တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
20 Feb 2025 11:37 am တွင် တင်ခဲ့သည်
1439 ကြိမ် ကြည့်ရှု့ပြီး

များစွာသောသူတို့မှာ တောင်တက်ရာတွင် ခြေထောက်ဖြင့် တက်နိုင်ရန်ပင် ခက်ခက်ခဲခဲ ကြိုးပမ်းကြရသည်။

တရုတ်ပြည်မှ အမျိုးသားတစ်ဦးမှာမူ တရုတ်ပြည်၏ အထင်ကရတောင်ကြီးများကို ကင်းမြီးကောက်ထောင်ပြီး တက်နေရာ လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

၎င်း၏ အမည်မှာ ဆွန်းကော်ရှန်းဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ဖြစ်သည်။

ဆွန်းကော်ရှန်းသည် ကင်းမြီးကောက်ထောင်ကာ တောင်တက်ခြင်းကို ၂၀၂၃ ခုနှစ်၊ မေလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင်မူ ဆွန်းကော်ရှန်းက တရုတ်ပြည်ရှိ အကျော်ကြားဆုံးတောင် အလုံး ၅၀ ကို ၂၀၂၅ ခုနှစ် နွေဦးပေါက်တွင် အပြီးတက်ရန် ဆုံးဖြတ်ခဲ့သည်။

၂၀၂၄ ခုနှစ် မေလတွင် ထိုသို့ စတင်ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလသို့ ရောက်မှ စတင် နာမည်ကြီး လူသိများလာခဲ့သည်။

၁၆၁၂ မီတာ မြင့်မားသော ဝူတန်တောင်၏ အမြင့်ဆုံး တောင်ထိပ်သို့ ကင်းမြီးကောက်ထောင်ကာ တက်ရောက်ခဲ့ပုံ ဗွီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း စတင် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

(ဆွန်းကော်ရှန်း (ညာဘက်မှလူ) က ကျန်းမာရေးကောင်းရန် နေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် မေလတွင် ကင်းမြီးကောက်ထောင်ကာ စတင် တောင်တက်ခဲ့သည်။)

(ရှန်တုန်ပြည်နယ်သားဖြစ်သူ ဆွန်းကော်ရှန်းသည် ပေ ၅၀၀၀ ကျော် မြင့်မားသော ဝူတန်တောင်ထိပ်သို့ ကင်းမြီးကောက်ထောင်ကာ တက်ရောက်ခဲ့ပုံ ဗွီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း စတင် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။)

(ဆွန်းကော်ရှန်းသည် လက်ရှိအချိန်အထိ တောင် ၃၄ လုံး တပ်ခဲ့ပြီးဖြစ်ရာ လာဂျွန်းတောင်၊ ယွမ်မန်တောင်နှင့် ပုံတွင် တွေ့ရသော ဝူတိုင်တောင်တို့ အပါအဝင် ဖြစ်သည်။ ဝူတိုင်တောင်သည် ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားသည့် နေရာဖြစ်ပြီး ပေ ၁၀၀၀၀ ကျော် မြင့်မားသည်။)

“ကျွန်တော် အခုတက်ရောက်ခဲ့တာက ၃၄ လုံးမြောက်ဖြစ်ပြီး အခက်အခဲဆုံးတောင်လည်း ဖြစ်ပါတယ်”ဟု ဆွန်းကော်ရှန်းက ပြောသည်။

“ဒီတောင်မှာ ကျွန်တော် အကြိမ် ၁၀၀ နီးပါးလောက် လဲကျခဲ့ပါတယ်။”

ဆွန်းကော်ရှန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၇၀၀ မြင့်မားသော လူရှန်းတောင်ကို တက်ရာတွင် ၃ နာရီ ကြာမြင့်ခဲ့သည်။

လူရှန်းတောင်သည် တရုတ်ပြည်၏ အထင်ကရ တောင်တန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အလျား ၁၅ မိုင်ရှိကာ အကျယ်မှာ ၆ မိုင်ရှိသည်။

(ထျန်မန်းတောင်သို့ ဆွန်းကော်ရှန်း တက်ရောက်ခဲ့ပုံ။)

(ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၇၀၀ မြင့်မားသော လူရှန်းတောင်ကို တွေ့ရပုံ။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Acrobatic adventurer climbs China's most famous mountains - balancing only on his palms Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service