ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ

ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ - Property News in Myanmar from iMyanmarHouse.com
11 Mar 2025 12:00 pm တွင် တင်ခဲ့သည်
700 ကြိမ် ကြည့်ရှု့ပြီး

စိမ်းလန်းသော မြက်ခင်း၊ ကျောက်တုံးပန်းပုများနှင့် အပန်းဖြေနားနေရန် နှစ်သက်စဖွယ် ခုံတန်း….။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ပြင် နဂိုင်းဇုမိမြို့လေးရှိ ပန်းဥယျာဉ်လေးတစ်ခုတွင် ချမ်းမြေ့သာယာသောပန်းဥယျာဉ်တို့၌ တွေ့ရမြဲဖြစ်သည့် အထက်ပါအချက်များ အားလုံးရှိသည်။

ပြောစရာရှိသည်မှာ ပန်းဥယျာဉ်အကျယ်အဝန်း ၂ ဒသမ ၅၈ စတုရန်းပေသာ ရှိခြင်းဖြစ်သည်။

A4 စာရွက် ၄ ရွက်စာ အကျယ်မျှသာဖြစ်ပြီး အုတ်ခဲ ၂ ဆင့် စတုရန်းပုံ ဝန်းပတ်ထားသော ပန်းဥယျာဉ်ငယ်လေးဖြစ်သည်။

နဂိုင်းဇုမိ မြို့တော်ခန်းမနှင့် များစွာမဝေးသော လူနေရပ်ကွက်တစ်ခုတွင် တည်ရှိခြင်း ဖြစ်သည်။

အဆိုပါ ပန်းဥယျာဉ်ငယ်လေးသည် ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ဂင်းနက်စ်စံချိန်မှတ်တမ်းတွင် ဖော်ပြခံရသည်။

သေးငယ်သော ပန်းဥယျာဉ်လေးမှာ ဒေသခံတို့ အလွန်သဘောကျသောနေရာလေးဖြစ်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မြို့ခံတို့သည် လမ်းလျှောက်ထွက်ချိန်များတွင် ပန်းဥယျာဉ်လေးရှိ ခုံတန်းတွင် ထိုင်ကာ အပန်းဖြေလေ့ရှိသည်။

ရပ်ဝေးမှလာသည့် ခရီးသည်တို့မှာ ပန်းဥယျာဉ်လေးကို အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ဖေဖော်ဝါရီ ၂၅ တွင် ဂင်းနက်စ်စံချိန်အဖွဲ့က တရားဝင်ကြေညာခြင်းမခံရသေးမီကတည်းက နဂိုင်းဇုမိ မြို့သားတို့က အဆိုပါဥယျာဉ်ငယ်လေးကို ကမ္ဘာ့အသေးဆုံးပန်းဥယျာဉ်ဟု သုံးနှုန်းနေခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ ဒီဥယျာဉ်လေးကို ဒေသခံတွေနဲ့အတူ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားလို ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်မှာ တင်လို့ကောင်းမယ့် မြေယာအလှအပတစ်ခုခု ဆက်လက်ဖန်တီးလိုပါတယ်။ ကျွန်တော်တို့မြို့လေးမှာ လူတွေကို ဆွဲဆောင်နိုင်မယ့်နေရာတွေ ပိုများလာစေချင်ပါတယ်” ဟု နဂိုင်းဇုမိမြို့လေး၏ ဆောက်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ အဖွဲ့ခေါင်းဆောင် ရှုဂျိ ကိုယားမားက ဂင်းနက်စ်စံချိန်အဖွဲ့သို့ ပြောသည်။

အဆိုပါဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူက အမေရိကန်ပြည်၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လန်းမြို့ရှိ Mill Ends Park အမည်ရှိ ပန်းဥယျာဉ်ငယ်လေးသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ထိုသို့သော ဥယျာဉ်လေးတစ်ခုဖန်တီးရန် ၁၉၈၈ ခုနှစ်တွင် စိတ်ကူးပေါ်ခဲ့ကြောင်း ကိုယားမားက ပြောသည်။

