အနုပညာရှင် Ales Maxi Zupevc က ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ယခုနေရာ၌ ထားရှိခဲ့သည်။ ဓာတ်ပုံ- Jure Makovec/ AFP/ Getty Images)

ရုပ်တုတွင် First Lady မလာနီယာ ထရမ့်သည် ကောင်းကင်ပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ၂၀၁၇ ခုနှစ်အတွင်း ဒေါ်နယ်ထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ဝတ်ဆင်ခဲ့သည့်ပုံကို သွန်းလုပ်ထားခြင်းဖြစ်ပြီး ဒေသခံတို့အကြား ရုပ်တုထားရှိမှုအပေါ် သဘောထားအမျိုးမျိုး ကွဲပြားနေသည်။

Sevnica သည် တိတ်ဆိတ်သောမြို့လေးဖြစ်ပြီး လူဦးရေ ၅၀၀၀ ခန့်သာ နေထိုင်သည်။

မလာနီယာထရမ့်ကြောင့် မြို့လေးမှာ များစွာအကျိုးရှိခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်များစွာ ရောက်ရှိလာကြသည်။

Sevnica တွင် Melania Theme ထုတ်ကုန်များစွာကို အမှတ်တရပစ္စည်းအနေဖြင့် ထုတ်လုပ်ရောင်းချကြရာ ပျားရည်၊ ချောကလက်နှင့် ကိတ်မုန့်တို့ အပါအဝင် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref:CNN STYLE (The wooden statue, made by conceptual artist Ales 'Maxi' Zupevc, was installed in July 2019.) Photo Credit- Jure Makovec/ AFP/ Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service