တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ - Property News in Myanmar from iMyanmarHouse.com
28 Feb 2025 11:55 am တွင် တင်ခဲ့သည်
822 ကြိမ် ကြည့်ရှု့ပြီး

တေလာဆွစ်ဖ်သည် အချိန် ၈ လတာအတွင်း ကန်ဒေါ်လာ ၁ ဘီလီယံကျော် ချမ်းသာလာခဲ့ကာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်လာခဲ့သည်။

တေးသီချင်းများ၏ တန်ကြေး၊ ဖျော်ဖြေပွဲများမှ ဝင်ငွေသက်သက်ဖြင့် ဘီလျံနာဘဝသို့ ရောက်ခဲ့သည့် ပထမဆုံး ဂီတသမားအဖြစ်လည်း သမိုင်းတင်ခဲ့သည်။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ တေလာဆွစ်ဖ်၏ တေးသီချင်းများ တန်ကြေးသည်ပင်လျှင် ကန်ဒေါ်လာ သန်း ၆၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

ဂီတဖျော်ဖြေပွဲများနှင့် မူပိုင်ခွင့်များမှ ရငွေမှာ ကန်ဒေါ်လာ သန်း ၆၀၀ ခန့် ရှိသည်။

ထို့အပြင် သူ ပိုင်ဆိုင်ထားသော အိမ်ခြံမြေများ၏ တန်ကြေးမှာလည်း ကန်ဒေါ်လာ ၁၂၅ သန်းဖိုးခန့် ရှိနေသည်။

 

((တေလာဆွစ်ဖ် ကျိကျိတက်ချမ်းသာလာသည့် နောက်ကွယ်မှ အကြောင်းရင်း))

တေလာဆွစ် အချိန်အနည်းငယ်အတွင်း နေ့ချင်းညချင်း မိုးစွန်တမွတ် ကြွယ်ဝသွားရခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာ့စံချိန်ချိုးအောင် ဝင်ငွေကောင်းခဲ့သည့် Eras Tour ကမ္ဘာလှည့်ဂီတဖျော်ဖြေခရီးစဉ်ကြောင့် ဖြစ်သည်။

အဆိုပါ ဂီတခရီးစဉ်ကို ၂၀၂၃ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး ဒီဇင်ဘာတွင်ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

တေလာဆွစ်ဖ်သည် Eras Tour အတွက် အရှေ့တောင်အာရှတွင် စင်္ကာပူတစ်နိုင်ငံတည်းတွင်သာ သီးသန့်သီဆိုပေးခဲ့မှုနှင့် ပတ်သက်၍လည်း ဝေဖန်မှုများ ရှိခဲ့သည်။

(ဆက်စပ်သတင်း)

အရှေ့တောင်အာရှတွင် စင်္ကာပူတစ်နိုင်ငံတည်းတွင်သာ သီးသန့်သီဆိုပေးရန် သဘောတူစာချုပ်ကာ တစ်ပွဲလျှင် ဒေါ်လာ ၃ သန်းဖြင့် သီဆိုခဲ့မှုအတွက် ဝေဖန်ခံနေရသူ တေလာဆွစ်ဖ်နှင့် သူ၏ ဒေါ်လာ သန်း ၈၀ ဖိုးခန့်ရှိ အမေရိကန်ပြည်တဝန်းမှ စံအိမ်များ

https://www.imyanmarhouse.com/news/read/1102046

တေလာဆွစ်ဖ်သည် Eras Tour အတွက် စင်္ကာပူတွင် လာရောက်ဖျော်ဖြေခဲ့စဉ်က Colonial Manor အမည်ရှိ စံအိမ်ကြီးကို တစ်ညလျှင် ဒေါ်လာ ၁၄၀၀၀ ပေးကာ ငှားရမ်းတည်းခိုသွားခဲ့သည်။

(ဆက်စပ်သတင်း)

တေလာဆွစ်ဖ် စင်္ကာပူတွင် လာရောက်ဖျော်ဖြေစဉ် တစ်ညလျှင် ဒေါ်လာ ၁၄၀၀၀ ဖြင့် ငှားရမ်း တည်းခိုခဲ့သော စံအိမ်

https://www.imyanmarhouse.com/news/read/1102776

သူ၏ ဂီတဖျော်ဖြေပွဲသည် တစ်ကမ္ဘာလုံးကို ဖမ်းစားနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်အမျိုးမျိုးတင်ခဲ့သည်။

Eras Tour သည် ဒီဇင်ဘာသို့ ရောက်သောအခါ ဝင်ငွေ ၁ ဘီလီယံကျော်ရှိလာခဲ့ရာ ဂီတဖျော်ဖြေပွဲသမိုင်းတလျှောက် ၁ ဘီလီယံကျော်သည့် ပထမဆုံး tour အဖြစ် စံချိန်တင်သွားကြောင်း Pollstar က ဖော်ပြသည်။

