ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ - Property Knowledge in Myanmar from iMyanmarHouse.com
28 Nov 2024 10:20 am တွင် တင်ခဲ့သည်
975 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကျွဲရိုင်း အားဖြည့်အချိုရည် (Red Bull) ကို ပူးတွဲပိုင်ဆိုင်သော ယုဝိထယ (Yoovidhya) မိသားစုသည် Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်သော ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး ၎င်းတို့မိသားစု၏ စုစုပေါင်း ကြွယ်ဝမှု ကန်ဒေါ်လာ ၃၆ ဘီလီယံရှိသည်ဟု ခန့်မှန်းထားသည်။

ကျွဲရိုင်း အချိုရည်ကို ချလိယောင် ယုဝိထယ (Chaleo Yoovidhya) (ကွယ်လွန်) က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

မိသားစု၏ လက်ရှိအကြီးအကဲ ချာလမ် ယုဝိထယ (Chalerm Yoovidhya) (၇၆ နှစ်) ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့် ရှိသည်။

(ချာလမ် ယုဝိထယကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်က ထိုင်းနိုင်ငံ၌ တွေ့ရပုံ။ ဓာတ်ပုံ-Panoramic via Reuters)

 

ကျွဲရိုင်းအားဖြည့်အချိုရည်သည် စွမ်းအားမြင့်မား စိတ်လှုပ်ရှားမှုတို့နှင့် ဆက်နွှယ်နေသော်လည်း ကွယ်လွန် သွားပြီဖြစ်သည့် တည်ထောင်သူ ချလိယောင်မှာမူ အဆိုပါအချက်နှင့် ခြားနားသည့် ကိုယ်ရည်ကိုယ်သွေး ရှိကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။

ချလိယောင်သည် တကိုယ်တည်း ဘာသိဘာသာ နေတတ်သူဟု လူသိများသည်။

သားတစ်ဦး၏ ပြောပြချက်အရ ချလိယောင် မကွယ်လွန်မီ နှစ်ပေါင်း ၃၀ အတွင်း အင်တာဗျူး လက်ခံဖြေကြားခြင်း လုံးဝမရှိခဲ့ဟု ဆိုသည်။

သို့ကြောင့် ချလိယောင်၏ ဘဝနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို မသိနိုင်ချေ။

သို့သော် ဆင်းဆင်းရဲရဲဘဝမှ ထိပ်ဆုံးသို့ တက်လှမ်းခဲ့သူဖြစ်သည်ကား သေချာသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ပိချစ်ပြည်နယ်သို့ ရွှေ့ပြောင်းအခြေချသည့် တရုတ်မိသားစုတွင် မွေးဖွားပြီး ဆင်းရဲသား မိသားစု ဖြစ်သည်။

ချလိယောင်သည် ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည် အစရှိသည့်အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ရပြီး ဘဲမွေးသည့်အလုပ်လည်း လုပ်ဖူးကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကြီးက ဖော်ပြဖူးသည်။

ချလိယောင်သည် အတန်းပညာလည်း အနည်းငယ်မျှသာ တက်ခဲ့ဖူးသည်။ အတန်းပညာနည်းပါးသော်လည်း နောင်အခါတွင် ပဋိဇီဝဆေးဝါးများနှင့် အလှကုန်များ ထုတ်လုပ်သော TC Phamaceutical Industries ကို တည်ထောင်နိုင်ခဲ့သည်။

ယင်း၏ ထုတ်ကုန်များထဲတွင် ကရာထင် ဒါန် (Krating Daeng) ဟူသော အချိုရည်ပါဝင်ပြီး ထိုင်းဘာသာစကားအရ ကျွဲရိုင်းဟု အဓိပ္ပာယ်ရသည်။

အဆိုပါအချိုရည်ကို မူလက ဆေးဝါးအဖြစ် ရောင်းချခြင်းဖြစ်ပြီး အားအင်ချိနဲ့သော အလုပ်သမားများနှင့် ကုန်ကားမောင်းသူတို့အကြား နာမည်ကျော်ခဲ့သည်။

ထိုသူတို့သည် ၁၉၇၀ နှင့် ၈၀ ပြည့်လွန်ကာလများအတွင်း တိုင်းပြည်စီးပွားရေးကို မောင်းနှင်ပေးခဲ့သူများ ဖြစ်သည်။

ကရာထင် ဒါန်ကို သြစထရီးယားမှ ခရီးသွား သွားတိုက်ဆေး အရောင်းသမား ဒီးထရစ် မားတက်ရှစ်ဇ် (Dietrich Mateschitz) က ၁၉၈၂ ခုနှစ်တွင် စတင်သိရှိကာ စိတ်ဝင်စားသွားသည်။

ကရာထင် ဒါန်က လေယာဉ်မူးဝေမှု ကုစားပေးနိုင်မှုအပေါ် ဒီးထရစ် များစွာအထင်ကြီးသွားသည်။

သို့နှင့် ဒီးထရစ်က ချလိယောင်နှင့် ပူးပေါင်းကာ ကရာထင် ဒါန်ကို နိုင်ငံတကာဈေးကွက်အထိ ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။

ဒီးထရစ်နှင့် ချလိယောင်တို့က တစ်ဦးလျှင် ဒေါ်လာ ၅၀၀,၀၀၀ စီထည့်ဝင်ကာ ရှယ်ယာ ၄၉ ရာခိုင်နှုန်းစီဖြင့် ပိုင်ဆိုင်မှု သတ်မှတ်ခဲ့ကြသည်။

