မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jan 2025 9:58 am တွင် တင်ခဲ့သည်
390 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိန္ဒိယပန်းချီကျော် ပီကေ မဟာနန္ဒိယ (PK Mahanandia) ၏ ချစ်ခြင်းမေတ္တာမှာ ကမ္ဘာကျော်သည်။

မဟာ နန္ဒိယသည် ၁၉၇၅ ခုနှစ်၏ တစ်ခုသော ဆောင်းညနေခင်းတွင် အိန္ဒိယနိုင်ငံ ၊ ဒေလီမြို့တွင် ရှားလော့ ဗွန် ရှက်ဗင် (Charlotte Von Schedvin) အမည်ရှိ မိန်းကလေးတစ်ဦးနှင့် စတင် ဆုံစည်းခဲ့သည်။

ရှားလော့က သူမ၏ ပုံတူရေးဆွဲပေးရန် မဟာနန္ဒိယထံ အလုပ်အပ်ရာမှတဆင့် စတင်ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်းတွင်ကား မဟာနန္ဒိယသည် ရှားလော့ကို တွေ့ဆုံခွင့်ရရန် အချစ်အတွက်ဖြင့် အိန္ဒိယမှ ဥရောပအထိ စက်ဘီးစီးကာ သွားရောက်ခဲ့သည်။

ရှားလော့သည် အိန္ဒိယနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ် အလည်အပတ် ရောက်ရှိနေချိန်အတွင်း ဒေလီမြို့ Connaught Place ခရိုင်တွင် မဟာနန္ဒိယကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မဟာနန္ဒိယသည် ပုံကြမ်းပန်းချီဆရာတစ်ဦးဖြစ်ပြီး အိန္ဒိယပြည်တွင်း ပုံနှိပ်သတင်းမီဒီယာများတွင် နာမည်ကျော် တစ်ဦးလည်း ဖြစ်သည်။

မဟာနန္ဒိယက ၁၀ မိနစ်အတွင်း ပုံတူရေးဆွဲနိုင်သည်ဟုဆိုသောကြောင့် ရှားလော့က ပုံတူရေးဆွဲရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ရရှိလာသော ပုံတူကို ရှားလော့တစ်ယောက် များစွာ သဘောမကျ။ ထို့ကြောင့် နောက်နေ့တွင် မဟာနန္ဒိယထံ နောက်တစ်ကြိမ် လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။

(မဟာနန္ဒိယသည် ပုံကြမ်းပန်းချီဖြင့် နာမည်ကျော်သူ ဖြစ်သည်။ ဓာတ်ပုံ-PK Mahanandia)

သို့သော် နောက်နေ့တွင်လည်း ရလဒ်ကောင်းများ ရှိမလာခဲ့။

မဟာနန္ဒိယက ပြောသည်မှာ မိခင်ကြီး ပြောခဲ့သော စကားတစ်ခွန်းအပေါ် စိတ်အာရုံပျံ့လွင့် နေသောကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။

((မဟာနန္ဒိယရဲ့ မိခင်ကြီး ဘာပြောခဲ့တာလဲ))

မဟာနန္ဒိယသည် ကျောင်းနေစဉ် ကလေးဘဝက အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ သြရိဿပြည်နယ်ရှိ ကျေးရွာလေးတစ်ခုတွင် ကြီးပြင်းခဲ့သည်။

မဟာနန္ဒိယသည် ဇာတ်နိမ့်ဖြစ်သော ဒါလစ်မျိုးနွယ်တွင် မွေးဖွားသူဖြစ်ရာ ကျောင်းတွင် ဇာတ်မြင့်ကျောင်းသား တို့၏ ခွဲခြားဆက်ဆံမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

(၁၉၇၀ ပြည့်လွန်ကာလများအတွင်း အိန္ဒိယသတင်းစာ များစွာတွင် မဟာနန္ဒိယ၏ ပန်းချီလက်ရာအကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ ဓာတ်ပုံ-PK Mahanandia)

