နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့ - Property News in Myanmar from iMyanmarHouse.com
4 Mar 2025 10:43 am တွင် တင်ခဲ့သည်
986 ကြိမ် ကြည့်ရှု့ပြီး

နီပေါနိုင်ငံ၏မြို့တော် ခေတ္တမန်ဒူရှိ အထွတ်အမြတ်ထားရာ ဘုရားကျောင်းတစ်ခုတွင် ဟိန္ဒူဘာသာဝင် ထောင်သောင်ချီကာ ပြီးခဲ့သော ဖေဖော်ဝါရီ ၂၆ ရက်က လာရောက်ခဲ့ကြပြီး နီပေါ၏ အကြီးမားဆုံး ဘာသာရေးပွဲတော်များတွင် ပါဝင်သောပွဲတစ်ခု ကျင်းပခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

နီပေါ၏ အထွတ်အမြတ်အထားခံရဆုံး ဘုရားကျောင်းဖြစ်သော ဟိန္ဒူသိဝနတ်ဘုရားကို ကိုးကွယ်ထားသည့် Pashupati ဘုရားကျောင်းအနီးရှိ ဘန်ကာလီတောအုပ်အတွင်း ဟိန္ဒူဘာသာရေးဆရာများနှင့် ဟိန္ဒူဘာသာဝင်များစွာ ရောက်ရှိလာကာ ဆေးခြောက်ရှူခဲ့ကြသည်။

နီပေါတွင် ဆေးခြောက်ရှူခြင်းကို ဥပဒေအရ တားမြစ်ထားသော်လည်း သိဝ ရာတြီ ပွဲတော်ကာလတွင် ဓလေ့ထုံးတမ်းအနေဖြင့် ခွင့်ပြုပေးထားသည်။

((မှတ်ချက်။ ဥပဒေနယ်ပယ်တွင် ဓလေ့ထုံးတမ်းဥပဒေ ကျင့်သုံးမှုများ နိုင်ငံအသီးသီးတွင် ရှိနေသည်။

ဓလေ့ထုံးတမ်းဥပဒေတွင် ခွင့်ပြုထားသည့် ကိစ္စရပ်များသည် ပုံမှန် ရာဇသတ်ကြီးနှင့် ဆန့်ကျင်နေလေ့ရှိသည်။

သာဓကအားဖြင့် မြန်မာပြည်တွင် နာရေးအိမ်တို့၌ ဖဲကစားခြင်းကို သက်ဆိုင်ရာက အရေးမယူဘဲ ခွင့်ပြုထားကြသည်။ ဓလေ့ထုံးတမ်းဥပဒေအရ ဖြစ်၏။

ပုံမှန် ရာဇသတ်ကြီးဥပဒေအရမူ ဖဲရိုက်ခြင်းမှာ ဥပဒေနှင့် ငြိစွန်းနေသည်ကို တွေ့နိုင်သည်။

မြန်မာပြည်ရှိ တောင်ပေါ်တိုင်းရင်းသားအချို့တွင် လူသတ်မှုဖြစ်ပွားပါက အသတ်ခံရသူ၏ မိသားစုဝင် တစ်ဦးဦးက ပြန်လည်လက်စားချေခြင်းကို ဓလေ့ထုံးတမ်းအဖြစ် ရှေးယခင်က ခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင်မူ ရာဇသတ်ကြီးအရသာ ကျင့်သုံးသည်။))

ဟိန္ဒူဘာသာဝင်တို့သည် ဝတ်ပြုဆုတောင်းခြင်း၊ ဘာသာရေးသီချင်းများဆိုကာ ကခုန်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

နီပေါနိုင်ငံတွင် လူဦးရေ၏ ၈၁ ရာခိုင်နှုန်းမှာ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ဟိန္ဒူဘာသာဝင်များစွာလည်း ယခုပွဲတော်သို့ လာရောက်ခဲ့ကြသည်။

သိဝ ရာတြီပွဲတော်တွင် အဓိကကျသော အစိတ်အပိုင်းမှာ ဆေးခြောက်လွတ်လပ်စွာ အသုံးပြုခွင့်ရှိခြင်း ဖြစ်သည်။

သာမန်အချိန်တွင်ဆ်ိုလျှင် နီပေါတွင် ဆေးခြောက်သုံးစွဲပါက ထောင်ဒဏ် ၁ လ ချမှတ်ခံရမည်ဖြစ်ပြီး ရောင်းဝယ်ဖောက်ကားသူဆိုလျှင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။

 

(▲ နီပေါနိုင်ငံ၊ ခေတ္တမန်ဒူမြို့ရှိ Pashupatinath ဟိန္ဒူဘုရားကျောင်းတွင် သိဝ ရာတြီပွဲတော်ကာလအတွင်း ဟိန္ဒူဘာသာရေးဆရာတစ်ဦး ဆေးခြောက်ရှူနေပုံကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-AP Photo/ Niranjan Shrestha)

 

 

(▲ ဟိန္ဒူဘာသာဝင်တစ်ဦးကပ်လှူသော လဘက်ရည်တစ်ခွက်အား ဘာသာရေးဆရာတို့ သောက်သုံးနေပုံကို နီပေါနိုင်ငံ၊ ခေတ္တမန်ဒူမြို့ရှိ Pashupatinath ဟိန္ဒူဘုရားကျောင်းတွင် သိဝ ရာတြီပွဲတော်ကာလအတွင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-AP Photo/ Niranjan Shrestha)

 

 

(▲ နီပေါနိုင်ငံ၊ ခေတ္တမန်ဒူမြို့ရှိ Pashupatinath ဟိန္ဒူဘုရားကျောင်းတွင် သိဝ ရာတြီပွဲတော်ကာလအတွင်း အမျိုးသားတစ်ဦးက ဆေးခြောက်များထည့်ထားသော စီးကရက်များကို ဟိန္ဒူဘာသာဝင်များအား ရောင်းချပေးခဲ့ပုံကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-AP Photo/ Niranjan Shrestha)

 

 

(▲ နီပေါနိုင်ငံ၊ ခေတ္တမန်ဒူမြို့ရှိ Pashupatinath ဟိန္ဒူဘုရားကျောင်းတွင် သိဝ ရာတြီပွဲတော်ကာလအတွင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်၌ အမျိုးသားတစ်ဦးက ဟိန္ဒူဘာသာဝင်များအား ရောင်းချရန်အတွက် စီးကရက်အတွင်း ဆေးခြောက်များထည့်နေသည်ကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-AP Photo/ Niranjan Shrestha)

 

ပွဲတော်သို့လာသော ဟိန္ဒူဘာသာရေးဆရာများနှင့် ဟိန္ဒူဘာသာဝင်များသည် ဘုရားကျောင်းအနီး ဘက်ဂ်မာတီမြစ်ကမ်းတလျှောက်ရှိ တောအုပ်အတွင်း စခန်းချနေထိုင်ပြီး ဆေးခြောက်ရှူကြသည်။

နီပေါလူငယ်များနှင့် မိန်းကလေးအချို့လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tens of thousands gather for Hindu festival at Nepal temple, with many lighting up marijuana joints Photo Credit- AP Photo/ Niranjan Shrestha

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service