အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပြီး အိန္ဒိယ၏ အချမ်းသာဆုံးအမျိုးသမီး YouTuber ဖြစ်လာ

အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပြီး အိန္ဒိယ၏ အချမ်းသာဆုံးအမျိုးသမီး YouTuber ဖြစ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
18 Nov 2024 11:23 am တွင် တင်ခဲ့သည်
1333 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အစားအစာသည် အသက်ရှင်သန်မှု၏ အခြေခံလိုအပ်ချက်များတွင် ထိပ်ဆုံးမှ ပါဝင်သည်။

ထိုလိုအပ်ချက်အရာသည် ဝါသနာဖြစ်လာလျှင် သင့်အား နေရာတစ်ခု ပေးလာလေသည်။

နီရှား မာဒူးလိကား (Nisha Madhulika) သည် အိန္ဒိယအချက်အပြုတ်နယ်ပယ်တွင် ထင်ရှားသူဖြစ်ပြီး အိန္ဒိယ၏ အချမ်းသာဆုံး YouTuber များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

သူ၏ အချက်အပြုတ် YouTube ဗွီဒီယိုများမှာ အလွန်ကျော်ကြားလှပြီး အိန္ဒိယတွင် လူတိုင်းသိသည့် အမည်နာမတစ်ခု ဖြစ်လာသည်။

မာဒူးလိကာ၏ ချန်နယ်တွင် Subscriber ၁၄ ဒသမ ၅ သန်းရှိပြီး သူ၏ ကြွယ်ဝမှုမှာ ရူပီး ၄၃ ကုဋေအထိ ရှိလာသည်။

မာဒူးလိကားသည် ၂၀၀၇ ခုနှစ်တွင် အစားအသောက် ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ခြင်းမှ စတင်ခဲ့ပြီး YouTube တွင် အလွန်အောင်မြင်သည့်ဘဝသို့ နောက်ပိုင်းတွင် ရောက်ရှိလာသည်။

မာဒူးလိကားသည် အရသာရှိသော အိမ်ချက်ဟန် ချက်ပြုတ်နည်းများဖြင့် နာမည်ကျော်သည်။

ယခင်က ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အသက် ၆၅ နှစ်အရွယ်တွင် အိန္ဒိယ၏ အချမ်းသာဆုံး YouTube Content Creator အဖြစ် လျှောက်လှမ်းခဲ့သော သူ၏ခရီးမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

((နီရှား မာဒူးလိကား ဘယ်သူလဲ))

သူ၏ follower များစွာအတွက် မာဒူးလိကားဟူသည်မှာ အိမ်ချက်အရသာ အိန္ဒိယဟင်းလျာဟူသော အဓိပ္ပာယ်သာ ဖြစ်သည်။

လက်ရှိအားဖြင့် မာဒူးလိကားသည် လူမှုကွန်ရက် platform များစွာတွင် ကျော်ကြားမှုရရှိလျက်ရှိနေရာ ဤအသက်အရွယ်တွင် ပရိသတ်များစွာနှင့် ထိတွေ့ဆောင်ရွက်နိုင်စွမ်းရှိသည့် ထူးခြားသည့်အရည်အချင်းကို ပြသနေသည်။

မာဒူးလိကာသည် ၂၀၀၉ ခုနှစ်တွင် YouTube စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။

Times of India သတင်းဌာန၏ ဖော်ပြချက်အရ မာဒူးလိကားသည် သားသမီးများ အိမ်ခွဲသွားကြသောကြောင့် အထီးကျန်မှုကို ဖြေဖျောက်သည့်အနေဖြင့် ယခုခရီးကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်များမှတဆင့် နေအိမ်တိုင်းဆီသို့ ပျော်ရွှင်မှုနှင့် အတူလက်တွဲမှုတို့ ဆောင်ကြဉ်းပေးရန် ရည်ရွယ်ကြောင်း မာဒူးလိကာက သူ၏ YouTube profile တွင် ဖော်ပြသည်။

မာဒူးလိကာသည် YouTube သာမက Facebook တွင် follower ၅ ဒသမ ၇ သန်းရှိပြီး အင်စတာဂရမ်တွင်လည်း follower ၃ သိန်းကျော်ရှိသည်။

((ငယ်ဘဝ))

နီရှား မာဒူးလိကာကို အိန္ဒိယနိုင်ငံ၊ ဥတာပရာဒက်ရှ်ပြည်နယ်ရှိ လူလတ်တန်းစား မိသားစုတွင် ၁၉၅၉ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် မွေးဖွားသည်။

အတန်းကျောင်းတက်ကာ ဘွဲ့ရပြီးချိန်တွင် ကျောင်းဆရာမအလုပ် ဝင်ရောက်လုပ်ကိုင်ခဲ့၏။

လက်ထပ်ပြီးနောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်၊ Noida မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး သားသမီး ၂ ဦးထွန်းကားသည်။

ငယ်စဉ်ကတည်းက အချက်အပြုတ်ဝါသနာပါသူ မာဒူးလိကာသည် ချက်ပြုတ်ပုံနည်းလမ်းသစ်များ အမြဲစမ်းသပ်ကြည့်လေ့ရှိသည်။

ကျောင်းဆရာမအလုပ်ဖြင့် နှစ်ပေါင်းများစွာ ဘဝဖြတ်သန်းခဲ့ပြီးနောက် လူအများစု အနားယူလေ့ရှိသော အသက်အရွယ်တွင် မာဒူးလိကာက နယ်ပယ်သစ်တွင် ခြေချရန် ဆုံးဖြတ်ခဲ့သည်။

((YouTube ခရီး))

မာဒူးလိကာသည် YouTube တွင် အစားအသောက်နှင့် ပတ်သက်သည့် ဗွီဒီယိုများ အမြဲမပြတ်တင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် YouTube ပေါ်ရှိ အိန္ဒိယထိပ်တန်းစားဖိုမှူးအဖြစ် နာမည်ကြီးလာသည်။

ယင်းနောက် နှစ်အနည်းငယ်အကြာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် Top YouTube Cooking Content Creator အဖြစ် ဂုဏ်ပြုခံရသည်။

သူ၏ တစိုက်မတ်မတ်ကြိုးစားမှုများကြောင့် မာဒူးလိကာသည် ရူပီး ၄၃ ကုဋေ အထိ ချမ်းသာကြွယ်ဝလာခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nisha Madhulika is wealthiest female YouTuber with a net worth of ₹43 crores (ndtv)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service