ငှက်ပျောသီးကြောက်သော ဆွီဒင်အစိုးရအဖွဲ့မှ အမျိုးသမီးဝန်ကြီး၊ နေအိမ်ထဲသို့ မဝင်မီ အိမ်အလုပ်သမားများက နေအိမ်ထဲတွင် ငှက်ပျောသီး ကင်းရှင်းကြောင်း နေ့စဉ် စစ်ဆေးကြည့်ရှုပေးရ

ငှက်ပျောသီးကြောက်သော ဆွီဒင်အစိုးရအဖွဲ့မှ အမျိုးသမီးဝန်ကြီး၊ နေအိမ်ထဲသို့ မဝင်မီ အိမ်အလုပ်သမားများက နေအိမ်ထဲတွင် ငှက်ပျောသီး ကင်းရှင်းကြောင်း နေ့စဉ် စစ်ဆေးကြည့်ရှုပေးရ - Property Knowledge in Myanmar from iMyanmarHouse.com
5 Dec 2024 10:13 am တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဆွီဒင်အမျိုးသမီးဝန်ကြီးတစ်ပါး ငှက်ပျောသီး အလွန်ကြောက်သည့် အကြောင်းရပ်မှာ ဆွီဒင်တွင် တစ်နိုင်ငံလုံး ဆွေးနွေးစရာ ကိစ္စဖြစ်လာနေသည်။

ပေါက်ကြားလာသော အီးမေးလ်များအရ သူ၏ ဝန်ထမ်းတို့သည် အခန်းများအတွင်းသို့ သူ မဝင်မီတွင် ငှက်ပျောသီးကင်းရှင်းကြောင်း စစ်ဆေးပေးရသည်ဟု ဆိုသည်။

ပေါ်လီနာ ဘရန်းဘာ့ဂ် (Paulina Brandberg) (ဆွီဒင် အသံထွက်အားဖြင့် ပေါ်လီနာ ဘရောင်ဘာ့) သည် ဆွီဒင်အစိုးရအဖွဲ့မှ ကျားမ သာတူညီမျှရှိရေးနှင့် အလုပ်ခွင်ဘဝဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီးဖြစ်သည်။

ပေါ်လီနာက ၎င်းတွင် ငှက်ပျောသီးကြောက်သည့်ရောဂါရှိကြောင်း ယခင်ကလည်း ထုတ်ဖော်ပြောကြားခဲ့ဖူးရာ ကမ္ဘာ့အထူးဆန်းဆုံး အကြောက်ရောဂါဟု ဆိုနိုင်သည်။

နိုဝင်ဘာလလယ်ပိုင်းတွင် ပေါက်ကြားလာသော အီးမေးလ်များအရ ဝန်ကြီး၏ ဝန်ထမ်းများသည် ဝန်ကြီးနှင့် ငှက်ပျောသီး ထိပ်တိုက်မတွေ့ဆုံမိစေရန် အမြဲဂရုစိုက်စစ်ဆေးကြရသည်ဟု ဆိုသည်။

Expressen သတင်းစာမှ ဖော်ပြသော အီးမေးလ်တစ်စောင်တွင် “ဝန်ကြီးနှင့် အပေါင်းပါတစ်ဦး အစည်းအဝေးမတက်မီ အခန်းထဲတွင် ငှက်ပျောသီးနှင့် ပတ်သက်သည်များ မရှိစေရ။ ပြင်းထန်သည့် ဓာတ်မတည့်မှုကြောင့် ဖြစ်သည်” ဟု ဖော်ပြထားသည်။

အခြားအီးမေးလ်များတွင် ဖော်ပြချက်များအရ ဝန်ကြီးတက်သည့် ပွဲတိုင်းတွင် သွားလာသည့်နေရာတိုင်း၌ ငှက်ပျောသီးမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

“ကွန်ဖရင့်ခန်းမတစ်ခုလုံးမှာ ငှက်ပျောသီးမရှိအောင် ကျွန်တော်တို့ ရှင်းလင်းစစ်ဆေးမှု ဆောင်ရွက်ထားပါမယ်” ဟု တုံ့ပြန်ဖြေကြားထားသည်ကိုလည်း တွေ့ရသည်။

ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က ပြောသည်မှာ ဝန်ကြီး ပေါ်လီနာ၏ အခက်အခဲမှာ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို မထိခိုက်ကြောင်း ပြောသည်။

“လူတိုင်းမှာ မတူတဲ့ အကြောက်တရားတွေရှိတယ်ဆိုတာ ကျွန်တော်သိရှိနားလည်ထားပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ဝန်ကြီး ပေါ်လီနာက သူ၏သတင်းများနှင့် စပ်လျဉ်းပြီး The Guardian သတင်းဌာနကို မှတ်ချက်ပြုရန် ငြင်းပယ်ခဲ့သည်။

သို့သော် ပေါ်လီနာက Expressen သတင်းဌာနသို့ ပြောခဲ့သည်မှာ အဆိုပါပြဿနာကို တတ်သိနားလည်သူတို့၏ အကူအညီဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း ပြောသည်။

ဆွီဒင်ပညာရေးဝန်ကြီး Johan Pehrson က ပြောသည်မှာ ဝန်ကြီးပေါ်လီနာနှင့် ပတ်သက်သည့် အီးမေးလ်များ ပေါက်ကြားမှုအပေါ် မီဒီယာက အာရုံစိုက်နေသည်မှာ မိုက်မဲကြောင်း ပြောသည်။

“သူက လစ်ဘရယ်အမာခံတစ်ယောက်ပါ။ အားနည်းတဲ့ မိန်းမသားတွေဘက်မှာ အမြဲရပ်တည်ခဲ့သူပါ။ အဲဒီအပေါ်မှာပဲ ကျွန်တော်တို့ အာရုံစိုက်သင့်ပါတယ်” ဟု Pehrson က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အတိုက်အခံပါတီကလည်း ပေါ်လီနာဘက်မှ ရပ်တည်ကြသည်။

ဆိုရှယ်ဒီမိုကရက်ပါတီမှ ဥပဒေမူဝါဒရေးရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Teresa Carvalho က မိမိတွင်လည်း ပေါ်လီနာကဲ့သို့ ငှက်ပျောသီးကြောက်ရောဂါရှိကြောင်း ပြောသည်။

“သူနဲ့ ကျွန်မတို့ကြားမှာ လုပ်ငန်းခွင် အခြေအနေပြဿနာနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ဘုံရန်သူကို ဆန့်ကျင်ဖို့ ကျွန်မတို့ စည်းလုံးစွာ ရပ်တည်ပါတယ်” ဟု Teresa က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Banana-phobe Swedish minister’s staff insisted on ‘no traces in the room’ (theguardian)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service