မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်များ

မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်များ - Property Knowledge in Myanmar from iMyanmarHouse.com
8 Sep 2024 11:03 am တွင် တင်ခဲ့သည်
360 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အခုခေတ်မှာ အိမ်ရှင်မတွေအနေနဲ့ ဆီကုန်သက်သာပြီး အိုးမကပ်တဲ့ ဒယ်အိုးတွေ၊ ဟင်းချက်အိုးတွေအပြင် သတ္တုအမျိုးအစားအမျိုးမျိုးနဲ့ ထုတ်ထားတဲ့ အကင်အိုး၊ ပေါင်းအိုးတွေကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီး ရွေးချယ်စရာအမျိုးအစာတွေကလည်း စုံလင်လှပါတယ်။

အမြင်လှအောင် ပြင်ဆင်ထားတဲ့ အိုးလေးတွေက မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နေသလဲဆိုတာကိုတော့ သေသေချာချာသိရှိတဲ့သူက ရှားမယ်ထင်ပါတယ်။

တိုးတက်လာတဲ့ခေတ်နဲ့အညီ အပြိုင်အဆိုင်တီထွင်ထုတ်လုပ်လာတဲ့ အိုးလေးတွေရဲ့ နောက်ကွယ်က ကျွန်မအပါအဝင် အိမ်ရှင်မတော်တော်များများသတိမထားမိသေးတဲ့ သတိပြုစရာအချက်လေးတွေကို သိရှိနိုင်စေဖို့ လက်လှမ်းမီသမျှ မျှဝေပေးလိုက်ပါတယ်။

မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်

ကျွန်မတို့ရဲ့ ကျန်းမာရေးအပေါ်မှာ နေ့စဉ်စားသောက်လိုက်တဲ့ အစားအသောက်တွေက တော်တော်လေးကို လွှမ်းမိုးထားပါတယ်။ အစားအသောက်တွေရဲ့ အာဟာရဓာတ်တွေက အပူချိန်အလွန်အကျွံပေးမှုကြောင့် အလွယ်တကူပျက်စီးသွားနိုင်ပါတယ်။

ချက်ပြုတ်အပူပေးတဲ့ အခါမှာ အသုံးပြုတဲ့ အိုးတွေမှာပါတဲ့ ဓာတ်သတ္တုတွေက အစားအသောက်တွေထဲကို စိမ့်ဝင်သွားတာမျိုးတွေကြောင့်လည်း အစားအသောက်တွေရဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားနိုင်ပါတယ်။

ချက်ပြုတ်ရာမှာ သုံးတဲ့အိုးတွေရဲ့ ကိုယ်အတွင်းပါတဲ့ သတ္တုဓာတ်တွေက အစားအသောက်တွေထဲမှာပါတဲ့ အင်ဇိုင်းတွေနဲ့ အစားအသောက်တွေရဲ့ အရသာကိုပြောင်းလဲစေနိုင်သလို ခန္ဓာကိုယ်အတွင်းထဲအထိလည်း ရောက်ရှိသွားပါတယ်။

မီးဖိုချောင်ထဲမှာ အသုံးပြုတဲ့ ပစ္စည်းတွေထဲက အချို့က အဆိပ်အတောက်ဖြစ်စေတဲ့ အငွေ့တွေ ထွက်ပေါ်စေနိုင်သလို အစားအသောက်တွေကနေတဆင့် ခန္ဓာကိုယ်တွင်းထဲကို ဓာတုပစ္စည်းတွေ ရောက်ရှိသွားစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းချင်းစုလာပြီး ကျန်းမာရေးကိုထိခိုက်တာမျိုးအထိဖြစ်လာစေပါတယ်။ ဒီတော့ မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ် တွေအကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

အလူမီနီယံအိုးတွေ

အလူမီယံအိုးတွေက အသုံးများတဲ့ ဟင်းချက်အိုးတွေထဲက အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အလူမီနီယံဟင်းချက်အိုးတွေက ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အလူမီနီယံအိုးတွေနဲ့ချက်ပြုတ်တဲ့အခါ အိုးမှာပါရှိတဲ့ အလူမီနီယံဓာတ်တွေ အစားအသောက်တွေထဲကို ရောက်ရှိသွားပြီးနောက်ဆုံးခန္ဓာကိုယ်အတွင်းပိုင်းထဲအထိရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်တွင်းထဲမှာ အလူမီနီယံပမာဏများလွန်းတာက အက်စထရိုဂျင်ဟော်မုန်းကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို များစေပါတယ်။

