ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ခါမလာ ဟဲရစ် လူသူဝေးရာတွင် သွားရောက်ပုန်းရှောင်ခဲ့သော ဟာဝိုင်အီမှ ဒေါ်လာ ၇ သန်းတန် အပန်းဖြေအိမ်

ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ခါမလာ ဟဲရစ် လူသူဝေးရာတွင် သွားရောက်ပုန်းရှောင်ခဲ့သော ဟာဝိုင်အီမှ ဒေါ်လာ ၇ သန်းတန် အပန်းဖြေအိမ် - Property News in Myanmar from iMyanmarHouse.com
3 Dec 2024 1:50 pm တွင် တင်ခဲ့သည်
635 ကြိမ် ကြည့်ရှု့ပြီး

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးတွင် အမေရိကန်ဒုတိယသမ္မတ ခါမလာ ဟဲရစ်သည် ဝါရှင်တန်ဒီစီကို ကျောခိုင်းကာ ဟာဝိုင်အီရှိ ဒေါ်လာ ၇ သန်းတန် စံအိမ်တွင် သွားရောက်နေထိုင်လျက် ရှိသည်။

ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲတွင် အပြတ်အသတ် အရေးနိမ့်ခဲ့ပြီးနောက် လူသူကင်းဝေးရာ အဆိုပါအိမ်တွင် ခါမလာဟဲရစ်သည် ခင်ပွန်းဖြစ်သူ Doug Emhoff နှင့်အတူ ၆ ရက်ကြာ သွားရောက်ပုန်းအောင်း နေထိုင်ခဲ့ သည်ဟုဆိုသည်။

သတင်းများအရ အသက် ၆၀ တန်းများဖြစ်ကြသော ခါမလာဟဲရစ်နှင့် Emhoff တို့ ဇနီးမောင်နှံသည် ဟာဝိုင်အီမှ Kamuela ဒေသတွင် နေအိမ်တစ်လုံးကို တစ်ညလျှင် ဒေါ်လာ ၁၃၀၀ ဖြင့် ငှားရမ်းခဲ့ကြသည်။

ထို့နောက် ဝါရှင်တန်ဒီစီမှ နိုဝင်ဘာ ၁၉ ရက်တွင် ထွက်ခွာခဲ့ကြပြီး နိုဝင်ဘာ ၂၅ ရက်တွင် ပြန်ရောက်သည်။

ဒုသမ္မတ စုံတွဲ ငှားရမ်းတည်းခိုခဲ့သည့်အိမ်မှာ luxury resort တစ်ခုဖြစ်သော Mauna Kea တွင် တည်ရှိသည်ဟု ဆိုသည်။

Mauna Kea အပန်းဖြေစခန်းတွင် ဟိုတယ်ကြီးတစ်ခုအပြင် သီးသန့်စံအိမ်များရှိပြီး စံအိမ်များကိုလည်း ငှားရမ်းပေးရာ ဈေးနှုန်းမှာ မြင့်မားသည်။

“Mauna Kea အပန်းဖြေစခန်းမှာရှိတဲ့ သီးသန့်စံအိမ်တွေဟာ luxury ဖြစ်ပြီး တသီးတသန့် အပန်းဖြေနေထိုင်ရတဲ့ အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။” ဟု Mauna Kea ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

“ပင်လယ်ကို မျက်နှာမူတဲ့ စတူဒီယိုခန်းတွေကစပြီး အိပ်ခန်း ၄ ခန်းပါ ကွန်ဒိုခန်းတွေ၊ သီးသန့်အိမ်တွေအထိ ရွေးချယ်စရာနေရာတွေ အများကြီးရှိပါတယ်”

ခါမလာဟဲရစ်နှင့် Emhoff တို့စုံတွဲ တည်းခိုနေထိုင်ခဲ့သော အိမ်မှာ ဟာဝိုင်အီရှိ အထူးသီးသန့်ဆန်သည့် နေရာဖြစ်သော Fairways South တွင် တည်ရှိပြီး ဝန်းကျင်တခွင်တွင် သာယာလှပသော ရှုမျှော်ခင်းတို့က ဝန်းပတ်ထားသည်။

(၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးတွင် အမေရိကန်ဒုတိယသမ္မတ ခါမလာ ဟဲရစ်သည် ဝါရှင်တန်ဒီစီကို ကျောခိုင်းကာ ဟာဝိုင်အီရှိ ဒေါ်လာ ၇ သန်းတန် စံအိမ်တွင် သွားရောက် ပုန်းရှောင် အပန်းဖြေခဲ့သည်။ ဓာတ်ပုံ-Getty Images)

(သတင်းများအရ ခါမလာဟဲရစ်နှင့် Emhoff တို့ ဇနီးမောင်နှံသည် ဟာဝိုင်အီမှ Kamuela ဒေသတွင် နေအိမ်တစ်လုံးကို တစ်ညလျှင် ဒေါ်လာ ၁၃၀၀ ဖြင့် ၆ ရက် ငှားရမ်းခဲ့ကြသည်။ ဓာတ်ပုံ-Mauna Kea Resort)

