ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရာ ကြက်သားအစိမ်းများကို မဖုံးမအုပ်ဘဲ ရေခဲသေတ္တာအတွင်း တင်ထားမှုအပေါ် ကြည့်ရှုရသည့် ပရိသတ်များ စိတ်ပျက်ရွံရှာခဲ့ကြ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်က Netflix ရုပ်သံအစီအစဉ်တွင် သူ၏ မီးဖိုဆောင်ထဲမှ ရေခဲသေတ္တာကို ဖွင့်ပြရာ ကြက်သားအစိမ်းများကို မဖုံးမအုပ်ဘဲ ရေခဲသေတ္တာအတွင်း တင်ထားမှုအပေါ် ကြည့်ရှုရသည့် ပရိသတ်များ စိတ်ပျက်ရွံရှာခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
18 Mar 2025 12:08 pm တွင် တင်ခဲ့သည်
863 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ်သည် Netflix မှ ထုတ်လွှင့်သည့် lifestyle show အသစ်တစ်ခုဖြစ်သော “ချစ်ခြင်းအားဖြင့်….မီဂန်” (With Love, Meghan) ဟူသော အစီအစဉ်တွင် သူ၏ ရေခဲသေတ္တာကို ဖွင့်ပြခဲ့ရာ အဆိုပါအစီအစဉ်ကြည့်ရှုရသူများ တုန်လှုပ်ခြောက်ခြားခဲ့ကြသည်။

မီဂန်မာကယ်သည် ရေခဲသေတ္တာအတွင်း ကြက်သားစိမ်းများကို မဖုံးမဖိ ထားရှိသည်ဟု ဆိုသည်။

အပိုင်း ၈ ပိုင်းပါသော အဆိုပါရုပ်သံအစီအစဉ်၏ အပိုင်း ၃ တွင် မျက်စိလျင်သော ပရိသတ်တို့က ထိုအချင်းအရာကို တွေ့မြင်ခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သော မတ်လ ၄ ရက်တွင် ထုတ်လွှင့်ခဲ့သော ထိုအစီအစဉ်တွင် မီဂန်မာကယ်သည် ရေခဲသေတ္တာကို ဖွင့်လိုက်ရာ ကြက်သားအစိမ်းတုံးများသည် ရေခဲသေတ္တာအတွင်းရှိ စင်တစ်ခုပေါ်တွင် မဖုံးမအုပ်ရှိနေကို ပရိသတ်များ တွေ့မြင်ခဲ့ကြသည်။

မီဂန်မာကယ်က ရေခဲသေတ္တာထဲတွင် ကြက်ခြေထောက်အစိမ်းများကို စင်တစ်ခုပေါ်တွင် မဖုံးမအုပ် တင်ထားပုံ ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များမှာ လူမှုကွန်ရက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အသက် ၄၃ နှစ်အရွယ် မီဂန်မာကယ်သည် အစားအသောက်များ ထားသိုရာတွင် ကျန်းမာရေးနှင့် မညီညွှတ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူတို့က မှတ်ချက်ပြုသည်။

အချို့သူတို့ကမူ အစားအစာများကို ရေခဲသေတ္တာအတွင်း မဖုံးမအုပ်ဘဲထားခြင်းကြောင့် အစာအဆိပ်သင့်နိုင်ကြောင်း မှတ်ချက်ပြုကြသည်။

“တကယ့်စားဖိုမှူးတစ်ယောက် (ဒါမှမဟုတ်) အစားအသောက်တွေအကြောင်း နားလည်တဲ့သူတွေဟာ အသားစိမ်း ငါးစိမ်းကို ရေခဲသေတ္တာထဲမှာ ဒီတိုင်းကြီး တင်ထားလိမ့်မှာ မဟုတ်ပါဘူး။ သူက အစားအသောက် တွေကို ဘေးကင်းအောင်ဘယ်လိုထားသိုရမယ်၊ ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ မသိတာ ထင်ရှားပါတယ်” ဟု X လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုသည်။

