ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ်ကြီးတွင်သာ ဆက်လက် နေထိုင်မည်ဖြစ်ကြောင်း ပြောကြား

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ်ကြီးတွင်သာ ဆက်လက် နေထိုင်မည်ဖြစ်ကြောင်း ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
4 Feb 2025 10:47 am တွင် တင်ခဲ့သည်
2366 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မိုက်ခရိုဆော့ပ်တည်ထောင်သူ ဘီလ်ဂိတ်သည် ၁၉၉၅ မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။

(မှတ်ချက်။ ၂၀၀၈၊ ၂၀၁၀ မှ ၂၀၁၃ အထိ မပါဝင်။)

ဘီလ်ဂိတ်နှင့် ဇနီးဟောင်း မီလင်ဒါဂိတ်တို့ ဇနီးမောင်နှံတွင် ဂျနီဖာ (၂၇ နှစ်) ၊ ရိုရီ (၂၃ နှစ်) နှင့် ဖိုဘီ (၂၁ နှစ်) ဟူသော သားသမီး ၃ ဦး ရှိသည်။

ဘီလ်ဂိတ်တွင် သုံးစွဲနိုင်သည့် အတိုင်းအတာထက် ပိုမိုများပြားသော ငွေကြေးများ ရှိသော်လည်း Xanadu 2.0 ဟု အမည်ပေးထားသည့် စံအိမ်ကြီးကို ကျောခိုင်းမည် မဟုတ်ချေ။

တည်နေရာမှာ အမေရိကန်ပြည် ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲမြို့အနီးတွင် ရှိသော Lake Washington ရေကန်ကြီး၏ ကမ်းခြေတွင် ဖြစ်သည်။

သားသမီးများ အိမ်တွင် မရှိတော့ဘဲ တစ်ဦးတည်း အဖော်မဲ့နေသော အသက် ၆၉ နှစ်အရွယ် ဘီလ်ဂိတ်သည် စတုရန်းပေ ၆၆၀၀၀ အထိ ကျယ်ဝန်းသည့် စံအိမ်ဝန်းကြီးကို ကျောခိုင်းကာ Downsize ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ၎င်းက ပြောသည်။

စံအိမ် မြေနေရာကို ၁၉၈၈ ခုနှစ်က ကန်ဒေါ်လာ ၂ သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုအခါ စံအိမ်တန်ကြေးမှာ ကန်ဒေါ်လာ သန်း ၁၃၀ ခန့် ရှိနေပြီ ဖြစ်သည်။

“ဆီယက်တဲက ကျွန်တော်အိမ်ဟာ (တစ်ယောက်တည်းနေဖို့) ကြီးလွန်းတယ်ဆိုတာ ဝန်ခံပါတယ်” ဟု ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ကာလအတန်ကြာ ရပ်တည်ခဲ့ဖူးသူ ဘီလ်ဂိတ်က The UK Times သတင်းဌာနသို့ ပြောသည်။

“ကျွန်တော့် အစ်မနဲ့ ညီမတွေက downsize လုပ်ခဲ့ကြတယ်။ ကျွန်တော်ကတော့ မလုပ်နိုင်ပါဘူး။ ကျွန်တော့်မှာရှိတဲ့အိမ်တွေကို ကျွန်တော်သဘောကျလို့ပါ”

 

(ဆီယက်တဲမြို့အနီး Lake Washington ရေကန်ကြီးအနီးတွင် တည်ရှိသည်။ ဓာတ်ပုံ-Bloomberg via Getty Images)

“ကျွန်တော့်ကလေးတွေက အိမ်ကိုပြန်လာရတာ နှစ်သက်ကြပါတယ်။ ကျွန်တော် မချက်ပြုတ်ပါဘူး။ ကိုယ့်အိပ်ရာကို ကိုယ်မပြင်ဆင်ပါဘူး။ ဒါတွေလုပ်ပေးမယ့်သူမရှိလည်း ကိစ္စမရှိပါဘူး”

ဘီလ်ဂိတ်က သူ၏ စံအိမ်ကြီးကို Xanadu 2.0 ဟု အမည်ပေးခဲ့ခြင်းမှာ ၁၉၄၁ ခုနှစ်က ရုံတင်ခဲ့သော Citizen Kane အမည်ရှိ ရုပ်ရှင်ကို ရည်စူးသည်ဟု ဆိုသည်။

Xanadu 2.0 တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၂၄ ခန်း၊ ခုန်ပေါက်ကစားရန် ပြုလုပ်ပေးထားသည့် indoor trampoline အခန်းတစ်ခန်း၊ စာကြည့်တိုက်၊ ရေကူးကန်တို့ ပါသည်။

ရေကူးကန်တွင် ရေအောက်တေးဂီတစနစ် ထည့်သွင်းထားသည်ဟု ဆိုသည်။

 

 

(ဘီလ်ဂိတ်သည် မြေနေရာကို ၁၉၈၈ ခုနှစ်တွင် ဒေါ်လာ ၂ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် စတုရန်းပေ ၆၆၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီးကို ကန်ဒေါ်လာ ၆၃ သန်း သုံးစွဲကာ ၇ နှစ်တာ အချိန်ယူ ဆောက်လုပ်ခဲ့သည်။ ပုံတွင် တွေ့ရသည်မှာ ဘီလ်ဂိတ် မိသားစုဖြစ်သည်။ ဝဲမှယာ = ဖိုဘီ၊ ဘီလ်ဂိတ်၊ ဂျနီဖာ၊ မီလင်ဒါ၊ ရိုရီ။ ဓာတ်ပုံ-Instagram)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bill Gates says he will never downsize from his mega-mansion with 24 bathrooms — despite being a single empty-nester Photo Credit- Bloomberg via Getty Images, Instagram

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service