(အိပ်ခန်း ၅ ခန်းပါ နေအိမ်ဖြစ်ပြီး ဝိုင်လုပ်ငန်းရှင် Michael Mondavi နှင့် ဆက်နွှယ်သော ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည်။ ဓာတ်ပုံ-Realtor)

DailyMail သတင်းဌာန၏ ဖော်ပြချက်အရ ခါမလာဟဲရစ်တို့ ဇနီးမောင်နှံ ရွေးချယ်ငှားရမ်းခဲ့သောအိမ်မှာ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ပြီး ၂၀၀၆ ခုနှစ်က ဒေါ်လာ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သောအိမ်ဖြစ်သည်ဟု ဆိုသည်။

Realtor အိမ်ခြံမြေဝက်ဘ်ဆိုက်၏ ခန့်မှန်းချက်အရ လက်ရှိပေါက်ဈေး ကန်ဒေါ်လာ ၇ ဒသမ ၁ သန်း ဝန်းကျင်ရှိသည်ဟု ခန့်မှန်းသည်။

ထိုအိမ်တွင် ရေပူစိမ်ကန်၊ သီးသန့်ရေကူးကန်တို့ပါဝင်ပြီး ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ လူ ၁၀ ဦးကျော် တည်းခိုနိုင်သောအိမ်ဖြစ်သည်။

(အပန်းဖြေစခန်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ခါမလာဟဲရစ် တည်းခိုခဲ့သောအိမ်တွင် ရေပူစိမ်ကန်နှင့် သီးသန့်ရေကူးကန်တို့ ပါဝင်သည်ဟု ဆိုသည်။ ဓာတ်ပုံ-Realtor)

(မကြာသေးမီက ဓာတ်ပုံများအရ ပြုပြင်မွမ်းမံမှုများ ကြီးမားစွာ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ဓာတ်ပုံ-Realtor)

(ဧည့်ခန်း မြင်ကွင်း။ ဓာတ်ပုံ-Realtor)

(သီးသန့်လုံးချင်းအိမ်များတွင် တည်းခိုသောဧည့်သည်တော်များအနေဖြင့် Mauna Kea ကမ်းခြေဟိုတယ်နှင့် Westin Hapuna Beach Resort တို့သို့ ဝင်ရောက်ခွင့်ရှိသည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside $7 Million Hawaii Retreat Where Kamala Harris Holed Up After Election Loss to Donald Trump (realtor)

Photo Credit-Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
အဆုပ်ကင်ဆာ ခံစားနေရသော အမျိုးသားမှာ ဝက်သံချဆေးများ သောက်သုံးရာ ကင်ဆာကျိတ်များ ပျောက်ကွယ်သွားပြီး ကင်ဆာလုံးလုံးပျောက်ကင်းသွားမှုအပေါ် သိပ္ပံပညာရှင်တို့ အံ့အားသင့်၊ ဝက်သံချဆေးဖြင့် ကင်ဆာကုသနိုင်မှု အလားအလာကို လေ့လာမှုများ ပ...

ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား
ဗြိတိန်အမျိုးသားက ပလတ်စတစ်ဘူးပေါင်း ၁၅၀,၀၀၀ ဖြင့် ကျွန်းတစ်ကျွန်း တည်ဆောက်
ဗြိတိန်အမျိုးသားက ပလတ်စတစ်ဘူးပေါင်း ၁၅၀,၀၀၀ ဖြင့် ကျွန်းတစ်ကျွန်း တည်ဆောက်
အမေရိကန်အမျိုးသားက အိမ်တွင် ပါတီပွဲကျင်းပလိုသောကြောင့် ဇနီးဖြစ်သူ အိမ်ပြန်မလာနိုင်စေရန် ရည်ရွယ်ကာ ရေထိန်းတမံ ဖွင့်ချခဲ့ရာ မြေဧကပေါင်း ၁၄၀၀၀ ရေမြုပ်သွားခဲ့ရပုံ...
အမေရိကန်အမျိုးသားက အိမ်တွင် ပါတီပွဲကျင်းပလိုသောကြောင့် ဇနီးဖြစ်သူ အိမ်ပြန်မလာနိုင်စေရန် ရည်ရွယ်ကာ ရေထိန်းတမံ ဖွင့်ချခဲ့ရာ မြေဧကပေါင်း ၁၄၀၀၀ ရေမြုပ်သွားခဲ့ရပုံ...
အမေရိကန်သိပ္ပံပညာရှင်တို့က လူ့အရေပြားဆဲလ်များကို သန္ဓေသားမျိုးဥအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်မှု သိပ္ပံလောကတစ်ခုလုံး ဂယက်ရိုက်၊ လိင်တူချစ်သူများ သားသမီးရနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာ...
အမေရိကန်သိပ္ပံပညာရှင်တို့က လူ့အရေပြားဆဲလ်များကို သန္ဓေသားမျိုးဥအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်မှု သိပ္ပံလောကတစ်ခုလုံး ဂယက်ရိုက်၊ လိင်တူချစ်သူများ သားသမီးရနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service