ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖြစ်ကာ တန်းစီကြည့်ရှုကြ၊ သတိပြုရမည့်အချက်မှာ အိမ်ငှားရှိနေပြီး ပိုင်ရှင်သစ်အနေဖြင့် ၂၀၅၃ ခုနှစ်ရောက်မှသာ နေထိုင်ခွင့်ရှိမည်

ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖြစ်ကာ တန်းစီကြည့်ရှုကြ၊ သတိပြုရမည့်အချက်မှာ အိမ်ငှားရှိနေပြီး ပိုင်ရှင်သစ်အနေဖြင့် ၂၀၅၃ ခုနှစ်ရောက်မှသာ နေထိုင်ခွင့်ရှိမည် - Property News in Myanmar from iMyanmarHouse.com
6 Dec 2024 12:05 pm တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကိုမြို့၊ Russian Hill ရှိ အက်ဒ်ဝါ့ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်တစ်လုံး ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်နေသည်။

ဆန်ဖရန်စစ္စကိုတွင် အလယ်လတ်တန်းအိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြစ်ရာ ယခုခေါ်ဈေးမှာ ထက်ဝက်ပင် မရှိချေ။

ထို့အပြင် ယခုအိမ်၏ ခန့်မှန်းတန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၄ သန်းဖြစ်ရာ တန်ဖိုး၏ ၃ ပုံ ၁ ပုံခန့်သာ ဈေးခေါ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ရုတ်တရက်ကြည့်လိုက်လျှင် ဗိုက်နာသည့်ဈေးဖြစ်ကာ အလွန်တန်သည်ဟု ယူဆဖွယ်ရှိသည်။

သို့သော် အထူးသတိပြုစရာ အချက်တစ်ခု ရှိနေသည်။

နေအိမ်ကို ဝယ်ယူမည့် ပိုင်ရှင်သစ်အနေဖြင့် နောင်နှစ်ပေါင်း ၃၀ ကြာသည်အထိ ရွှေ့ပြောင်းနေထိုင်ခွင့် မရှိသည့်အချက်ပင်။

အရောင်းကြော်ငြာတွင် ဖော်ပြထားချက်အရ လက်ရှိတွင် အိမ်ငှားများနေထိုင်လျက်ရှိပြီး ဆန်ဖရန်စစ္စကို အိမ်ငှားများ အကာအကွယ်ပေးရေးဥပဒေအရ ၂၀၅၃ ခုနှစ်အထိ နေထိုင်ခွင့်ရရှိထားသည်။

ထိုအိမ်ငှားတို့ လက်ရှိပေးနေသော အိမ်လခမှာ မယုံနိုင်လောက်အောင် နည်းပါးပြီး တစ်လလျှင် ၄၁၇ ဒေါ်လာသာ ပေးရသည်။

ကာလာကြာရှည် အိမ်ငှားနေထိုင်သူတို့ကို အကာအကွယ်ပေးသည့် ဥပဒေ ဖြစ်သည်။ အရောင်းကြော်ငြာတွင် ဖော်ပြချက်အရ အိမ်ဝယ်ယူမည့်သူအနေဖြင့် မဝယ်မီ နေအိမ်အတွင်း ခေတ္တမျှ လှည့်လည်ကြည့်ရှုခွင့် ရ၊မရကိုပင် အိမ်ခြံမြေအကျိုးဆောင်က အာမခံ မထားချေ။

(နေအိမ်ခန့်မှန်းပေါက်ဈေးဖြစ်သော ဒေါ်လာ ၁ ဒသမ ၄ သန်းအောက် ၃ ပုံ ၁ ပုံနီးပါးသာရှိသော ဈေးဖြင့် အရောင်းတင်ထားသည်။ ဓာတ်ပုံ-Realtor)

ထိုသို့ နေအိမ်တွင် ဥပဒေကြောင်း အရှုပ်အထွေးများရှိနေသောကြောင့် ဝယ်လက်အနေဖြင့် မဝယ်မီတွင် ရှေ့နေနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

အိမ်ငှားရှိနေခြင်း၊ နှစ်ပေါင်း ၃၀ အထိ အိမ်တက်ခွင့်မရနိုင်ခြင်း ပြဿနာအပြင် အခြားပြဿနာတစ်ခုလည်း ရှိနေသေးသည်။

ယခင်ပိုင်ရှင်မှာ အသက် ၁၀၀ ကျော်အရွယ်ရှိ အဘိုးအိုဖြစ်ပြီး နေအိမ်အတွင်း သေဆုံးသွားခဲ့သည်။

နေအိမ်ကို စတင်အရောင်းဈေးကွက်တင်ချိန်တွင် စိတ်ဝင်စားသူ အလွန်များပြားခဲ့သည်။

အိမ်နီးချင်းတစ်ဦးဖြစ်သူ Iiia Smith က ABC သတင်းဌာနသို့ ပြောသည်မှာ နေအိမ်ကို ကြည့်လိုသောသူများ လူတန်းရှည်ကြီးဖြစ်ကာ တစ်လမ်းလုံးအပြည့်ဖြစ်နေခဲ့ကြောင်း ပြောသည်။

San Franciaco Standard သတင်းဌာန၏ ဖော်ပြချက်အရ ယခုအိမ်တွင် မိသားစုအကြား အရှုပ်အရှင်းများလည်း ရှိနေကြောင်း ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: $1.4 Million San Francisco Home That Former Owner Died In Sells for Just $488K—but Buyer Can’t Move In Until 2053 (realtor) Photo Credit-Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service