ကျောင်းတွင်အနှိမ်ခံရသောကြောင့် ကြေကွဲဝမ်းနည်းရချိန်တိုင်း မဟာနန္ဒိယ၏ မိခင်ကြီးက ပြောလေ့ရှိသည်မှာ သားဖြစ်သူ၏ ဇာတာအရ နောင်တစ်နေ့တွင် ပြိဿရာသီဖွား မိန်းကလေးတစ်ဦးနှင့် လက်ထပ်ရလိမ့်မည် ဖြစ်ကြောင်း၊ အလွန်ဝေးကွာသောတိုင်းပြည်တစ်ခုမှဖြစ်ပြီး ဂီတသမားတစ်ဦးဖြစ်ကာ တောအုပ်တစ်ခုလည်း ပိုင်ဆိုင်သူဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ရှားလော့ကို တွေ့လိုက်ရချိန်တွင် မဟာနန္ဒိယက မိခင်ကြီးပြောခဲ့သောစကားများကို အမှတ်ရသွားပြီး ရှားလော့ကို တောအုပ်တစ်ခု ပိုင်သလားဟု မေးခဲ့၏။

ထိုအခါ ဆွီဒင်တော်ဝင်မိသားစုမှ ဆင်းသက်လာသူဖြစ်သော ရှားလော့က မိမိတွင် တောအုပ်တစ်ခု ပိုင်ဆိုင်ထားကြောင်း ဖြေကြားခဲ့သည်။

ရှားလော့သည် ပီယာနိုတီးခတ်ရခြင်းကို ဝါသနာထုံသူဖြစ်သည့်အပြင် ဆန်းကြယ်သည်မှာ ပြိဿရာသီဖွား ဖြစ်နေခြင်းပင်။

“အတွင်းကလာတဲ့ အသံတစ်သံက ပြောနေတယ်…သူပဲ..တဲ့။ ကျွန်တော်တို့ ပထမဆုံး စတွေ့ချိန်မှာပဲ သံလိုက်တွေလို အချင်းချင်း ညိတွယ်ခဲ့ကြပါတယ်။ မြင်မြင်ချင်း ချစ်မိတဲ့ အချစ်မျိုးပါ” ဟု မဟာနန္ဒိယက BBC သတင်းဌာနသို့ ပြောသည်။

“သူ့ကိုဘာကြောင့် အဲ့လိုမေးမိလဲ…လဘက်ရည်သောက် ဖိတ်မိလဲဆိုတာ ကျွန်တော်ခုထိ မသိပါဘူး။ သူ ..ရဲကို သွားတိုင်လိမ့်မယ်လို့ ထင်ခဲ့မိတာ”

ရှားလော့၏ တုံ့ပြန်ပုံမှာ မဟာနန္ဒိယထင်မှတ်ထားသကဲ့သို့မဟုတ်။

(ရှားလော့က အိန္ဒိယ၏ ကျေးလက်ရှုခင်းတို့ကို နှစ်သက်မြတ်နိုးသည်။ ဓာတ်ပုံ-PK Mahanandia)

“သူက ရိုးသားသူတစ်ယောက်လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့် ဘာလို့ ဒီမေးခွန်းတွေ မေးတယ်ဆိုတာ ကျွန်မ သိချင်ခဲ့တယ်” ဟု ရှားလော့က BBC သတင်းဌာနသို့ ပြောသည်။

၎င်းတို့ချင်း အတန်ကြာ စကားပြောဆိုပြီးချိန်တွင် ရှားလော့က သြရိဿပြည်နယ်သို့ မဟာနန္ဒိယနှင့်အတူ လိုက်ပါ လည်ပတ်ရန် သဘောတူခဲ့သည်။

သြရိဿပြည်နယ်တွင် ရှားလော့ ပထမဆုံး တွေ့ရှိခဲ့သည့် အထင်ကရပြယုဂ်တစ်ခုမှာ နာမည်ကျော် ကိုနာ့ ဘုရားကျောင်း ဖြစ်သည်။

“မဟာနန္ဒိယက ကိုနာ့ကို ပြလိုက်တဲ့အချိန်မှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားမိတယ်။ ကျွန်မ ကျောင်းသူဘဝက လန်ဒန်က အခန်းထဲမှာ ဒီဘုရားက ကျောက်ဘီးကြီးတွေရဲ့ဓာတ်ပုံ ကပ်ထားခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ဘယ်နေရာကဟာလဲဆိုတာ မသိခဲ့ပါဘူး။ အခုတော့ ကျွန်မ အဲဒီရှေ့မှာ မတ်တပ်ရပ်နေခဲ့ပြီလေ”