Copper အိုးတွေ

Copper အိုးတွေကိုလည်း လူကြိုက်များကြပါတယ်။ အဆိုပါအိုးတွေက အပူပေးရမှာ တော်တော်လေးအဆင်ပြေပါတယ်။ Copper အိုးတွေက အပူပြင်းပြင်းပေးလိုက်တဲ့အခါ ချက်ပြုတ်တဲ့ အစားအသောက်တွေထဲကို Copper ဓာတ်တွေရောက်ရှိသွားပါတယ်။ Copper အိုးတချို့ကို အတွင်းပိုင်းကနေ နီကယ်လ်အုပ်ထားတာမျိုးလည်း ရှိတတ်ပါတယ်။ နီကယ်လ်ကလည်း ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်သတ္တုတစ်မျိုးဖြစ်ပြီး ဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

Cast iron အိုးတွေ

Cast iron အိုးတွေက အရမ်းကို တာရှည်ခံပါတယ်။ ဒါပေမယ့် အိုးမှာပါတဲ့ သတ္တုဓာတ်တွေက အစားအသောက်တွေထဲကို ပျော်ဝင်သွားပြီး အစားအစာတွေထဲမှာပါတဲ့ အင်ဇိုင်းဓာတ်တွေကို ပြောင်းလဲစေပါတယ်။ နေ့စဉ်နေ့တိုင်း Cast iron အိုးနဲ့ အစားအစာတွေကို ချက်ပြုတ်နေမယ်ဆိုရင်တော့ အိုးမှာပါတဲ့ သတ္တုဓာတ်တွေက နေ့တိုင်းလိုလိုခန္ဓာကိုယ်ထဲရောက်ရှိသွားပြီး အချိန်ကြာလာတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အနေအထားအထိ ရောက်ရှိသွားနိုင်ပါတယ်။

 

 

ကြွေထည်၊ မြေထည်နဲ့ ဖန်ထည် အိုးတွေ

ကြွေထည်၊မြေထည်နဲ့ ဖန်ထည်အိုးတွေကို ခဲဓာတ်တွေထည့်ပြီးလုပ်ဆောင်လေ့ရှိပါတယ်။ ခဲဓာတ်တွေက အိုးတွေထဲကို ဓာတ်မစီးအောင် ကာကွယ်ပေးပြီး အရောင်မပြယ်အောင် လုပ်ဆောင်ပေးပါတယ်။ ထုတ်လုပ်တဲ့သူ ကွာခြားတဲ့အခါ အိုးတွေထဲမှာ ထည့်သွင်းပြုလုပ်ထားတဲ့ ခဲဓာတ်ပမာဏလည်း ကွာခြားနိုင်ပါတယ်။ အလှဆင်ရုံသက်သက်သာဆိုတဲ့ စာတန်းပါဝင်နေတဲ့ ကြွေထည်၊ မြေထည်နဲ့ ဖန်ထည် ပစ္စည်းတွေနဲ့ ချက်ပြုတ်တာမျိုးမလုပ်ပါနဲ့။

စတိန်းလတ်စ်စတီးအိုးတွေ

စတိန်းလတ်စ်စတီးအိုးတွေကို သံသတ္တု၊ ခရိုမီယံ၊ molybdenum၊ နီကယ်လ်၊ တိုက်တေနီယမ်၊ copper၊ vanadium တို့လိုမျိုး သတ္တုတွေနဲ့ အချိုးကျရောစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ စတိန်းလတ်စ်စတီးမှာ ပေါင်းစပ်ပါဝင်နေတဲ့ သတ္တုဓာတ်တွေက ချက်ပြုတ်တဲ့ အစားအသောက်တွေထဲကို စိမ့်ဝင်နိုင်ပါတယ်။ စတိန်းလတ်စ်စတီးမှာပါတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ သံသတ္တု၊ ခရိုမီယံနဲ့ နီကယ်လ်တွေက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

တိုက်တေနီယမ်သတ္တုအိုးတွေ

တိုက်တေနီယမ်သတ္တုနဲ့ လုပ်ထားတဲ့အိုးတွေက ကျန်းမာရေးအပေါ် ထိခိုက်မှုအနည်းဆုံးလို့ ဆိုရပါမယ်။ တိုက်တေနီယမ်သတ္တုက ဟင်းတွေချက်ပြုတ်နေစဉ်မှာ အစားအသောက်တွေကို ဓာတ်ပြုတာမျိုးတွေမရှိပါဘူး။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချတဲ့အနေနဲ့ အရည်အသွေးမြင့်တဲ့ တိုက်တေနီယမ်သတ္တုနဲ့ ပြုလုပ်ထားတဲ့ အိုးတွေနဲ့ ဟင်းချက်ပြုတ်ဖို့အကြံပြုလိုပါတယ်။ အရည်အသွေးမြင့်တဲ့ တိုက်တေနီယမ်သတ္တုအိုးတွေက ဈေးကြီးပေမယ့် တာရှည်အသုံးခံပြီး ကျန်းမာရေးအတွက် အန္တရာယ်ကင်းပါတယ်။

