[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း

[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
23 Apr 2025 10:48 am တွင် တင်ခဲ့သည်
475 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်နိုင်ငံမှ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အမည်မှာ “ပျော်ရွှင်သော” ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသော်လည်း သူ၏ဘဝမှာမူ နာမည်ကြောင့် မပျော်ရွှင်နိုင်ဖြစ်ခဲ့ရပုံမှာ လူမှုကွန်ရက်တွင် ကျော်ကြားနေသည်။

ဟက်ပီး တရောချိ (ပျော်ရွှင်သော တရောချိ) ဟု အမည်ရသည့် အမျိုးသားအကြောင်းကို ABEMA Prime TV က ပြီးခဲ့သော မတ်လကုန်တွင် ဖော်ပြခဲ့ပြီးနောက် လူမှုကွန်ရက်သုံးစွဲသူတို့အကြား ထူးဆန်းသော နာမည်များနှင့် ပတ်သက်ပြီး အမျိုးမျိုးအဖုံဖုံ ဆွေးနွေးပြောဆိုမှုများ ရှိခဲ့သည်။

၎င်း၏ မိခင်ကြီးမှာ ပထမဆုံးရင်သွေးရလာခြင်းဖြစ်သောကြောင့် ဖရဏာပီတိဂွမ်းဆီထိကာ သားဖြစ်သူကို ယခုကဲ့သို့ အမည်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် မိမိပေးလိုက်သောနာမည်မှာ သားဖြစ်သူထံ အခက်အခဲမျိုးစုံ၊ ပြဿနာမျိုးစုံ ယူဆောင်လာလိမ့်မည်ဟု မထင်ခဲ့ချေ။

တရောချိ၏ အမည်ကို ကျောင်းတွင် အခြားကလေးငယ်များက အာရုံစိုက်မိခဲ့ကြပြီးနောက် တရောချိတစ်ယောက် လှောင်ပြောင်၊ အနိုင်ကျင့်ခံခဲ့ရသည်။

(▲ တရောချိမှာ နာမည်ကြောင့် တစ်ဘဝလုံး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဓာတ်ပုံ-ABEMA Prime)

‘ပျော်ရွှင်သော တရောချိ’ မှာ မွေးနေ့များ၊ အခါကြီးရက်ကြီး အားလပ်ရက်များကို လွန်စွာမုန်းသည်။

အဘယ်ကြောင့်ဆိုလျှင် အခြားသူတို့က ၎င်းအား နှုတ်ဆက်ရာတွင် ဟက်ပီးဟူသော စကားလုံးကို တမင်အသံမြှင့်ကာ “Happy Birthday” “Happy Valentine’s Day” “Happy New Year” အစရှိသဖြင့် လှောင်ပြောင်နှုတ်ဆက်ကြခြင်းကြောင့် ဖြစ်သည်။

အလယ်တန်းကျောင်းသားဘဝရောက်ချိန်တွင် တရောချိသည် သာမန်နာမည်တစ်ခုခုသို့ နာမည်ပြောင်းရန် စိတ်ကူးခဲ့သော်လည်း မိခင်ကြီးက မိမိကို အဘယ်ကြောင့် ထိုသို့နာမည်ပေးထားသည်ကို နားလည်သောကြောင့် နာမည်မပြောင်းဖြစ်ခဲ့။

မိခင်အပေါ်တွင်လည်း မကျေနပ်စိတ်ဖြင့် အပြစ်မတင်ခဲ့။

ကောလိပ်သို့ ရောက်သောအခါတွင်လည်း Orientation (Fresher Welcome) တွင် သူ၏ နာမည်ကို ခေါ်လိုက်ချိန်၌ အားလုံးက တအံ့တသြဝိုင်းကြည့်ကာ တီးတိုးသဖန်းပိုးဖြင့် တခွိခွိရယ်ကြရာ ‘ပျော်ရွှင်သော တရောချိ’ တစ်ယောက် မပျော်ရွှင်နိုင်ဘဲ စိတ်ပျက်လက်ပျက်ခံစားခဲ့ရသည်။

‘ပျော်ရွှင်သော တရောချိ’ မှာ အလုပ်ရှာရာတွင်လည်း သူ၏နာမည်ကြောင့် အလုပ်ရရန် အခက်ကြုံရပြန်သည်။

