Valentine’s Day တွင် အသည်းကွဲနေသူတို့အနေဖြင့် ချစ်သူဟောင်းအား လက်စားချေနိုင်ရန် အမေရိကန်ရှိ တိရ စ္ဆာန်ဥယျာဉ်များက စီစဉ်ပေးလာသည့် ထူးဆန်းသော လက်စားချေနည်းများ

Valentine’s Day တွင် အသည်းကွဲနေသူတို့အနေဖြင့် ချစ်သူဟောင်းအား လက်စားချေနိုင်ရန် အမေရိကန်ရှိ တိရ စ္ဆာန်ဥယျာဉ်များက စီစဉ်ပေးလာသည့် ထူးဆန်းသော လက်စားချေနည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
14 Feb 2025 9:45 am တွင် တင်ခဲ့သည်
471 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အသည်းကွဲနေသူတို့အနေဖြင့် ချစ်သူများနေ့တွင် ချောကလက်များ ၊ ပန်းစည်းများကို စိတ်ဝင်စားကြမည် မဟုတ်ချေ။

အကယ်၍ ပိုးဟပ်တစ်ကောင်ကို သင့် Ex ၏ နာမည်မှည့်ခေါ်လိုက်ပြီး အခြားသတ္တဝါတစ်ကောင်က အဆိုပါပိုးဟပ်အား စားသောက်နေသည်ကို ထိုင်ကြည့်ရလျှင် မည်မျှအရသာရှိမည်နည်း။

ယခုနှစ် Valentine’s Day တွင် အမေရိကန်ပြည်တလွှားရှိ တိရ စ္ဆာန်ရုံများစွာက အသည်းကွဲနေသူများအတွက် ချစ်သူဟောင်းတို့ကို လက်စားချေနိုင်မည့် ထူးဆန်းသော အစီအစဉ်များ စီစဉ်ပေးလာသည်။

San Antonio တိရ စ္ဆာန်ဥယျာဉ်မှသည် Bronx တိရ စ္ဆာန်ဥယျာဉ်တို့အထိ Valentine’s Day အထူးအစီအစဉ် အဖြစ် စီစဉ်ပေးလာမှုများမှာ ခံစားချက်များ ပြေပျောက်စေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ရယ်စရာကောင်း နေသည်။

● ၁။ ဆန် အန်တိုနီယို တိရ စ္ဆာန်ဥယျာဉ်၊ တက္ကဆပ်ပြည်နယ်

အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်၊ ဆန် အန်တိုနီယိုမြို့မှ ၅၇ ဧက ကျယ်ဝန်းသော ဆန် အန်တိုနီယို တိရ စ္ဆာန် ဥယျာဉ်သည် ယခုနှစ် Valentine’s Day တွင် ချစ်သူဟောင်းအား လက်စားချေလိုသူတို့အတွက် အစီအစဉ်တစ်ခု စီစဉ်ပေးလာသည်။ ပိုးဟပ်တစ်ကောင်ကို ချစ်သူဟောင်း၏အမည်ပေးကာ အခြားတိရ စ္ဆာန်တစ်ကောင်ကို ထိုပိုးဟပ်အား စားစေခြင်း ဖြစ်သည်။

(ဘယ်လိုလုပ်ရမလဲ))

(က) ၁၀ ဒေါ်လာ ပေးလျှင် ပိုးဟပ်တစ်ကောင်ကို သင့်ချစ်သူဟောင်း၏ အမည်ပေးခွင့် ရမည်ဖြစ်သည်။

(ခ) ကြွက်တစ်ကောင်ကို ချစ်သူဟောင်း၏အမည် ပေးလိုလျှင်မူ ၂၅ ဒေါ်လာ ပေးရသည်။

(ဂ) ဟင်းသီးဟင်းရွက်တစ်ခုကို ချစ်သူဟောင်း၏ အမည်ပေးစေကာ တဂျွမ်းဂျွမ်း ဝါးစားသည်ကို ကြည့်ရှုလိုပါက ၅ ဒေါ်လာ ပေးရမည် ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်ခဲ့မှုများကို မှတ်တမ်းတစ်ခုအနေဖြင့် ပြန်လည်ခံစားလိုပါသလား။

အဆိုပါ ပိုးဟပ်၊ ကြွက်၊ ဟင်းသီးဟင်းရွက်အား စားသောက်လိုက်ပုံ ဗွီဒီယိုမှတ်တမ်းကို ဝယ်ယူနိုင်သည်ဟု ဆိုသည်။