မကပ်အိုးတွေနဲ့ ဒယ်အိုးတွေ

အိုးမကပ်တဲ့ ဒယ်အိုးတွေက အိမ်ရှင်မတော်တော်များများရဲ့ အသည်းစွဲပစ္စည်းတစ်မျိုးဖြစ်မယ်ထင်ပါတယ်။ အသုံးပြုရလွယ်သလို သန့်ရှင်းရတာလည်း လွယ်ကူပါတယ်။ မျက်နှာပြင်မှာ အိုးကပ်တာမျိုး မဖြစ်စေဖို့အတွက် ဆီအများကြီးသုံးဖို့လည်း မလိုအပ်ပါဘူး။ ဒီအချက်ကြောင့်လည်း အိမ်ရှင်မတွေက အိုးမကပ်တဲ့ ဒယ်အိုးကို ကြိုက်နှစ်သက်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုးမကပ်တဲ့ ဒယ်အိုးရဲ့ အတွင်းပိုင်းမျက်နှာပြင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေပါဝင်နေတာကို တော်တော်များများက သတိမထားမိကြပါဘူး။

အိုးမကပ်တဲ့ ဒယ်အိုးတွေဟာ အပူချိန်ပြင်းပြင်းပေးလိုက်တဲ့အခါ (သို့) အချိန်အကြာကြီးမီးဖိုပေါ်မှာထားလိုက်တဲ့အခါမျိုးမှာ အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေထွက်လာတာမျိုးတွေ ဖြစ်ပေါ်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဆိုပါ အဆိပ်ဖြစ်စေတဲ့ အငွေ့တွေက လူတွေမှာ တုပ်ကွေးဖြစ်တဲ့ လက္ခဏာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။

အိုးမကပ်တဲ့ ဒယ်အိုးတွေက အစားအသောက်တွေကို အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ တိုက်ရိုက် ထိတွေ့စေတာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ အိုးမကပ်တဲ့ ဒယ်အိုးအများစုမှာ ပါဝင်တတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ perfluorooctanoic အက်ဆစ် (PFOA) က သွေးတွင်းကိုလက်စထရောတိုးစေတာ၊ သိုင်းရွိုက်ရောဂါနဲ့ မျိုးမအောင်တာမျိုးတွေ ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

အစားအသောက်ထည့်တဲ့ဗူးတွေ

ပလပ်စတစ်ဗူးတွေနဲ့ အစားအသောက်လေးတွေကို ထည့်ပြီးသယ်သွားတာက သယ်ဆောင်ရလွယ်ကူတယ်ဆိုပေမယ့် အန္တရာယ်များလှပါတယ်။ ပလပ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေဖြစ်ကြတဲ့ Bisphenol A (BPA)၊ Polyvinyl Chloride (PVC) နဲ့ phthalatesတွေက အစားအသောက်တွေထဲကို ရောက်ရှိသွားတာမျိုးတွေရှိပါတယ်။

ပလပ်စတစ်မှာပါဝင်တဲ့Bisphenol A (BPA) ကကင်ဆာဖြစ်စေနိုင်သလို ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အစားအသောက်တွေကို ပလပ်စတစ်ဗူးတွေနဲ့ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ အပူပေးတာမျိုး မလုပ်ပါနဲ့။ အပူအရမ်းပြင်းတဲ့အခါ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ထွက်လာတတ်ပါတယ်။

လေ့လာမှုတစ်ရပ်အရ ဆီးထဲမှာ BPA ပါဝင်မှုပမာဏများတာက ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အသည်းအဆိပ်သင့်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ခြေကို များစေနိုင်တယ်လို့ သိရပါတယ်။

စဉ်းတီတုံးတွေ

အိမ်တော်တော်များများမှာ အခုနောက်ပိုင်း မန်းကျည်းသားနဲ့ ပြုလုပ်တဲ့ စဉ်းတီတုံးတွေ၊ သစ်သားနဲ့လုပ်ထားတဲ့ စဉ်းတီတုံးတွေအစား ပလပ်စတစ်နဲ့လုပ်တဲ့ စဉ်းတီတုံးတွေကို အသုံးပြုလာကြပါတယ်။ ပလပ်စတစ်စဉ်းတီတုံးတွေက ပိုမိုဘေးကင်းပြီး စိတ်ချရတယ်လို့ယူဆရပေမယ့် ပလပ်စတစ်စဉ်းတီးတုံးပေါ်မှာ စားသောက်စရာတွေကို ဓားနဲ့လှီးဖြတ်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ အစင်းတွေက ဘက်တီးရီးယားတွေ ခိုအောင်းဖို့အကောင်းဆုံးသောနေရာတွေပဲဖြစ်ကြပါတယ်။

