တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး မိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့၊ ပါမောက္ခကွယ်လွန်ချိန်တွင် သူ၏ ဆွေမျိုးများက တိုက်ခန်းလာတောင်းသောကြောင့် အမှုရင်ဆိုင်ရလျက်ရှိ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး မိခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့၊ ပါမောက္ခကွယ်လွန်ချိန်တွင် သူ၏ ဆွေမျိုးများက တိုက်ခန်းလာတောင်းသောကြောင့် အမှုရင်ဆိုင်ရလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
31 Mar 2025 11:56 am တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ကျောင်းသူတစ်ဦးသည် သူ၏ ပါမောက္ခအမျိုးသမီးကြီး နေထိုင်ရန် တိုက်ခန်းတစ်ခန်း ဝယ်ပေးခဲ့ပြီး ပါမောက္ခကြီး၏ ဘဝနေဝင်ချိန်ကာလများတွင် မိခင်သဖွယ် ပြုစုစောင့်ရှောက်ပေးခဲ့သည်။

ယခုအခါ ပါမောက္ခကြီး ကွယ်လွန်သွားခဲ့ပြီးနောက် သူ၏ ဆွေမျိုးများ ရောက်လာကာ တိုက်ခန်းကို တောင်းခံနေသောကြောင့် အမှုရင်ဆိုင်ရလျက် ရှိသည်။

ကျန်းဝေ (Zhang Wei) သည် ၁၉၈၃ ခုနှစ်တွင် ပါမောက္ခ ချန်း၏ ကျောင်းသူတစ်ဦး ဖြစ်လာခဲ့သည်။

ပါမောက္ခချန်းသည် Shanghai Conservatory of Music တွင် လူအများလေးစားခံရသော အဆိုပိုင်းဆိုင်ရာ ဂီတဆရာမတစ်ဦးဖြစ်သည်။

ထိုအချိန်က ဆရာမ ချန်းသည် ၁၅ စတုရန်းမီတာသာ ကျယ်ဝန်းသော မဟာဌာန အဆောင်တွင် နေထိုင်ခဲ့သည်။

မီးဖိုဆောင်နှင့် ရေချိုးခန်းကို ဘေးအခန်း ၄ ခန်းနှင့် မျှဝေသုံးစွဲရ၏။

၁၉၈၄ ခုနှစ်တွင် ဆရာမ ချန်း၏ မောင်ဖြစ်သူမှာ ချန်းထံရောက်ရှိလာပြီး မောင်နှမနှစ်ဦး ဖေးမကူညီ နေထိုင်ခဲ့ကြသည်။

ချန်း၏ မောင်ဖြစ်သူမှာ Shanghai Jiao Tong တက္ကသိုလ်သို့ ရွှေ့ပြောင်းချထားခံရရာမှ ချန်းထံ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။

ချန်းသည် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၁၉၉၆ ခုနှစ်တွင် အလုပ်မှ အနားယူသောအခါ နေစရာမရခဲ့။

ထို့ကြောင့် တပည့်ဖြစ်သူ ကျန်းဝေက ပါမောက္ခချန်း နေထိုင်ရန်အတွက် ၁၂၅ စတုရန်းမီတာရှိသော တိုက်ခန်းတစ်ခန်းကို ၂၀၀၁ ခုနှစ်တွင် ဝယ်ယူပေးခဲ့ကာ ဆရာမနှင့် မောင်ဖြစ်သူတို့ နေထိုင်စေခဲ့သည်။

ဘေးကင်းလုံခြုံမှုရစေရန်အတွက် ကျန်းဝေက အိမ်ထောင်စုမှတ်ပုံတင်စာရင်း ပြောင်းရွှေ့ပေးခဲ့သည့်အပြင် တိုက်ခန်းပိုင်ဆိုင်မှုအတွက်လည်း ဆရာမတို့ မောင်နှမ၏ အမည်များ ထည့်သွင်းပေးခဲ့သည်။

(▲ ပါမောက္ခချန်းနှင့် မိမိအကြား စည်းနှောင်မှု နှောင်ကြိုးတစ်ခုရှိနေသည်ဟု ခံစားရပြီး မိခင်သဖွယ် သဘောထားကြောင်း ကျန်းဝေက ပြောသည်။ ဓာတ်ပုံ-Weixin)

အဆိုပါတိုက်ခန်း၏ ကာလပေါက်ဈေးကိုမူ မသိရချေ။

တရုတ်ပြည်၏ ပညာရေးတွင် ဆရာဟူသည်မှာ မကောင်းသောလမ်းကြောင်းကို တားမြစ်ခြင်း၊ ကောင်းရာကို ညွှန်ပြခြင်းအစရှိသည့် ကိုယ်ကျင့်စာရိတ္တဆိုင်ရာ ပဲ့ပြင်သူများအဖြစ် အများက အရိုးစွဲ လက်ခံထားကြသည်။

