အကြောင်းကြားစာ (Notice) 📝 - Property Knowledge in Myanmar from iMyanmarHouse.com
303 Views

အကြောင်းကြားစာ (Notice) 📝

Knowledge | Posted by Zarni Kyaw

နို့တစ်ကို ကြားသိသည်၊ နို့တစ်စာ၊ ကြိုတင်အကြောင်းကြားချက် တိုင်ကြားစာဟု ဥပဒေအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ နို့တစ်ဆိုသည်မှာ အစိုးရ (သို့) ပြည်သူ့အရာထမ်း (သို့) လူပုဂ္ဂိုလ်တို့ကို မိမိအသိပေးလိုသည့် ကိစ္စအား စာဖြင့် အကြောင်းကြားခြင်းကို ခေါ်သည်။

နို့တစ်စာရည်ရွယ်ချက်

တရားမစွဲမီ စွပ်စွဲခြင်းခံရသူအား မိမိချေပရန်ရှိသည့် အချက်များနှင့် ပက်သက်၍ အဆင်သင့်ရှိစေရန်ဖြစ်သည်။ တစ်နည်း နို့တစ်စာပေးခံရသူ၏ ပျက်ကွက်မှုနှင့် နို့တစ်ပေးသူဆန္ဒကို သိစေရန်ဖြစ်ပြီး ရုံးပြင်ပတွင် ကျေအေးပြီးပြတ်နိုင်စေရန် အခွင့်အရေးပေးခြင်းဖြစ်သည်။

 

နို့တစ် ( ၃) မျိုး ======

၁။ အမှန်သိစေသည့် နို့တစ် (Actual Notice) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား အသိပေးလိုသည့် အကြောင်းအရာကို အမှန်တကယ် သိစေသည့် နို့တစ်ဖြစ် သည်။

၂။ မှတ်ယူနိုင်သည့် နို့တစ် (Constructive Notice) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ၎င်းထံအသိပေးအကြောင်းကြားခြင်းကို ထိုက်သင့်သလို လုံ့လပြုက သိနိုင်ပါလျက် မပြုဘဲနေလျှင် အမှတ်တကယ် မသိသည့်တိုင် သိရှိသည့်သဘော သက်ရောက်စေသည်။ ၎င်းကို တိုက်ရိုက်အသိပေးခြင်း မဟုတ်သော်လည် သိရှိပြီးဖြစ်သည်ဟုမှတ်ယူနိုင်သည့် နို့တစ်ဖြစ်သည်။

၃။ ကိုယ်စားလှယ်ထံပေးသည့် နို့တစ် (Notice to Agent)

ကိုယ်စားလှယ်ထံသို့ နို့တစ်ပေးရာတွင် အကြီးအကဲက သိရှိပြီးဖြစ်သကဲ့သို့ အကျိုးသက်ရောက်မှုရှိသော နို့တစ် ဖြစ်သည်။

 

နို့တစ်ပေးနိုင်သူများ

နို့တစ်စာကို အမှုသည်၏ကိုယ်စားလှယ်ကဖြစ်စေ ရှေ့နေကဖြစ်စေ ပေးပို့နိုင်ပါသည်။ ထိုသို့ နို့တစ်စာပေးနိုင်ရန် ပဋိညာဉ်ဥပဒေအရ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ အတိအလင်း လွှဲအပ်ရပါမည်။

ဥပဒေတစ်ရပ်ရပ်အရ နို့တစ်စာပေးရန်ဖြစ်ခြင်း

ဥပဒေတစ်ရပ်ရပ်တွင် အကြောင်းကြားစာကို မည်ကဲ့သို့ပေးရမည်ဟု ပြဋ္ဌာန်းထားလျှင် ယင်းပြဋ္ဌာန်ချက်နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ပါမည်။ အမိန့် ၆ ၊ နည်း ၆၊ အရ တရားမစွဲမီ ဆောင်ရွက်ရမည့် စည်းကမ်းချက် များကို ဆောင်ရွက်ထားကြောင်း အဆိုအချေတွင် ဖော်ပြရမည်ဟု ဆိုထားသဖြင့် နို့တစ်ပေးရမည့် ကိစ္စတွင် နို့တစ် ပေးပြီးကြောင်း ဖော်ပြရမည်။ ( ဥပမာ - ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ- ၁၀၆ အရ လစဉ်ငှားရမ်းရမ်းမှု တွင် အငှားချထားသည့်လ စေကုန်သည့်ရက် မတိုင်မီ ၁၅ ရက်ကြိုတင်၍ ပေးပို့ရန် ပြဋ္ဌာန်းချက်)

နို့တစ်ပေးပို့ ရမည့်နည်းလမ်း

တစ်ဦးတစ်ယောက်သို့ နို့တစ်ပေးရာတွင် ကာယကံရှင်ထံသို့ လူကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏မိသားစုဝင်ထဲမှ အရွယ် ရောက်သူတစ်ဦးဦးထံသို့ဖြစ်စေ၊ ၎င်းနေထိုင်ရာအရပ်ရှိ ရပ်ကွက်ကျေးရွာ အကြီးအကဲမှ တဆင့်ဖြစ်စေ၊ ထိုသူ၏ နေအိမ်တွင် မြင်သာသောနေရာ အဝင်အထွက် တံခါးတွင်ဖြစ်စေ ကပ်ထားနိုင်သည်။

 

နို့တစ်စာကို မည်သို့မည်ပုံပေးရမည်ဟု ပြဋ္ဌာန်းထားပါက ထိုပြဋ္ဌာန်းချက်အတိုင်း ပေးရပါမည်။ နို့တစ်စာ အတည်ဖြစ်စေရန်မှာ စာတိုက်မှ လိပ်စာမှတ်တပ်ပြီး မှတ်ပုံတင်ပြုလုပ်၍ ပေးပို့နိုင်ပါသည်။ ထိုစာကို စာတိုက်က သာမန်အားဖြင့် ဝေငှပေးသင့်သည့်အချိန်တွင် ပို့ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: DVB law lab( ဦးမြင့်လွင်- တရားလွှတ်တော်ရှေ့နေ ၊ တရားမ နို့တစ် ၁၀၀၊ စာ၂၃,၂၄ )

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service