ယင်းနောက် ဗွီဒီယိုကို သင်၏ မိတ်ဆွေသူငယ်ချင်းများအား မျှဝေနိုင်မည် ဖြစ်သည်။ ပိုမိုသိရှိလိုသူများအနေဖြင့် ဆန် အန်တိုနီယို တိရ စ္ဆာန်ဥယျာဉ်၏ ဝက်ဘ်ဆိုက် (sazoo.org) တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

● ၂။ Bronx တိရ စ္ဆာန်ဥယျာဉ်

အကယ်၍ ပြင်းထန်မှုမရှိသည့် လက်စားချေသည့်နည်းလမ်းကိုသာ ရွေးချယ်လိုသည်ဆိုပါက နယူးယောက် ပြည်နယ်၊ Bronx ခရိုင်ရှိ Bronx တိရ စ္ဆာန်ဥယျာဉ်မှ စီစဉ်ပေးသော Name-a-Roach ပရိုဂရမ်ကို ရွေးချယ်နိုင် သည်။

ထိုတိရ စ္ဆာန်ဥယျာဉ်တွင် ငွေအနည်းငယ်လှူဒါန်းမည်ဆိုပါက Madagascar hissing ပိုးဟပ်ကြီးမျိုး တစ်ကောင်ကို သင့် ex ၏အမည် ပေးနိုင်မည် ဖြစ်သည်။

ယခုအစီအစဉ်တွင်မူ ပိုးဟပ်များကို စားပြမည့် အစီအစဉ် မပါချေ။

၁၅ ဒေါ်လာပေးလျှင် သင်၏ အမည်ပေးမှု အစီအစဉ်ကို တရားဝင် အတည်ပြုပေးမည့် digital certificate ရရှိမည် ဖြစ်သည်။

ထပ်ဆောင်း လှူဒါန်းမည်ဆိုပါက Roach-belt bag ၊ အမွှေးပွ ချည်ထည် ပိုးဟပ်တို့ ရရှိမည်ဖြစ်ပြီး

Wild Encounter အစီအစဉ်တွင် Madagascar hissing ပိုးဟပ်အရှင်တစ်ကောင်ကို အွန်လိုင်းမှတဆင့် ကြည့်ရှုနိုင်မည့်အပြင် တိရ စ္ဆာန်ရုံမှ ကျွမ်းကျင်ပညာရှင်တို့နှင့် စကားပြောခွင့်ရမည် ဖြစ်သည်။

အသေးစိတ်ပိုမိုသိရှိလိုသူများအနေဖြင့် BronxZoo.com/Roach တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

● ၃။ El Paso တိရ စ္ဆာန်ဥယျာဉ်

အာဃာတ တရားများ လွှတ်ချလိုသူများအတွက် တက္ကဆပ်ပြည်နယ်၊ El Paso မြို့မှ El Paso တိရ စ္ဆာန် ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်က Quit Bugging Me အမည်ရှိ အစီအစဉ်တစ်ခု ရှိနေသည်။

သင့်အား စိတ်ညစ်စေသည့် ချစ်သူဟောင်း၊ အလုပ်ရှင် (သို့မဟုတ်) ယောက္ခမ၏ အမည်ကို စာရင်းပေးသွင်းကာ Quit Bugging Me အစီအစဉ်တွင် ပါဝင်နိုင်သည်။

El Paso တိရ စ္ဆာန်ဥယျာဉ်က သင်ပေးပို့သောအမည်ကို ပိုးဟပ်တစ်ကောင်အား အမည်ပေးမည်ဖြစ်ပြီး တိရ စ္ဆာန်ရုံရှိ ပိုးဟပ်စားသော သတ္တဝါတစ်ကောင်ကောင်အား စားသောက်ရန် ကျွေးမွေးရာတွင် သင်ပေးထားသည့် အမည်ကို ခေါ်ကာ အစာကျွေးမည် ဖြစ်သည်။

အွန်လိုင်း ဖောင်မှတဆင့် စာရင်းပေးသူများသာ အကျုံးဝင်မည်ဟု ဆိုသည်။

အဆိုပါ အစီအစဉ်တွင် ပါဝင်လိုသူတို့သည် မဖြစ်မနေ အလှူငွေထည့်ရန် မလိုအပ်သော်လည်း Paso Del Norte Community ဖောင်ဒေးရှင်းသို့ ငွေလှူဒါန်းရန် El Paso တိရ စ္ဆာန်ဥယျာဉ်က ဆော်သြထားသည်။

အဆိုပါ လှူဒါန်းငွေများကို တောရိုင်းတိရ စ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးအတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် စာရင်းပေးလိုသူများအနေဖြင့် အောက်ဖော်ပြပါ အင်တာနက်လင့်ခ်မှတဆင့် စာရင်းပေးနိုင်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Valentine's Day special: Name a cockroach after your ex and watch it get eaten

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service