အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ - Property News in Myanmar from iMyanmarHouse.com
28 Feb 2025 11:10 am တွင် တင်ခဲ့သည်
583 ကြိမ် ကြည့်ရှု့ပြီး

ကျွန်းတစ်ကျွန်းတွင် သီးသန့် အပန်းဖြေနိုင်ရေးဆိုသည်မှာ မလွယ်လှ။

ကျိကျိတက် ကြွယ်ဝချမ်းသာသူတို့သာ ကျွန်းတစ်ကျွန်းကို ကိုယ်ပိုင်ဝယ်ယူ ပိုင်ဆိုင်နိုင်ကြသည်။

သို့သော် ကိုယ်ပိုင်မဝယ်နိုင်သူများအနေဖြင့်လည်း ငွေအနည်းငယ်မျှ ပေးရုံဖြင့် ချမ်းသာကြွယ်ဝသူတို့၏ ဘဝနေထိုင်မှု ပုံစံမျိုး ရရှိနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေသည်။

သူဌေးကြီး ဆာရစ်ချတ် ဘရန်ဆန်း၏ ကမ္ဘာကျော် Necker Island အမည်ရှိ အပန်းဖြေကျွန်းကြီးနှင့် မယှဉ်နိုင်သော်လည်း အင်္ဂလိပ်ရေလက်ကြားတွင် တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ကျွန်းတစ်ခု ရှိနေသည်။

ကျွန်း၏ အမည်မှာ လီဟို (Lihou) ဖြစ်ပြီး Guernsey အမည်ရှိ ကျွန်းကြီး၏ အနောက်ဘက်တွင် တည်ရှိသည်။

ကျွန်းမှာ အင်္ဂလန်ထက် စာလျှင် ပြင်သစ်နိုင်ငံနှင့် ပိုမို နီးစပ်သည်။

လန်ဒန်မြို့နှင့် ကီလိုမီတာ ၂၀၀ ကျော် ဝေးကွာပြီး ပြင်သစ်နိုင်ငံမှ အနီးဆုံးမြို့နှင့်ဆိုလျှင် ၇၈ ကီလိုမီတာသာ ဝေးသည်။

လီဟိုကျွန်းပေါ်တွင် အိမ်တစ်လုံးတည်းသာ ရှိသည်။

အဆိုပါ ကျွန်းကို Lihou Charitable Trust က ပိုင်ဆိုင်စီမံခန့်ခွဲသည်။

ကျွန်းပေါ်ရှိ နေအိမ်ရှိရာသို့ ဒီရေကျချိန်တွင် ကျောက်လမ်းတစ်ခုမှသာ သွားရောက်နိုင်သည်။

တစ်လလျှင် ၂ ပတ်မှာ ဒီရေကျသောကာလ ဖြစ်သည်။

အဆိုပါဒေသသည် တချိန်က ပင်လယ်ရေညှိ ထုတ်လုပ်မှု အားကောင်းခဲ့သော နေရာ ဖြစ်သော်လည်း ယခုအခါတွင်မူ လူသူကင်းမဲ့လျက် ရှိသည်။

ကျွန်းပေါ်တွင် အချက်ပြလိုင်းများ မမိသောကြောင့် ကျွန်းပေါ်တွင် တည်းခိုနေထိုင်လိုသူတို့အနေဖြင့် Netflix (သို့မဟုတ်) Spotify တို့နှင့် လမ်းခွဲရမည် ဖြစ်သည်။

နေအိမ်တွင် ရုပ်မြင်သံကြားစက်လည်းမရှိ။

သို့သော် မျက်မှောက်ခေတ် အာရုံထွေပြားသော ကမ္ဘာကြီးနှင့် အဆက်ဖြတ်လိုသူတို့အတွက်မူ ပြီးပြည့်စုံသော နိဗ္ဗာန်ဘုံတစ်ခု ဖြစ်သည်။

 

(▲ ငှားရမ်းနေထိုင်မည့်သူတို့အနေဖြင့် တစ်ကျွန်းလုံးတွင် မိမိတို့ချည်း သီးသန့် လွတ်လပ်စွာ နေထိုင်နိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်သည်။ ဓာတ်ပုံ-The Lihou Charity LBG)

 

 

(▲ သဘာဝအလှတရားများ ဝန်းပတ်ထားသည်။ ဓာတ်ပုံ-The Lihou Charity LBG)

တစ်ကျွန်းလုံးတွင် သီးသန့် နေထိုင်နိုင်မည် ဖြစ်သောကြောင့် အိမ်နီးချင်းများနှင့် ပြဿနာတက်စရာ အကြောင်းလည်း မရှိတော့ချေ။

သို့သော် ကျွန်းပေါ်မှ နေအိမ်ရှိရာသို့ သွားသည့် တစ်မိုင်၏ လေးပုံတစ်ပုံခန့် ရှည်လျားသော ကျောက်လမ်းမှာ လှိုင်းများ အမြဲရိုက်ပုတ်ကာ ချောနေသောကြောင့် မိမိတို့၏ အထုပ်အပိုးများ ပြုတ်မကျစေရန် ဂရုတစိုက် သယ်ဆောင်ရမည် ဖြစ်သည်။

ထို့အပြင် ကျွန်းရှိရာသို့ Delivery ဖြင့် အစားအသောက် မှာယူ၍ မရနိုင်သောကြောင့် လိုအပ်သည့် ရိက္ခာအားလုံး သယ်ယူသွားရမည် ဖြစ်သည်။

သို့သော် ဆူညံပွက်လောရိုက်နေသော နေ့စဉ်လူနေမှု ဘဝမှ ရုန်းထွက်ကာ ဆိတ်ငြိမ်အေးချမ်းမှုကို ခံစားလိုသူများအတွက် သွားရ ကျိုးနပ်မည့် နေရာတစ်ခု ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You can rent an entire private English island for just £40 a night Photo Credit- The Lihou Charity LBG

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service