ကျန် ၂ ရာခိုင်နှုန်းမှာ ချလိယောင်၏ သားကြီး ချလမ်က ပိုင်ဆိုင်သည်။

ကရာထင် ဒါန်၏ ဖျော်စပ်ပုံ ပြောင်းလဲချိန်ညှိခြင်း၊ ထုတ်ပိုးမှုအတွက် ပြန်လည်ဒီဇိုင်းဆွဲခြင်းများ ပြုလုပ်ပြီးနောက် Red Bull ဟူသောအမည်ဖြင့် ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်သို့ စတင်ဖြန့်ချိခဲ့သည်။

Red Bull ကို ထိုခေတ်က သမားရိုးကျ ကြော်ငြာနည်းလမ်းဖြစ်သော ရုပ်သံမှ ကြေညာခြင်းမျိုး မပြုလုပ်ဘဲ ကျောင်းသား ပါတီပွဲများ၊ အားကစားပွဲများနှင့် အားကစားသမားများကို စပွန်ဆာပေးခြင်းမျိုးဖြင့် ကြော်ငြာခဲ့သည်။

အဓိကအားဖြင့် ကားပြိုင်ပွဲနှင့် နှင်းလျှောစီးပြိုင်ပွဲကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် အားကစားမျိုးတွင် စပွန်ဆာပေးခြင်းများ ပြုလုပ်ခဲ့သည်။

 

(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်က သြစထရီးယားနိုင်ငံ၊ Spielberg ရှိ Red Bull ကားပြိုင်ကွင်းတွင် ကျင်းပသည့် ဖော်မြူလာဝမ်း သြစထရီးယား ဂရင်းပရီသို့ ထိုင်းလုပ်ငန်းရှင် ချာလမ် ယုဝိထယနှင့် ဇနီးဖြစ်သူ ဒါရာနီ ယုဝိထယတိို့ကို တွေ့ရပုံ။ ဓာတ်ပုံ-AFP)

 

ချလိယောင်၏ သားတစ်ဦးဖြစ်သူ ဆာရာဝတ် ယုဝိထယ (Saravudh Yoovidhya) က ထိုင်းသတင်းစာ The Nation နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်မှာ ထိပ်တန်းကုမ္ပဏီကြီးများသည် မြို့ကြီးများကို ဦးတည်ထိုးဖောက်လေ့ရှိသော်လည်း Red Bull ကမူ ပြည်နယ်ဈေးကွက်များကို ပစ်မှတ်ထားပြီး ကုန်ကားသမားများကို အချိုရည်ဘူးများ အခမဲ့တိုက်ကျွေးကာ ကြော်ငြာခဲ့ကြောင်း ပြောပြသည်။

“ထုတ်ကုန်သစ်တစ်ခုကို ဖြန့်ချိချင်တယ်ဆိုရင် ဈေးကွက်ဦးဆောင်နေတဲ့သူတွေနဲ့ ကွဲပြားနေရမယ်လို့ အဖေက ယုံကြည်ခဲ့တယ်။”

ချလိယောင်သည် Brand တည်ဆောက်ရေးကို ပစ်မှတ်ထားခဲ့ကြောင်း၊ ထိုခေတ်က မရှိသေးသည့် မဟာဗျူဟာတစ်ခုဖြစ်ကြောင်းလည်း ဆာရာဝတ်က ပြောပြသည်။

ထိုသို့ သမားရိုးကျမဟုတ်သော ချဉ်းကပ်ပုံများကြောင့် Red Bull မှာ အလွန်အောင်မြင်ခဲ့ပြီး ရုံးဝန်ထမ်းများနှင့် ကောလိပ်ကျောင်းသားများအကြားတွင်လည်း အလွန်ကျော်ကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလအထိ Red Bull သည် အချိုရည်ဘူးပေါင်း ၄ ဒသမ ၂ ဘီလီယံ ရောင်းချခဲ့ရပြီး ဝင်ငွေ ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံရခဲ့ကာ အားဖြည့်အချိုရည်ဈေးကွက်တွင် ဈေးကွက်ဝေစု ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်ခဲ့သည်။

ချလိယောင်သည် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ခု၌ ကွယ်လွန်သွားခဲ့သည်။

ချလိယောင်သည် အိမ်ထောင် ၂ ဆက်ရှိခဲ့ပြီး သားသမီး ၁၁ ဦး ကျန်ရစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းစာ The Nation က ဖော်ပြပြီး နယူးယောက်တိုင်းမ်ကမူ အသက် ၈၈ နှစ်ဟု ဖော်ပြသည်။

“အဖေ့ဆီကနေ ခက်ခဲတယ်..တို့၊ မဖြစ်နိုင်ပါဘူး..တို့ တခါမှ မကြားဖူးခဲ့ဘူး။

သူက သူ့အလုပ်အပေါ်မှာ တကယ်မြတ်နိုးတယ်။ တခါတလေ ညသန်းခေါင်ကျော် ၁ နာရီ၊ ၂ နာရီလောက်အထိ အလုပ်လုပ်ပါတယ်။ သူ့အလုပ်အကြောင်း ပြောရမယ်ဆိုရင် အဖေဟာ အမြဲပျော်ရွှင်တက်ကြွနေတယ်”

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How the billionaire family behind Red Bull became Thailand’s richest (vnexpress) Photo Credit- Panoramic via Reuters, AFP

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service