ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက် - Property Knowledge in Myanmar from iMyanmarHouse.com
15 Jan 2025 12:25 pm တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦးသည် ဟောင်ကောင်ရှိ Mark Six ထီမှ ၁၀ ဒေါ်လာဖိုး ဖုန်းဆက် ထီထိုးခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၆၉ သန်း (ကန်ဒေါ်လာ ၈ ဒသမ ၉ သန်း) ဆုကြီး ကံထူးသွားသည်။

South China Morning Post သတင်းဌာနက တွေ့ခဲ့သော ဓာတ်ပုံတစ်ခုတွင် ရဲအရာရှိ၏ ဟောင်ကောင် ဒေါ်လာ ၆၉,၂၃၄,၀၂၀ ဆုကြီး ကံထူးခဲ့သော ထီလက်မှတ်ကို တွေ့ခဲ့သည်။

သတင်းရင်းမြစ်တို့၏ အတည်ပြုချက်အရ အဆိုပါရဲအရာရှိသည် ရေကြောင်းရဲတပ်ဖွဲ့မှ လှေငယ်ဌာနတွင် တာဝန်ထမ်းဆောင်သူဖြစ်ပြီး လက်ရှိအားဖြင့် ခွင့်ယူထားသည်ဟု ဆိုသည်။

“သူ့ရဲ့ တာဝန်ချိန်အတွင်းမှာ ထီလက်မှတ်သွားဝယ်ခဲ့တာ မဟုတ်ပါဘူး” ဟု သတင်းရင်းမြစ်တစ်ခုက SCMP သို့ ပြောသည်။

အဆိုပါ ရဲအရာရှိသည် ဟောင်ကောင်ရှိ ထီအရောင်းဆိုင်ထံ သွားရောက်ဝယ်ယူခဲ့ခြင်းမဟုတ်ဘဲ ဖုန်းဆက်ကာ ထီလက်မှတ်ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ခုက ပြောသည်မှာ အဆိုပါ ရဲအရာရှိသည် မမျှော်လင့်သော ပွပေါက်တိုးမှုအတွက် အလွန်စိတ်လှုပ်ရှားနေောကာင်း၊ မိသားစုနှင့်အတူ အပန်းဖြေကာလပြီးဆုံးပါက ပြန်လည်တာဝန်ထမ်းဆောင် မည် ဖြစ်ကြောင်း ပြောသည်။

ဟောင်ကောင်တွင် ရဲအရာရှိတစ်ဦး ထီဆုကြီး ကံထူးသည်မှာ ယခုဖြစ်ရပ်သည် ပထမဆုံးအကြိမ် မဟုတ်ချေ။

၁၉၉၅ ခုနှစ်က ဟောင်ကောင်ဒေါ်လာ ၃ ဒသမ ၁၆ သန်းစီ ကံထူးခဲ့သော အရာရှိ ၁၂ ဦးရှိခဲ့ပြီး ရဲမင်းကြီးဟောင်း Dick Lee Ming-kwai လည်း အပါအဝင် ဖြစ်သည်။

(ရဲအရာရှိ ထီဆုကြီး ကံထူးသည့်သတင်းမှာ ဟောင်ကောင်ရဲတပ်ဖွဲ့အကြား အလွန်ကျော်ကြားနေသည်။ ဓာတ်ပုံ-Handout)

ပြီးခဲ့သော အင်္ဂါနေ့က Mark Six ၏ Jackpot ဆုကြေး ဟောင်ကောင်ဒေါ်လာ ၁၃၈ သန်းကို ဖွင့်လှစ်ပေးခဲ့ရာ ထီဂဏန်း ၂ ခုအကြား ဆုငွေ မျှဝေပေးခဲ့သည်။

စုစုပေါင်း ထီဆုငွေပမာဏမှာ ဟောင်ကောင်ဒေါ်လာ သန်း ၃၃၀ ရှိသည်။

ဒုတိယဆုမှာ ဟောင်ကောင်ဒေါ်လာ ၈၄၄၅၆၀ ဖြစ်ပြီး ဒုတိယဆု ၁၄ ဆု ပါဝင်သည်။

တတိယဆုမှာ ဟောင်ကောင်ဒေါ်လာ ၄၈၃၉၀ ဖြစ်ကာ ဆုပေါင်း ၆၅၁ ဆု ပါဝင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong marine police officer hits HK$69 million jackpot in Mark Six lottery Photo Credit-Handout

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service