ထိုခရီးစဉ်အတွင်း နှစ်ဦးအကြား ချစ်ခြင်းနှောင်ကြိုးများ ရစ်ဖွဲ့မိခဲ့ကြသည်။

မဟာနန္ဒိယ၏ ရွာလေးတွင် ရက်အနည်းငယ်နေထိုင်ခဲ့ပြီးနောက် ဒေလီသို့ ပြန်လာခဲ့ကြသည်။

(မဟာနန္ဒိယသည် နိုင်ငံခေါင်းဆောင်တို့၏ ပုံတူများလည်း ရေးဆွဲခဲ့ရာ အိန္ဒိယသမ္မတ BD Jatti ၏ ပုံတူကားလည်း အပါအဝင်ဖြစ်သည်။ ဓာတ်ပုံ- PK Mahanandia)

“ကျွန်တော့်အဖေနဲ့ ပထမဆုံးတွေ့တဲ့အချိန်မှာ သူက ဆာရီဝတ်ထားပါတယ်။ အဲ့လိုဝတ်ဖို့ သူဘယ်လို စီစဉ်လိုက်တယ်ဆိုတာ ကျွန်တော်ခုထိ မသိပါဘူး။ မိဘတွေရဲ့ သဘောတူညီမှုအရ ကျွန်တော်တို့နှစ်ဦး ရိုးရာဓလေ့အတိုင်း လက်ထပ်ခဲ့ကြပါတယ်”

ရှားလော့သည် အိန္ဒိယသို့ အလည်အပတ်လာရာတွင် ဆွီဒင်မှ သူငယ်ချင်းများနှင့်အတူ ဥရောပ၊ တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ကို ဖြတ်သန်းကာ ၂၂ ရက်ကြာ လာရောက်ခဲ့ရခြင်း ဖြစ်သည်။

ဒေလီမြို့သို့ ပြန်ရောက်ချိန်တွင် ရှားလော့က အိမ်ပြန်ခရီးစတင်ခဲ့သည်။

မဟာနန္ဒိယထံမှလည်း ကတိတစ်ခုတောင်းခဲ့ရာ ဆွီဒင်ရှိ အထည်အလိပ် လုပ်ငန်းများ လုပ်ကိုင်ရာမြို့လေးဖြစ်သော Boras သို့ လိုက်လာမည်ဟု မဟာနန္ဒိယ ကတိပေးခဲ့သည်။

တစ်နှစ်ကျော် အချိန်ကုန်ဆုံးသွားသည်။

နှစ်ဦးကြားတွင်မူ စာချင်း အဆက်အသွယ်ရှိသည်။

မဟာနန္ဒိယတွင် လေယာဉ်လက်မှတ်ဝယ်ရန် ငွေအလုံအလောက်မရှိ။

ထို့ကြောင့် သူ၏ ပိုင်ဆိုင်သမျှအားလုံးကို ရောင်းချကာ စက်ဘီးတစ်စင်း ဝယ်ယူလိုက်ပြီးနောက် ရှားလော့ အိန္ဒိယသို့ လာခဲ့သည့် လမ်းကြောင်းအတိုင်း စက်ဘီးနင်းကာ ခရီးရှည်ကြီး စတင်ခဲ့သည်။

(အာဖဂန်နစ္စတန်နိုင်ငံအတွင်း မည်သည့်အခက်အခဲမှ မကြုံခဲ့ရကြောင်း မဟာနန္ဒိယက ပြောသည်။ ဓာတ်ပုံ-PK Mahanandia)

မဟာနန္ဒိယ၏ ခရီးစဉ်မှာ ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်တွင် စတင်ခဲ့သည်။

တစ်ရက်လျှင် ၇၀ ကီလိုမီတာ (၄၄ မိုင်) ခန့် စက်ဘီးနင်းခဲ့သည်။

“ပန်းချီပညာက ကျွန်တော့်ကို ကယ်တင်ပေးခဲ့ပါတယ်။ လူတွေကို ပုံတူဆွဲပေးတယ်။ တချို့က ကျွန်တော့်ကို ပိုက်ဆံပေးတယ်။ တစ်ချို့ကတော့ စားစရာနဲ့ အိပ်စရာနေရာပေးပါတယ်။”

၁၉၇၀ ပြည့်လွန်ကာလများက ကမ္ဘာကြီး၏ အခြေအနေမှာ လက်ရှိအချိန်နှင့် များစွာ ကွာခြားသည်။

