အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ ဆောက်လုပ်ပေးလျက်ရှိ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ ဆောက်လုပ်ပေးလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
7 Feb 2025 10:57 am တွင် တင်ခဲ့သည်
1273 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသော အဲလ်ဗစ် ဆန်းမားစ်အမည်ရှိ အမျိုးသားတစ်ဦးသည် သူ၏ အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ နေအိမ်ငယ်လေးများ ဆောက်လုပ်ပေးလျက်ရှိနေသည်။

အိမ်ငယ်လေးများတွင် မီးဖိုဆောင်၊ အိပ်ခန်းနှင့် ရေချိုးခန်း ပါဝင်သည်ဟု ဆိုသည်။

အဲလ်ဗစ် ဆန်းမားစ်သည် စာနာစိတ် အလွန်ကြီးမားသူတစ်ဦးဖြစ်ပြီး အခြားသူတို့၏ ခံစားချက်များကို ကိုယ်တိုင်ခံစားရဘိသကဲ့သို့ စာနာနားလည်ပေးနိုင်သူ ဖြစ်သည်။

အိမ်ရာမဲ့ အလွန်များပြားလှသော လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့များအတွက် ကွန်းခိုရာ ဖန်တီးပေးနိုင်ရန် အဲလ်ဗစ်က စွမ်းအားရှိသမျှ ကြိုးပမ်းပေးနေသည်။

“လူတွေမှာ စိတ်သက်သာမှု၊ ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေ ခံစားရမယ်ဆိုရင် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဒါတွေကပဲ ကျွန်တော့်ကို ခွန်အားဖြည့်ပေးပါတယ်” ဟု အသက် ၄၇ နှစ်အရွယ် ကယ်လီဖိုးနီးယားသား အဲလ်ဗစ်က ပြောသည်။

“အံ့ဖွယ်အတွေ့အကြုံတစ်ခုပါပဲ။ ကျွန်တော်လူတိုင်းကို ကွန်းခိုစရာနေရာ ရှိစေချင်ပါတယ်”

စမိုကီအမည်ရှိ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးအတွက် နေအိမ်ငယ်တစ်လုံး ဆောက်လုပ်ပေးခဲ့ခြင်းမှ စကာ သူ၏ နေအိမ်ငယ်လေးများ ဆက်တိုက် ဆောက်လုပ်ခဲ့ပြီး ယခုအခါ The Tiny House Project ဟူသော အမည်ဖြင့် စီမံကိန်းချကာ အကောင်အထည်ဖော်ပေးနေသည်။

ထိုအချိန်က စမိုကီသည် အဲလ်ဗစ်နေထိုင်သော တိုက်ခန်းအနီး လမ်းဘေးတွင် အိပ်စက်နေသူဖြစ်ကာ အဲလ်ဗစ်က စမိုကီကို ထိုအခြေအနေမှ ကယ်တင်ပေးနိုင်ရန် စတင်ကြိုးစားခဲ့ခြင်း ဖြစ်သည်။

“မှန်ကန်တဲ့ လုပ်ရပ်တစ်ခုဖြစ်လို့ ကျွန်တော်လုပ်ခဲ့တာပါ။ ဒါက ကျွန်တော်တို့ လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ” ဟု အဆိုပါစီမံကိန်းအတွက် လွှင့်တင်ထားသော ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

 

 

(မှန်ကန်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟု အဲလ်ဗစ်က ယုံကြည်သည်။ ဓာတ်ပုံ-JamPress/@thetinyhouseproject)

 

 

(လက်ရှိအချိန်အထိ ရာနှင့်ချီကာ ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း အဲလ်ဗစ်က ခန့်မှန်းပြောကြားသည်။ ဓာတ်ပုံ-JamPress/@thetinyhouseproject)

