သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
27 Feb 2025 10:27 am တွင် တင်ခဲ့သည်
2048 ကြိမ် ကြည့်ရှု့ပြီး

ကံကြမ္မာတည်းဟူသော ဇာတ်ဆရာက မည်သို့မည်ပုံ ဇာတ်လမ်းဇာတ်ကွက်များ ဖန်တီးထားသည်ကို ကျွန်ုပ်တို့ ကြိုတင်မသိနိုင်ချေ။

လူတစ်ဦးစီ၏ ဘဝခရီးမည်သို့ ဖြတ်သန်းရမည်ဟူသည့် ဘဝဇာတ်ကွက်များကို ကံဇာတ်ဆရာက ကြိုတင်ရေးသားထားပြီး ဖြစ်သည်။

မကြာသေးမီက တရုတ်ပြည်တွင် မီးသတ်သမားလူငယ်တစ်ဦးက ၎င်းအသက်ကယ်ပေးလိုက်သည့် မိန်းကလေးနှင့် ဖူးစာဆုံသွားသည့်ဖြစ်ရပ်မှာ ပြည်မကြီးလူမှုကွန်ရက်၌ နာမည်ကြီးနေသည်။

အံ့ဖွယ်ကောင်းသော ကံတရားကို လူတို့ တဖန်ပြန်လည် ယုံကြည်လာကြသည်။

ဖြစ်ပုံမှာ တရုတ်ပြည် အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်၊ ဖူကျိုးမြို့ရှိ လူနေတိုက်ခန်းတစ်ခုတွင် အသည်းကွဲနေသော မိန်းကလေးတစ်ဦးက မိမိကိုယ်ကို အဆုံးစီရင်ရန် အဆောက်အအုံထိပ်ဖျားစွန်းတွင် ရပ်နေခဲ့သည်။

အဆိုပါ မိန်းကလေးအား အရေးပေါ်ကယ်တင်ရန် အမိန့်ရလာသောကြောင့် မီးသတ်သမားတစ်ဖွဲ့သည် လူနေတိုက်ခန်းရှိရာ အဆောက်အအုံသို့ သွားရောက်ခဲ့ကြသည်။ ကယ်ဆယ်မည့်သူများ ချဉ်းကပ်လာချိန်တွင် စိတ်လှုပ်ရှားမှု ပြင်းထန်နေသော မိန်းကလေးမှာ အဆောက်အအုံ ဘောင်စွန်းမှ ပြုတ်ကျသွားသော်လည်း ဘောင်စွန်းကို လက်ဖြင့် ဖမ်းဆွဲထားနိုင်ခဲ့သည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ အတွင်းစိတ်တွင် အသက်ရှင်လိုစိတ် ရှိနေကြောင်း သိနိုင်သည်။

ထိုအချိန်တွင် ကယ်ဆယ်ရန် ရောက်ရှိလာသော မီးသတ်သမားအဖွဲ့မှတစ်ဦးက ချက်ချင်းပြေးသွားခဲ့ပြီး မိန်းကလေး၏ လက်ကို ဆွဲထားနိုင်ခဲ့သည်။

အပေါ်ထပ်တွင် ကယ်ဆယ်ရေးသမားက လက်ကို ဆွဲထားသည့်နည်းတူ အောက်ထပ်ရှိ ပြတင်းပေါက်မှ တစ်ဦးက မိန်းကလေး၏ ခြေထောက်ကို ခိုင်ခိုင်မြဲမြဲ ဆွဲထားသည်။

ထိုအခြေအနေတွင် ခြေလှမ်းတစ်ချက်ချော်သွားသောကြောင့် မိန်းကလေးမှာ အောက်သို့ လျှောကျသွားခဲ့ရာ အောက်ထပ်ရှိ မီးသတ်သမား ၄ ဦးက မိန်းကလေး၏ ခန္ဓာကိုယ်အောက်ပိုင်းကို ပြတင်းပေါက်မှတဆင့် ဆွဲထားကြရာ မိန်းကလေး၏ ဘောင်းဘီမှာ ခါးပတ်မပါသောကြောင့် လျှောကာ ကျွတ်သွားသည်။

