အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာ

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာ - Property News in Myanmar from iMyanmarHouse.com
28 Mar 2025 12:37 pm တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော သြဇာတိက္ကမရှိသည့် အရာရှိဟောင်းတစ်ဦးသည် အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်၏ စံအိမ်ကို ဝယ်ယူလိုက်ကြောင်း သတင်းများထွက်လာသည်။

ဝယ်ယူလိုက်သည့် အရာရှိဟောင်း၏ အမည်မှာ ခရစ္စတိုဖာ ဂါစီယာဖြစ်ပြီး ဒေါ်နယ်ထရမ့်၏ ပထမ သမ္မတသက်တမ်းကာလအတွင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ခေတ္တ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

(Christopher Garcia)

 

ဂါစီယာသည် အမေရိကန်ပြည်၊ ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန္ဒြီးယားမြို့ရှိ နေအိမ်ကို LLC တစ်ခုမှတဆင့် ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။

နယူးယောက်ပို့စ် သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သော အိမ်ခြံမြေမှတ်တမ်းများအရ ခေါ်ဈေးထက် ဒေါ်လာ ၁၇၂၀၀၀ ပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၁ ဒသမ ၈၇ သန်းဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။

 

(ဂါစီယာက ဒုသမ္မတ၏ စံအိမ်ကို ခေါ်ဈေးထက် ဒေါ်လာ ၁၇၂၀၀၀ ဈေးပိုပေးကာ ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-MediaPunch/ BACKGRID)

စံအိမ်မှာ ၁၉၂၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်း ၂၅၃၀ စတုရန်းပေရှိကာ အိပ်ခန်း ၅ ခန်းပါဝင်သော ယာတောအိမ်ဖြစ်သည်။

အပြင်ဘက်ကို အပြာရောင်ဆေးသုတ်ထားသည်။

ဂျေဒီဗန့်စ်သည် ထရမ့်အစိုးရအဖွဲ့တွင် ဒုသမ္မတဖြစ်လာကာ US Naval Observatory ဝန်းရှိ ဒုသမ္မတ အိမ်တော်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ယခုအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၆၉ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်အတွင်း ထင်းသုံးမီးလင်းဖိုပါသော မိသားစုနားနေခန်း၊ စားသောက်ဖွယ်ရာများ ထားရှိသည့်အခန်းပါသော မီးဖိုဆောင်တို့ ပါရှိသည်။

ထရမ့်၏ ပထမရာထူးသက်တမ်းတွင် ဂါစီယာ တာဝန်ထမ်းဆောင်ခဲ့သည့်ကာလမှာ တိုတောင်းသည်။

၂၀၁၇ ခုနှစ်အတွင်း Minority Business Development Agency ၏ ခေတ္တညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ယင်းနောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross ၏ လက်အောက်တွင် ခေတ္တ လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

သို့သော် နောက်ကြောင်းရာဇဝင် စစ်ဆေးရာတွင် အငြင်းပွားမှုများ ပေါ်ပေါက်ပြီးနောက် ဂါစီယာ အပါအဝင် ၄ ဦးမှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကြီးက ဖော်ပြသည်။

(ဒုသမ္မတ ဂျေဒီဗန့်စ်နှင့် ဇနီးဖြစ်သူ Usha တို့သည် ယခုအိမ်ကို ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၉ သန်းဈေးခေါ်ကာ စတင်ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Corbis via Getty Images)

ဂါစီယာသည် အစိုးရအလုပ်မှ ထွက်လာခဲ့ပြီးနောက် ကိုဗစ်ကာလအတွင်း Health Supply US ကို ဖခင်ဖြစ်သူနှင့်အတူ ပူးတွဲတည်ထောင်ခဲ့သည်။

အဆိုပါ ကုမ္ပဏီမှ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများထံမှ ကန်ဒေါ်လာ ၁၇၉ သန်းဖိုးရှိ ကန်ထရိုက်များ ရခဲ့ပြီး အဓိကအားဖြင့် COVID-19 ကုစားရေးအကြောင်းရပ်များအတွက် ဖြစ်သည်။

ဂါစီယာတို့ ဇနီးမောင်နှံသည် ဝါရှင်တန်ဒီစီတွင်လည်း ကန်ဒေါ်လာ ၁ ဒသမ ၆၄ သန်းတန် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ex-Trump official outed as the new owner of Vice President JD Vance’s DC-area home

Photo Credit- Corbis via Getty Images, MediaPunch/ BACKGRID

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service