ဥပမာအားဖြင့် နိုင်ငံအများစုသို့ ဝင်ရောက်ရန် ဗီဇာ မလိုခဲ့ချေ။

(သူ၏ ခရီးစဉ်အတွင်း ကျောင်းသူကျောင်းသားများနှင့် အရပ်သားများကို ပုံတူပန်းချီ ရေးဆွဲပေးခဲ့သည်။ ဓာတ်ပုံ-PK Mahanandia)

“အာဖန်နစ္စကန်ဟာ အေးချမ်းပြီး သာယာလှပပါတယ်။ လူတွေက ပန်းချီကို ချစ်မြတ်နိုးကြတယ်။ နိုင်ငံရဲ့ နေရာအများစုမှာ လူဦးရေ မထူထပ်ဘူး။”

အာဖန်နစ္စကန်တွင် ဟင်ဒီစကားဖြင့် ပြောဆိုဆက်ဆံ၍ ရသည်။

သို့သော် အီတန်သို့ ရောက်ချိန်တွင်မူ ပြောဆိုဆက်ဆံမှုအတွက် ပြဿနာ ကြုံရသည်။ “ဒီအခါမှာလည်း ပန်းချီကပဲ ကျွန်တော့်ကို ကယ်တင်ပေးခဲ့ပြန်တယ်။ ချစ်ခြင်းမေတ္တာဟာ တကမ္ဘာလုံး နားလည်တဲ့ ဘာသာစကားဖြစ်တယ်လို့ ထင်ပါတယ်။ အဲဒါကို လူတွေ နားလည်ကြတယ်။”

(အာဖန်နစ္စတန်ရှိ ဟိုတယ်များစွာတွင် အဝတ်လျှော်ခန်းနှင့် စက်ဘီးပြင်ဆိုင်များရှိသည်။ ဓာတ်ပုံ-PK Mahanandia)

လွန်စွာဝေးကွာလှသော ခရီးရှည်ကြီးကို စက်ဘီးစီးကာ ခရီးထွက်နေသူ မဟာနန္ဒိယ များစွာ ပင်ပန်းခဲ့ပါသလား။

“မှန်ပါတယ်။ မကြာခဏ အရမ်းပင်ပန်းမှု ခံစားရပါတယ်။ ခြေထောက်တွေ မခံနိုင်အောင် နာကျင်ပါတယ်။ ဒါပေမယ့် ရှားလော့နဲ့ တွေ့ရမယ်ဆိုတဲ့ စိတ်လှုပ်ရှားမှုရယ် နေရာသစ်က ရှုခင်းသစ်တွေကို တွေ့ရမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော်ရှေ့ဆက်ခဲ့ပါတယ်”

မဟာနန္ဒိယ နောက်ဆုံးတွင် ဥရောပသို့ မေလ ၂၈ ရက်၌ ရောက်ရှိခဲ့သည်။

အစ္စတန်ဘူ၊ ဗီယန်နာ….။ ထိုမှတဆင့် ရှားလော့ရှိရာ ဆွီဒင်နိုင်ငံ၊ Gothenburg မြို့သို့ ရထားဖြင့် သွားခဲ့သည်။

(မဟာနန္ဒိယသည် လက်ရှိအားဖြင့်လည်း ဆွီဒင်တွင် ပန်းချီဆရာတစ်ဦးအဖြစ် ရပ်တည်နေသည်။ ဓာတ်ပုံ-PK Mahananda)

မဟာနန္ဒိယ၏ ကြီးမားသော ဇွဲလုံ့လကို ရှားလော့၏ မိဘများက များစွာအထင်ကြီးသွားသည်။

၎င်းတို့နှစ်ဦး ဆွီဒင်တွင် တရားဝင် လက်ထပ်ခဲ့ကြ၏။

“ကျွန်တော်က ဥရောပယဉ်ကျေးမှုကို မသိပါဘူး။ အားလုံးက ကျွန်တော့်အတွက် အသစ်တွေ ဖြစ်နေတယ်။ ဒါပေမယ့် ရှားလော့က အရာရာကူညီပေးပါတယ်။ သူက တကယ်ထူးခြားတဲ့သူပါ”

မဟာနန္ဒိယသည် ယခုအခါ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး ရှားလော့နှင့်အတူ ဆွီဒင်တွင် နေထိုင်လျက်ရှိပြီး သားသမီး ၂ ဦး ထွန်းကားသည်။

