နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့ - Property News in Myanmar from iMyanmarHouse.com
18 Dec 2024 10:25 am တွင် တင်ခဲ့သည်
791 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့် ဂျင်မ်ကာရေးသည် ၂၀၂၂ ခုနှစ်အတွင်း Sonic 2 ကို ရုံတင်ချိန်က ရုပ်ရှင်လောကမှ အနားယူပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။

ထိုအချိန်ကမူ ရွှေမင်ဖြင့် ရေးသားထားသောဇာတ်ညွှန်းကို နတ်သမီးတို့က ယူလာပေးပြီး ဤဇာတ်ကားကို လူသားတို့ မဖြစ်မနေကြည့်ရှုသင့်သည်ဟု ပြောဆိုမှသာလျှင် ရုပ်ရှင်လောကသို့ ပြန်လာမည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။

ကြုံးဝါးပြောဆိုခဲ့ပြီး ၂ နှစ်အကြာ ပြီးခဲ့သော ဒီဇင်ဘာ ၁၂ ရက်ကမူ ငွေလိုနေသည်ဟုဆိုကာ ရုပ်ရှင်လောကသို့ ပြန်ဝင်လာသည်။

ထိုသို့ပြောဆိုအပြီး ၁ နှစ်အကြာ ၂၀၂၃ ခုနှစ်အတွင်း နှစ်ပေါင်း ၃၀ နေထိုင်နေသောစံအိမ်ကို ရောင်းချရန် စီစဉ်ခဲ့ရသည်။

အိမ်ရောင်းထွက်လိုသောကြောင့် အကြိမ်ကြိမ် ဈေးလျှော့ပေးခဲ့သော်လည်း ရောင်းမထွက်ခဲ့ဘဲ ၅ ကြိမ်တိုင် ဈေးလျှော့ပေးခဲ့ပြီးနောက်မှ ဝယ်လက်ရှာတွေ့သွားခြင်း ဖြစ်သည်။

ဂျင်မ်ကာရေးသည် လော့စ်အိန်ဂျလိစံအိမ်ကို မူလခေါ်ဈေးအောက် ဒေါ်လာ ၁၀ သန်းအထိ ၅ ကြိမ်တိုင် ဈေးလျှော့ပေးခဲ့ပြီးမှ ဝယ်လက်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ Brentwood အရပ်တွင် တည်ရှိပြီး စတုရန်းပေ ၁၀၉၅၄ ကျယ်ဝန်းသောစံအိမ်မှာ ယခု ရက်သတ္တပတ်အတွင်း အရောင်းအဝယ်ဖြစ်သွားသည်။

၂၀၂၃ ခုနှစ်အစောပိုင်းတွင် ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့ချိန်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၈ ဒသမ ၉ သန်းဖြစ်သည်။

၅ ကြိမ်တိုင်ဈေးလျှော့ပေးခဲ့သည့် နောက်ဆုံးခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၉ ဒသမ ၇၅ သန်း ဖြစ်သည်။

အိပ်ခန်း ၅ ခန်းပါဝင်သော ယခုစံအိမ်ကို ဂျင်မ်ကာရေးက ၁၉၉၄ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

ထိုနှစ်အတွင်းတွင်ပင် ဂျင်မ်ကာရေး၏ ဟောလိဝုဒ်၏ ပေါက်ကားများဖြစ်သော Ace Ventura: Pet Detective, Dumb and Dumber နှင့် The Mask ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ခြံဝန်းအကျယ် ၂ ဧကရှိပြီး ဧည့်ဂေဟာအိမ်၊ အာ့ထ်ဒက်ကို ဗိသုကာဟန် theater ၊ ပြင်သစ်တံခါးများ ဝန်းပတ်ထားသော စက်ဝိုင်းပုံ နေစာလှုံခန်းနှင့် treetop yoga လေ့ကျင့်ရာနေရာတို့ ပါဝင်သည်။

၁၉၅၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယာတောအိမ်အသွင် စံအိမ်ဖြစ်ကာ ထုတ်တန်းဖော် မျက်နှာကြက်များ၊ မီးလင်းဖို ၆ ခု၊ အုတ်ခဲဖော် အုတ်နံရံများနှင့် သစ်မာသား ကြမ်းခင်းတို့ ရှိသည်။

စံအိမ်နောက်ဘက်တွင် ကျယ်ဝန်းသော နားနေ နေရာမှ အုတ်လှေကားတို့က ရေကူးကန်ဆီသို့ ဦးတည်သွားပြီး ရေကူးကန်တွင် ရေတံခွန်တွဲဖက် ပါဝင်သည်။

လူသွားလမ်းလေးများမှာ ပန်းဥယျာဉ်များနှင့် သစ်ပင်ပန်းမန်များ စိမ်းစိုသော နေရာများဆီသို့ ခေါ်ဆောင်သွားပြီး တင်းနစ်ကွင်းတစ်ခုလည်းရှိသည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Janelle Friedman နှင့် Graham J.Larson တို့ ဖြစ်သည်။

ဂျင်မ်ကာရေး၏ စံအိမ်သည် အရောင်းဈေးကွက်တွင် တစ်နှစ်ကျော် ရှိနေခဲ့ပြီးနောက် ယခုနှစ် သြဂုတ်လတွင် ဈေးကွက်မှ ပြန်ရုတ်ခဲ့သည်။

ထိုအချိန်က ကန်ဒေါ်လာ ၂၁ ဒသမ ၅ သန်း ဈေးခေါ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၁၉ ဒသမ ၇၅ သန်း ဈေးခေါ်ကာ အရောင်းဈေးကွက်ပြန်တင်ခဲ့သည်။

(ခြံဝန်းအကျယ် ၂ ဧကရှိပြီး စံအိမ်တွင် အိပ်ခန်း ၅ ခန်းပါသည်။ ဓာတ်ပုံ-Google Maps)

(ဆက်စပ်သတင်းများ) The Mask ရုပ်ရှင်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ် ရောင်းမထွက်သေး သောကြောင့် ပဉ္စမအကြိမ် ဈေးလျှော့ပေးလာ၊ မူလခေါ်ဈေးအောက် ကန်ဒေါ်လာ ၉ သန်းအထိ ဈေးလျှော့ပေး

https://www.imyanmarhouse.com/news/read/1124936

ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက် သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်

https://www.imyanmarhouse.com/news/read/1112311

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jim Carrey Finds a Buyer for the L.A. Home He’s Owned for 30 Years (mansionglobal) Photo Credit-Google Maps

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service