ထိုအချိန်က Mill Ends Park မှာ ကမ္ဘာ့အသေးဆုံးပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ ၃ ဒသမ ၁၄ စတုရန်းပေ ဖြစ်သည်။

ဂျပန်သို့ ပြန်ရောက်ချိန်တွင် နဂိုင်းဇုမိမြို့လေး၏ လမ်းမကြီးတစ်နေရာတွင် မြေလွတ်နေရာငယ်တစ်ခုတွေ့ရာ ပန်းဥယျာဉ်ငယ်လေးတစ်ခု ဖန်တီးရန် စီစဉ်ခဲ့သည်။

ကမ္ဘာ့အသေးဆုံးပန်းဥယျာဉ်အဖြစ် တရားဝင်မှတ်တမ်းတင်ခံရရန်အတွက် ကွင်းဆင်းစစ်ဆေးရေးမှူးတို့ကို ဖိတ်ခေါ်ခဲ့ပြီးနောက် ဂင်းနက်စ်စံချိန်အဖွဲ့၏ စံနှုန်းများအတိုင်း အချက်အလက်များ ကောက်ယူခဲ့ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Is the Smallest Park in the World—and It’s the Size of Just 4 Pieces of Paper

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား
ဗြိတိန်အမျိုးသားက ပလတ်စတစ်ဘူးပေါင်း ၁၅၀,၀၀၀ ဖြင့် ကျွန်းတစ်ကျွန်း တည်ဆောက်
ဗြိတိန်အမျိုးသားက ပလတ်စတစ်ဘူးပေါင်း ၁၅၀,၀၀၀ ဖြင့် ကျွန်းတစ်ကျွန်း တည်ဆောက်
အမေရိကန်အမျိုးသားက အိမ်တွင် ပါတီပွဲကျင်းပလိုသောကြောင့် ဇနီးဖြစ်သူ အိမ်ပြန်မလာနိုင်စေရန် ရည်ရွယ်ကာ ရေထိန်းတမံ ဖွင့်ချခဲ့ရာ မြေဧကပေါင်း ၁၄၀၀၀ ရေမြုပ်သွားခဲ့ရပုံ...
အမေရိကန်အမျိုးသားက အိမ်တွင် ပါတီပွဲကျင်းပလိုသောကြောင့် ဇနီးဖြစ်သူ အိမ်ပြန်မလာနိုင်စေရန် ရည်ရွယ်ကာ ရေထိန်းတမံ ဖွင့်ချခဲ့ရာ မြေဧကပေါင်း ၁၄၀၀၀ ရေမြုပ်သွားခဲ့ရပုံ...
အမေရိကန်သိပ္ပံပညာရှင်တို့က လူ့အရေပြားဆဲလ်များကို သန္ဓေသားမျိုးဥအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်မှု သိပ္ပံလောကတစ်ခုလုံး ဂယက်ရိုက်၊ လိင်တူချစ်သူများ သားသမီးရနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာ...
အမေရိကန်သိပ္ပံပညာရှင်တို့က လူ့အရေပြားဆဲလ်များကို သန္ဓေသားမျိုးဥအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်မှု သိပ္ပံလောကတစ်ခုလုံး ဂယက်ရိုက်၊ လိင်တူချစ်သူများ သားသမီးရနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာ...
မိမိအားပေးသော K-Pop idol ဆံပင်အရောင်ပြောင်းတိုင်း လစဉ် ဆံပင်ဆေးဆိုးသော တရုတ်ပြည်မှ မိန်းကလေး ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီး...
မိမိအားပေးသော K-Pop idol ဆံပင်အရောင်ပြောင်းတိုင်း လစဉ် ဆံပင်ဆေးဆိုးသော တရုတ်ပြည်မှ မိန်းကလေး ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီး...
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service