“ကြက်သားစိမ်း (ဒါမှမဟုတ်) မကျက်တကျက် ကြက်သားတွေကို ရေခဲသေတ္တာထဲမှာ ဒီတိုင်းထားတာဟာ အောက်မှာထားတဲ့ အစားအသောက်တွေကို ဝမ်းရောဂါပိုးနဲ့ အစာအဆိပ်သင့်အောင် လုပ်ထားတာမျိုးနဲ့ ရုပ်သံကြည့် ပရိသတ်တွေကို ဧည့်ခံတာဟာ ….ချစ်ခြင်းအားဖြင့်…လို့ ပြောလို့ မရပါဘူး။ သူ့ရဲ့ မီးဖိုဆောင် မသန့်ရှင်းမှုက စိတ်ပျက်စရာပါပဲ” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

(▲ မီဂန်မာကယ်သည် Netflix ၏ အစီအစဉ်သစ်တစ်ခုဖြစ်သော ….ချစ်ခြင်းအားဖြင့် မီဂန်…ဟူသည့် အစီအစဉ်တွင် ရေခဲသေတ္တာအတွင်း ကြက်သားစိမ်းများကို မဖုံးမအုပ်ထားရှိခြင်းမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်နေပြီး ဝေဖန်သူ များပြားလျက်ရှိသည်။)

 

 (▲ ချစ်ခြင်းအားဖြင့်…မီဂန် ရုပ်သံအစီအစဉ်ကို ငှားရမ်းထားသော ဒေါ်လာ ၈ သန်းတန်အိမ်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မီဂန်မာကယ်၏ နေအိမ်ဖြစ်သော ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတိုမှ စံအိမ်အနီးတွင် တည်ရှိသည်။)

အဆိုပါ ရုပ်သံအစီအစဉ်၏နောက်ပိုင်းတွင် နာမည်ကြီးစားဖိုမှူး Roy Choi လည်း မီဂန်မာကယ်နှင့်အတူ ပါဝင်တင်ဆက်ခဲ့သည်။ Roy Choi ၏ ရုပ်သံအစီအစဉ်ထဲတွင် ပြောဆိုမှုအရ အဆိုပါကြက်သားများကို မကျက်တကျက်ပြုတ်ကာ ရေခဲသေတ္တာထဲတွင် ထည့်ထားပြီး ရုပ်သံအစီအစဉ်အတွက် ကြိုတင်စီစဉ်ထားခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော် ထိုသို့ ပြောဆိုမှုကြောင့် ရုပ်သံပရိသတ်တို့မှာ စိတ်သက်သာမှု မရခဲ့ကြ။ ကြက်သားကို မကျက်တကျက်ပြုတ်ပြီး ရေခဲသေတ္တာထဲ မဖုံးမအုပ်ထားပါက အစာအဆိပ်မသင့်နိုင်ဟု မပြောနိုင်ချေ။

Mayo Clinic ၏ ထုတ်ပြန်ချက်အရ မကျက်တကျက် အသားငါးများသည် ဘက်တီးရီးယား သယ်ဆောင်နိုင်သည်ဟု ဆိုသည်။

 (▲ မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့သည် ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတိုမြို့တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၆၅ သန်းတန် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး ၂၀၂၀ ပြည့်နှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Google Maps)

 

(▲ မီဂန်မာကယ်က သူ၏ အိမ်ကို privacy ထားလိုသောကြောင့် အိမ်တွင် ရုပ်သံမရိုက်လိုသဖြင့် ဒေါ်လာ ၈ သန်းတန်အိမ်ကို ငှားရမ်းကာ ရုပ်သံအစီအစဉ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meghan Markle Disgusts Netflix Viewers With Major Kitchen Faux Pas: ‘This Is So Unsanitary’

Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service