ကနေဒါနိုင်ငံ၊ British Columbia မှ ဗန်ကူးဗားမြို့တွင် ကျင်းပခဲ့သော ၁၄၉ ပွဲ မြောက် နောက်ဆုံးဖျော်ဖြေပွဲအပြီး Eras Tour ၏ စုစုပေါင်း လက်မှတ်ရောင်းချရငွေမှာ ကန်ဒေါ်လာ ၂,၀၇၇,၆၁၈,၇၂၅ အထိ ရောက်ရှိခဲ့သည်။

ထိုရောင်းအားပမာဏမှာ သမိုင်းတလျှောက် မည်သည့် ဂီတ tour ထက်မဆို ရောင်းအား ၂ ဆသာလွန်သည့် ပမာဏဖြစ်ပြီး ကမ္ဘာ့ဂီတဖျော်ဖြေပွဲသမိုင်းတွင် မည်သည့်အခါကမှ မကြုံစဖူး ထူးကဲသည့် အောင်မြင်မှုကြီးလည်း ဖြစ်သည်။

နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ဖော်ပြချက်အရ တေလာဆွစ်ဖ်၏ တေးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Taylor Swift Touring က အဆိုပါ ရောင်းအားပမာဏကို အတည်ပြုခဲ့ကြောင်း၊ တေလာဆွစ်ဖ်အနေဖြင့် သူ၏ ဂီတဖျော်ဖြေပွဲဝင်ငွေအတိအကျကို ပထမဆုံး ထုတ်ဖော်ပြောပြမှုဖြစ်ကြောင်း ဖော်ပြသည်။

Eras Tour အတွက် လက်မှတ်အရောင်းဖွင့်လိုက်ချိန်တွင်ပင် ဝယ်ယူကြသူ အလွန်တရာ များပြားလှသောကြောင့် လက်မှတ်ရောင်းသည့် Ticketmaster ၏ ဝက်ဘ်ဆိုက်မှာ ဝင်မရတော့ဘဲ ဖြစ်သွားသည်အထိ အောင်မြင်မှုကြီးမားလှသည်။

((Eras Tour အောင်မြင်မှုကြီး))

 

တေလာဆွစ်ဖ်၏ Eras Tour သည် ဂီတနယ်မှ ထိပ်သီးဂုရုကြီးများထက်ပင် အပြတ်အသတ် အောင်မြင်မှုရခဲ့သည်။

Eras Tour ပြီးဆုံးသွားပြီးနောက် Coldplay အဖွဲ့သည်လည်း ၁၅၆ ရက် ကြာမြင့်မည်ဖြစ်သော Music of the Spheres World Tour အမည်ရှိ ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များ ရောင်းချထားရသည့် ရောင်းအား ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ရှိကြောင်း Billboard က ဖော်ပြသည်။

Music of the Spheres World Tour မှာ ၂၀၂၂ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာ ၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ ပွဲအရေအတွက် ၂၂၅ ပွဲဖြစ်သည်။ တေလာဆွစ်ဖ်၏ Eras Tour မှာ ၁၄၉ ပွဲ ဖြစ်သည်။ တေလာဆွစ်ဖ်မှာ Coldplay ၏ ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲအောက် ပွဲစဉ်ပိုမိုနည်းပါးသော်လည်း လက်မှတ်ရောင်းအား ၂ ဆ သာလွန်ခဲ့သည်။

Eras Tour မှ ပွဲစဉ်တိုင်း၏ ပျမ်းမျှလက်မှတ်ဈေးနှုန်းမှာ ၂၀၄ ဒေါ်လာဖြစ်ရာ ဂီတလောက ပျမ်းမျှလက်မှတ်ဈေးနှုန်းထက် ၂ ဆ ဈေးများကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိပ်တန်း ဂီတ Tour ပေါင်း ၁၀၀ ၏ ပျမ်းမျှလက်မှတ်ပေါက်ဈေးမှာ ၁၃၁ ဒေါ်လာဖြစ်ကြောင်း Pollstar က ဖော်ပြသည်။

တေလာဆွစ်ဖ်၏ Eras Tour မှ ဂီတပွဲများသို့ လာရောက်ခဲ့သည့် ပရိသတ်ဦးရေ စုစုပေါင်း ၁၀ သန်းကျော်ရှိခဲ့ပြီး ဂီတပွဲကျင်းပရာနိုင်ငံများ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်ခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet world’s richest female music star who earned a whopping $1 billion in just 8 months

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service