ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
13 Feb 2025 11:01 am တွင် တင်ခဲ့သည်
475 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital နှင့် စင်္ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Patience Capital Group တို့ပူးပေါင်းကာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးဖြစ်သော Tokyu Plaza Ginza ကို ဝယ်ယူလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

Tokyu Plaza Ginza သည် တိုကျိုမြို့လယ်ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးဖြစ်ပြီး ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း Gaw Capital ၏ ဂျပန်ရုံးခွဲအကြီးအကဲက ပြောသည်။

Gaw Capital ၏ ထုတ်ပြန်ချက်အရ Tokyu Plaza Ginza ကို ဝယ်ယူနိုင်ရန်တွက် ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ရကြောင်း၊ Gaw Capital က ရှယ်ယာ ၉၁ ရာခိုင်နှုန်း၊ စင်္ကာပူကုမ္ပဏီ Patience Capital Group က ၉ ရာခိုင်နှုန်း အသီးသီး ပါဝင်ဝယ်ယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဂျပန်တွင် အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ်များအနက် ယခုအရောင်းအဝယ်မှာ နောက်ဆုံးဖြစ်ပေါ်ခဲ့သော အရောင်းအဝယ်ဖြစ်သည်။

Gaw Capital သည် ကမ္ဘာ့အကြီးမားဆုံး အင်စတီကျူးရှင်းအချို့၏ကိုယ်စား အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးနေသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

Gaw Capital သည် အထင်ကရ အိမ်ခြံမြေအရောင်းအဝယ်ကြီးများ ပြုလုပ်ကာ အိမ်ခြံမြေလောကကို မကြာခဏ ကိုင်လှုပ်လေ့ရှိသည့် ကုမ္ပဏီကြီး ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း Gaw Capital နှင့် Goldman Sachs တို့ အပါအဝင် ရင်းနှီးမြှုပ်နှံသူအုပ်စုသည် ဟောင်ကောင်ရှိ ဈေးဝယ်စင်တာ ၁၂ ခုကို Link REIT ထံမှ ဟောင်ကောင်ဒေါ်လာ ၁၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့မှုမှာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း အာရှ-ပစိဖိတ်ဒေသ ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်များ စာရင်းတွင် နံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့သည်။

(ဆက်စပ်သတင်း)

၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း အာရှ-ပစိဖိတ်ဒေသ အကြီးမားဆုံး အိမ်ခြံမြေအရောင်းအဝယ် ၁၀ ခု

https://www.imyanmarhouse.com/news/read/853883

၂၀၁၉ ခုနှစ် ဧပြီလအတွင်း Gaw Capital သည် တိုကျိုရှိ ၁၃ ထပ် ရုံးခန်း တာဝါကြီးကို ယန်းငွေ ၈၄ ဘီလီယံဖြင့် ဝယ်ယူခဲ့မှုမှာလည်း အိမ်ခြံမြေလောက၏ ထိပ်တန်းသတင်းတစ်ရပ် ဖြစ်ခဲ့သည်။

(ဆက်စပ်သတင်း)

တိုကျိုရှိ ၁၃ ထပ် ရုံးခန်းတာဝါကြီးကို ဟောင်ကောင်ကုမ္ပဏီ Gaw Capital Partners က ယန်းငွေ ၈၄ ဘီလီယံဖြင့် ဝယ်ယူ

https://www.imyanmarhouse.com/news/read/819295

 

Gaw Capital သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း သြစတေးလျ၏ အကြီးမားဆုံး သိုလှောင်ရုံလုပ်ငန်းလုပ်ကိုင်သည့် National Storage REIT (NSR) ကို အမေရိကန်ကုမ္ပဏီ Warburg Pincus နှင့်အပြိုင် လေလံဆွဲရန် ကြိုးပမ်းခဲ့ဖူးသည်။

(ဆက်စပ်သတင်း)

အမေရိကန်ကုမ္ပဏီ Warburg Pincus က သြစတေးလျ ကုမ္ပဏီကြီးကို ရယူရန် ဟောင်ကောင်ထိပ်သီး Gaw Capital နှင့် အပြိုင်အဆိုင် လေလံဆွဲ

https://www.imyanmarhouse.com/news/read/894980

 

“ဂျပန်အိမ်ခြံမြေဈေးကွက်ဟာ နှစ်သက်စရာ မက်ခရိုစီးပွားရေးအခြေခံကောင်းတွေ ထောက်ပံ့ထားတာကြောင့် ရင်းနှီးမြှုပ်နှံဖို့ အချိန်ကောင်းပါ” ဟု Gaw Capital ၏ ဂျပန်ရုံးခွဲအကြီးအကဲ Isabella Lo က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong's Gaw Capital buys iconic Tokyo mall for over $1 billion

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service