ဆွီဒင်တွင်လည်း ပန်းချီဆရာတစ်ဦးအဖြစ်သာ ရပ်တည်နေသည်။

(မဟာနန္ဒိယနှင့် ရှားလော့တို့စုံတွဲကို ၂၀၁၄ ခုနှစ်က တွေ့ရပုံ။ ဓာတ်ပုံ-PK Mahanandia)

ဥရောပအထိ စက်ဘီးနင်းသွားခြင်းကို အဘယ်ကြောင့် ကြီးကျယ်သည့် ကိစ္စတစ်ခုအဖြစ် လူအများ ယူဆနေသည်ကို ယခုတိုင် နားမလည်နိုင်ကြောင်း မဟာနန္ဒိယက ပြောသည်။

“ကျွန်တော်က ကိုယ်လုပ်စရာရှိတာကို လုပ်ခဲ့တာပါ။ ကျွန်တော် သူနဲ့ တွေ့ရမယ်…ကျွန်တော့်မှာက (သူ့ဆီသွားဖို့) ပိုက်ဆံ မရှိဘူး။ အချစ်အတွက် ကျွန်တော်စက်ဘီးစီးခဲ့တယ်။ ဒါပေမယ့် စက်ဘီးစီးရတာကို ကျွန်တော်တခါမှ မနှစ်သက်ခဲ့ပါဘူး။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The man who cycled from India to Europe for love Photo Credit-PK Mahanandia

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များရဲ့ ဖယောင်းရုပ်ထုပုံများစွာကို မြင်တွေ့နိုင်သည့် လန်ဒန် ဖယောင်းပြတိုက်...
ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များရဲ့ ဖယောင်းရုပ်ထုပုံများစွာကို မြင်တွေ့နိုင်သည့် လန်ဒန် ဖယောင်းပြတိုက်...
မှတ်သားဖွယ် ဥပဒေအမေးအဖြေများ
မှတ်သားဖွယ် ဥပဒေအမေးအဖြေများ
တရားရုံးများ အဆင့်ဆင့် ဖွဲ့စည်းပုံအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားရုံးများ အဆင့်ဆင့် ဖွဲ့စည်းပုံအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague...
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague...
ရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွားလို့ စွန့်ပစ်ခံထားရတဲ့ မိုးမျှော်တိုက်ကြီး...
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွားလို့ စွန့်ပစ်ခံထားရတဲ့ မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ ဆောက်လုပ်ပေးလျက်ရှိ...
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ ဆောက်လုပ်ပေးလျက်ရှိ...
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖြစ်သူနှင့် ပြန်လည်ဆုံစည်း၊ ရုပ်ချင်းတူရုံမျှမက ဖျားနာလျှင်ပင် ဆန်းကြယ်စွာ တပြိုင်တည်းဖြစ်လေ့ရှိ...

မိုးမျှော်တိုက်ကြီး ၂ ခု၏ ထိပ်ဖျားနှစ်ဘက်ကို ကောင်းကင်ရေကူးကန်ဖြင့် ဆက်သွယ်ပေးထားမည့် ဒူဘိုင်းက အံ့မခန်း ဆောက်လုပ်ရေး စီမံကိန်း ၊ အခန်းတိုင်း၏ လသာဆောင်တွင် ကိုယ်ပိုင်ရေကူးကန်တစ်ခုစီ ပါဝင်မည်...
မိုးမျှော်တိုက်ကြီး ၂ ခု၏ ထိပ်ဖျားနှစ်ဘက်ကို ကောင်းကင်ရေကူးကန်ဖြင့် ဆက်သွယ်ပေးထားမည့် ဒူဘိုင်းက အံ့မခန်း ဆောက်လုပ်ရေး စီမံကိန်း ၊ အခန်းတိုင်း၏ လသာဆောင်တွင် ကိုယ်ပိုင်ရေကူးကန်တစ်ခုစီ ပါဝင်မည်...
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အဘွားဖြစ်သူကို အပန်းဖြေခရီးပို့နိုင်ရန် ရုန်းကန်ကြိုးစားနေပုံ...
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အဘွားဖြစ်သူကို အပန်းဖြေခရီးပို့နိုင်ရန် ရုန်းကန်ကြိုးစားနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service