“ငတ်မွတ်ခေါင်းပါးမှုနဲ့ အိမ်ရာမဲ့ပြဿနာကို ဖြေရှင်းဖိို့အတွက် ကမ္ဘာပေါ်မှာ လုံလောက်တာထက် ပိုတဲ့ အရင်းအမြစ်တွေ ရှိပါတယ်။ ပြဿနာက လူတွေက ဒီကိစ္စအပေါ် ဂရုမစိုက်တာ (ဒါမှမဟုတ်) လုံလုံလောက်လောက် အာရုံမစိုက်တာပါ”

စမိုကီသည် အဆိုပါဒေသတွင် လူချစ်လူခင်ပေါသူတစ်ဦးဖြစ်သည်။

သို့သော် အဲလ်ဗစ်က ပြောသည်မှာ စမိုကီကို လူတိုင်းနှစ်လိုသဘောကျသော်လည်း ဒုက္ခနွံမှ ရုန်းထွက်နိုင်ရေးအတွက် ထိထိရောက်ရောက် ကူညီမှု မရှိကြကြောင်း ပြောသည်။

စမိုကီအတွက် အဲလ်ဗစ် ဆောက်လုပ်ပေးခဲ့သော အိမ်ငယ်လေးမှာ ဒေါ်လာ ၅၀၀ ခန့်သာ ကုန်ကျခဲ့သည်။

အဆိုပါအိမ်ငယ်လေးသည် အဲလ်ဗစ်၏ ပထမဆုံး ပရဟိတလုပ်ဆောင်မှုဖြစ်ပြီး ယင်းနောက်ပိုင်းကတည်းက နေအိမ်ငယ်လေးများ ဆက်တိုက်ဆောက်လုပ်နေခဲ့သည်။

အဲလ်ဗစ်က အဆိုပါအိမ်ငယ်လေးကို သူ၏ တိုက်ခန်းအနီးတွင် ထားရှိပေးခဲ့သည်။

စမိုကီ၏ ပျော်ရွှင်မှုကို တွေ့ရချိန်တွင် အဲလ်ဗစ်က မိမိ၏ ဘဝတွင် ဤတစ်ဦးတည်းကိုသာ ကူညီရန် မဖြစ်သင့်ကြောင်း သုံးသပ်မိသည်။

ထို့ကြောင့် The Tiny House Project အမည်ရှိ စီမံကိန်းကို စတင်ခဲ့သည်။

“(ဒီအိမ်လေး ရပြီးတဲ့နောက်) သူဟာ တစ်ရက်ခွဲလောက် တချိုးတည်း အိပ်တော့တာပဲ။

ဘာကြောင့်လဲဆို ဘေးကင်းလုံခြုံသွားပြီလို့ ခံစားလိုက်ရလို့ ဖြစ်ပါတယ်” ဟု အဲလ်ဗစ်က ပြောသည်။

နေအိမ်ငယ်လေးများ စတင်ဆောက်လုပ်ခဲ့ချိန်မှစပြီး လက်ရှိအချိန်ထိ အရေအတွက်မည်မျှရှိပြီဖြစ်သည်ကို အဲလ်ဗစ်က အတိအကျမှတ်သားမထားသော်လည်း ရာနှင့်ချီနေပြီဖြစ်ကြောင်း ပြောသည်။

အဲလ်ဗစ်၏ ကြင်နာမှုကို ခံစားရသူတိုင်းမှာ ရင်လှိုက်ဖိုကာ ငိုချကြသည်။

 

 

(ကုန်ကျစရိတ်မှာ ပေါင် ၅၀၀၀ မှ ၁၂၀၀၀ ကြားရှိသည်။ ဓာတ်ပုံ-JamPress/@thetinyhouseproject)

 

 

(အဲလ်ဗစ် ပထမဆုံး ကူညီခဲ့သူမှာ စမိုကီအမည်ရှိ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီး ဖြစ်သည်။ ဓာတ်ပုံ-JamPress/@thetinyhouseproject)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: I build 20ft tiny homes for homeless people (and they only cost £12,000)

Photo Credit- JamPress/@thetinyhouseproject

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service