များစွာသော ကုမ္ပဏီတို့မှာ တရောချိ၏ လျှောက်လွှာမှ CV ဖောင်ကို ကြည့်လိုက်လျှင် မိမိတို့အား မခန့်လေးစားလုပ်သည်ဟုသာ ယူဆသွားကြသည်။

သူ၏ နာမည်မှာ အချစ်ရေးအထိ ပြဿနာကြုံစေသည်။

ချစ်သူဖြစ်လာဖွယ်ရှိသော မိန်းကလေးတို့၏ မိဘများက တရောချိ၏ နာမည်ကို ကြားလိုက်သည်နှင့် အမျိုးမျိုး ပြစ်တင်ဝေဖန်ကြသည်။

“ရှေးလူကြီးတွေက သမားရိုးကျမဟုတ်တဲ့ နာမည်တွေကို လက်မခံကြပါဘူး” ဟု ပျော်ရွှင်သော တရောချိက မပျော်ရွှင်စွာ ပြောသည်။

သို့သော် အလုပ်အကိုင်များ စတင်လုပ်ကိုင်ခဲ့ချိန်တွင်မူ အခြေအနေမှာ တမျိုးတဖုံ ပြောင်းလဲလာသည်။

Client အချို့မှာ မိမိ၏ နာမည်ကို အလွန်သဘောကျကြကြောင်း၊ အချို့ကဆိုလျှင် မိမိလိပ်စာကဒ်ကို သိမ်းဆည်းထားခြင်းဖြင့် ၎င်းတို့အတွက် ကံကောင်းစေမည်ဟု ယုံကြည်နေကြကြောင်း ပျော်ရွှင်သော တရောချိက ဝမ်းမြောက်စွာ ပြောပြသည်။

 

(▲ တရောချိ၏ မိခင်ကြီးမှာ ပထမဆုံး ရင်သွေးရလာခြင်းအပေါ် အလွန်ပျော်ရွှင်မြူးခဲ့ပြီး ယခုကဲ့သို့ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-ABEMA Prime)

“ဒီလိုမျိုး ကြားရတော့ အရမ်းပျော်ပါတယ်။ ကျွန်တော့်နာမည်ကို သာမန်နာမည်မျိုး ပြန်မပြောင်းတော့ပါဘူး” ဟု ပျော်ရွှင်သော တရောချိက ပျော်ရွှင်စွာ ပြောသည်။

“ခုချိန်မှာတော့ တခြားသူတွေကို ကျွန်တော့်နာမည်ပြောပြီး မိတ်ဆက်ရမှာ ကသိကအောက် မဖြစ်တော့ပါဘူး။ ဒါက ကျွန်တော့်အတွက် အကြီးမားဆုံး ပြောင်းလဲမှုကြီးတစ်ခုပါပဲ”

အသက် ၃၀ ဝန်းကျင်အရွယ်ရှိ Sasago Akemi အမည်ရှိ အမျိုးသမီးက ပြောပြသည်မှာ မိမိ၏ ၉ နှစ်အရွယ် သမီးငယ်ကို ပျော်ရွှင်သော တရောချိနှင့် နာမည်ချင်းခပ်ဆင်ဆင်ဖြစ်သော Smile ဟု အမည်ပေးထားကြောင်း၊ တရောချိ၏ ဖြစ်ရပ်သတင်းကို ဖတ်ရှုလိုက်ရချိန်တွင် သမီးအတွက် စိုးရိမ်စိတ်များဝင်လာကြောင်း ပြောသည်။

“သမီးလေး အမြဲတမ်း ပြုံးပန်းဆင်နိုင်စေဖိို့ ရည်ရွယ်ပြီး Smile လို့ နာမည်ပေးခဲ့တာပါ။

ဒါပေမယ့် အခုတော့ ဒီနာမည်ကြောင့် သူ့ရဲ့ ကျောင်းနေကာလ၊ အလုပ်ရှာတဲ့အချိန်၊ လက်ထပ်တဲ့အချိန်တွေမှာ အခက်ကြုံရမှာကို ကျွန်မ စိုးရိမ်နေမိပါတယ်။” ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Happy not happy: Japan man faces bullying as child, struggles in love, work due to odd name Photo Credit- ABEMA Prime

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service