 

 

(▲ မိန်းကလေးကို ကယ်ဆယ်စဉ် မီးသတ်သမားတို့မှာ မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိသွားသည်။ ဓာတ်ပုံ-Weibo)

ထိုအချိန်တွင် ဖမ်းမထိန်းပါက မိန်းကလေးမှာ အောက်သို့ ပြုတ်ကျတော့မည်ဖြစ်ရာ မီးသတ်သမားတစ်ဦးမှာ တုံ့နှေးမနေဘဲ မိန်းကလေး၏ တင်ပါးကို လက်ဖြင့် ပင့်မ ပေးထားပြီး ပြုတ်မကျစေရန် ထိန်းထားပေးခဲ့သည်။

သူ၏ ထိုသို့ လျင်မြန်စွာ ထိန်းလိုက်နိုင်မှုကြောင့် မိန်းကလေးမှာ သေကံမရောက်ခဲ့။ အဆိုပါဖြစ်ရပ်ကို တစ်ဖက်တိုက်မှတဆင့် ဝိုင်းဝန်းကြည့်ရှုနေသူတို့က ဗွီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်ခဲ့ကြသည်။

ကယ်ဆယ်ရေးသမားတစ်ဦး၏ တာဝန်မှာ အသက်များ ကယ်တင်နိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး လုပ်ဆောင်ရန် ဖြစ်သည်။

၎င်းတို့၏ စိတ်အာရုံတွင် ကျား၊ မဟူသည့် လိင်ခွဲခြားမှုများ မရှိတော့ချေ။

အဆိုပါ သူရဲကောင်းတို့အတွက် လူ့အသက်များ ကယ်ဆယ်ရေးသာ တာဝန်ဝတ္တရားတစ်ခုအဖြစ် ရှုမြင်ကြသည်။ ဆရာဝန်များကဲ့သို့ပင်တည်း။

ကျား၊ မခွဲခြားမှု ရှိမနေဘဲ ၎င်းတို့၏ စိတ်အစဉ်မှာ ကန်ရေပြင်အလား တည်ငြိမ်၍သာ ရှိကြသည်။

((လက်ထပ်ခဲ့ကြ))

အထက်ပါဖြစ်ရပ်များဖြစ်ပွားပြီး ၃ လကြာသောအခါ မီးသတ်သမားလူငယ်နှင့် မိမိကိုယ်ကို အဆုံးစီရင်လိုခဲ့သည့် မိန်းကလေးတို့ လက်ထပ်ခဲ့ကြသည်။

၎င်းတို့၏ ဇာတ်ပေါင်းခန်းကို ကြည့်ကာ လူမှုကွန်ရက်သုံးစွဲသူတို့က ကံတရား၏ ဆန်းကြယ်မှုကို ရင်သပ်ရှုမော ဖြစ်ခဲ့ကြသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက အရွှန်းဖောက် မှတ်ချက်ပြုသည်မှာ “ရှင် ကျွန်မရဲ့ ဘောင်းဘီကို ဆွဲချွတ်လိုက်တယ်။ ကျွန်မ ဒီဘဝမှာ တခြားဘယ်သူ့ကိုမှ လက်မထပ်တော့ဘူး” ဟု ဆိုသည်။

(▲ နောင် ၃ လကြာသောအခါ အဆုံးစီရင်ကြိုးစားသည့် မိန်းကလေးနှင့် မီးသတ်သမားလူငယ်တို့ လက်ထပ်ခဲ့ကြသည်။ ဓာတ်ပုံ-Weibo)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Love story unfolds: Chinese woman marries firefighter who saved her life Photo Credit-Weibo

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service