တရုတ်လူ့အဖွဲ့အစည်းတွင် ဆရာတို့မှာ များစွာလေးစားခံရသည်။

ပါမောက္ခ ချန်း၏ သြဇာတိက္ကမနှင့် ပညာရှင်ပီသမှုကို ကျန်းဝေအလွန်လေးစားသည်။

“ကျွန်မတို့ကြားမှာ နက်ရှိုင်းတဲ့ ဆက်နွှယ်မှုတစ်ခုရှိနေပါတယ်။ ကျွန်မရဲ့ နှလုံးသားထဲမှာ သူက မိခင်တစ်ယောက်လိုပါပဲ” ဟု ကျန်းဝေက ပြောသည်။

“သူ…အကြောက်ဆုံးက အိမ်ပိုင်ရာပိုင် မရှိမှာ အကြောက်ဆုံးပဲ။ အဲဒါကြောင့် ဆရာမအတွက် အဲဒီတိုက်ခန်း ဝယ်ပေးခဲ့တာပါ”

ကျန်းဝေသည် ပါမောက္ခချန်းနှင့် သူ၏ မောင်ဖြစ်သူတို့ကို မိသားစုရင်းချာသဖွယ် ဆက်ဆံခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ပါမောက္ခချန်း၏ မောင်ဖြစ်သူ ကွယ်လွန်သောအခါ ဈာပနကိစ္စအဝဝကို ကျန်းဝေကပင် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်တွင် ပါမောက္ခချန်း ကွယ်လွန်သွားခဲ့သည်။

ပါမောက္ခချန်းတို့ မောင်နှမနှစ်ဦးလုံး ကွယ်လွန်သွားချိန်တွင် ကျန်းဝေက အဆိုပါတိုက်ခန်း ပိုင်ဆိုင်မှုကို သူ၏အမည်သို့ ပြန်ပြောင်းရန် စီစဉ်ခဲ့သည်။

သို့သော် အခြားပြည်နယ်တစ်ခုတွင် နေထိုုင်သော ပါမောက္ခချန်း၏ တူ ၂ ဦးက လက်မခံခဲ့။

ကျန်းဝေက ထိုသူ ၂ ဦးကို ပြောခဲ့သည်မှာ အဆိုပါအခန်းမှာ မိမိငွေဖြင့် ဝယ်ယူပေးခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုစာရင်း မှတ်ပုံတင်ရ လွယ်ကူစေရန် ပါမောက္ခချန်း၏ အမည်ဖြင့် ထားရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။

ထို့အပြင် ပါမောက္ခချန်းထံသို့ ထိုသူ ၂ ဦးမှာ မလာသလောက်နီးပါးရှိခဲ့သည်ကိုလည်း ထောက်ပြသည်။

(▲ ပါမောက္ခချန်း ကွယ်လွန်ချိန်တွင် ကျန်းဝေက တိုက်ခန်းကို သူ၏အမည်ပေါက် ပြန်ပြောင်းရန် စီစဉ်ခဲ့သည်။ သို့သော် ပါမောက္ခချန်း၏ တူတော်စပ်သူ ၂ ဦးက တိုက်ခန်းကို တောင်းခံနေခဲ့သည်။ ဓာတ်ပုံ-Weixin)

ထို့ကြောင့်ကျန်းဝေက ရှန်ဟိုင်းမြို့ရှိ Changning ခရိုင် ပြည်သူ့တရားရုံးတွင် မိမိသာ အဆိုပါတိုက်ခန်းကို ပိုင်ဆိုင်ခွင့်ရှိသူဖြစ်ကြောင်း တရားစွဲခဲ့သည်။

လက်ရှိအားဖြင့် အမှုစစ်ဆေးနေဆဲ ဖြစ်သည်။

“ဒီအိမ်ဟာ ဘိလပ်မြေတွေ၊ ကြွေပြားတွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်ဝတ္ထုသက်သက်မကပါဘူး။ နှစ်ပေါင်း ၄၀ စာ အမှတ်ရစရာတွေ ရှိတဲ့နေရာပါ။ ကျွန်မအတွက် တရားမျှတတဲ့ တရားစီရင်မှု မရဘူးဆိုရင် ကျွန်မဟာ ငွေသာ ဆုံးရှုံးရမှာမဟုတ်ဘဲ လူ့ကျင့်ဝတ်နဲ့ စိတ်ချယုံကြည်အပ်နှံမှုတွေအပေါ် ယုံကြည်ချက်လည်း ဆုံးရှုံးရမှာ ဖြစ်ပါတယ်”

Shanghai Media Group က အဆိုပါအမှုအကြောင်းကို သတင်းဖော်ပြခဲ့ရာ လူမှုကွန်ရက် သုံးစွဲသူတို့အကြား များစွာအမျက်ဒေါသထွက်မှုများ ဖြစ်ခဲ့ကြသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးသည်မှာ “တကယ့်ကြေကွဲစရာ။ အဲဒီ တူနှစ်ယောက်က ကျန်းရဲ့ နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ပေးခဲ့မှုအပေါ် ကျေးဇူးလည်း မတင်ကြဘူး။ သူတို့လိုချင်နေတဲ့ဟာက သူတို့ဟာမှ မဟုတ်တာ။ ရှက်ဖို့ကောင်းလိုက်တာ” ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Shameful’: China woman buys flat for old professor she cares for, family claims property Photo Credit-Weixin

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service