ဘေးကင်းစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းကတော့ ဝါးနဲ့ သစ်သားတွေနဲ့လုပ်ထားတဲ့ စဉ်းတီတုံးကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဝါးနဲ့ သစ်မာသားတွေမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ သဘာဝအစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။ ဝါးနဲ့ သစ်မာသားကိုအသုံးပြုပြီးလုပ်ထားတဲ့ စဉ်းတီတုံးတွေပေါ်မှာ အစားအစာတွေကို ဓားနဲ့လှီးဖြတ်တဲ့အခါ အစင်းကြောင်းလေးတွေဖြစ်ပေါ်ပြီး ဘက်တီးရီးယားတွေပုန်းအောင်းနိုင်တယ်ဆိုပေမယ့် အချိန်ကြာကြာတော့ အသက်ရှင်မနေနိုင်ကြပါဘူး။ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာသေဆုံးသွားတတ်ကြပါတယ်။

မီးဖိုချောင်သုံးပစ္စည်းတွေကို ဘေးကင်းအောင်ဘယ်လိုသုံးမလဲ

မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ် တွေကို ကာကွယ်ဖို့ ဒီအချက်လေးတွေကို လိုက်နာစေချင်ပါတယ်။

Cast-iron အိုးတွေက လူကြိုက်များတဲ့ အိုးတွေထဲကတစ်ခုပါ။ အရည်အသွေးကောင်းမွန်တဲ့ Cast-iron အိုးတွေမှာ အခြားဓာတုပစ္စည်းတွေ ထပ်မံဖြည့်စွက်ထားတာမျိုးမရှိပါဘူး။ အရည်အသွေးကောင်းတဲ့ Cast-iron အိုးတွေနဲ့ချက်ပြုတ်တဲ့အခါ အစားအသောက်တွေထဲကို စိမ့်ဝင်ရောက်ရှိသွားနိုင်တဲ့ သတ္တုဓာတ်က သံသတ္တုဓာတ်တစ်မျိုးပဲရှိပါတယ်။

မကပ်တဲ့ ဒယ်အိုးတွေနဲ့ မတူတာတစ်ခုက အပူချိန်ဘယ်လောက်ပဲပေးရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိတာဘဲ ဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ Cast-iron အိုးတွေကို ရွေးချယ်ဝယ်ယူမိဖို့တော့ လိုအပ်ပါတယ်။ အလားတူပဲ စတိန်းလတ်စ်စတီးအိုးတွေနဲ့ အခြားသတ္တုတွေနဲ့လုပ်ထားတဲ့ အိုးတွေကိုဝယ်ယူတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်တဲ့အိုးတွေကို ဝယ်ယူအသုံးပြုဖို့လိုအပ်ပါတယ်။

Teflonနဲ့ မကပ်တဲ့အိုးတွေရဲ့ မျက်နှာပြင်မှာသုတ်ထားတဲ့အရာတွေက မျိုချမိတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်တယ်ဆိုတာကို တော်တော်များများက သိထားပြီးသားပါ။ အပူချိန် ၅၀၀ ဒီဂရီ နဲ့ ၅၀၀ ဒီဂရီအထက်အပူပေးတဲ့အခါ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေထွက်ပေါ်လာစေပါတယ်။

အဆိုပါ ဓာတုပစ္စည်းတွေက မိုက်ခရိုဝေ့မီးဖိုနဲ့ ဖောက်ထားတဲ့ ပြောင်းဖူပေါက်ပေါက်တွေကို ထုတ်ပိုးတဲ့ အိတ်တွေ၊ အမြန်စား အစာအသောက်တွေကို ထည့်တဲ့ ခွက်တွေ၊ ဘူးတွေမှာပါ ပါဝင်တတ်ပါတယ်။

အဆိုပါ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့တာကိုရှောင်ရှားစေနိုင်ဖို့ဆိုရင်အောက်ပါအချက်လေးတွေကို လုပ်ဆောင်ကြည့်ဖို့လိုပါတယ်။

 

 

✳︎ မကပ်တဲ့အိုးတွေကို အပူချိန်ပြင်းပြင်းပေးပြီး အစားအသောက်တွေ ချက်ပြုတ်တာမျိုး မလုပ်ပါနဲ့။

✳︎ မကပ်တဲ့အိုးတွေကို အပူချိန် ၅၀၀ ဒီဂရီအထက်နဲ့ အပူပေးတာမျိုးမလုပ်ပါနဲ့။

✳︎ မကပ်တဲ့အိုးတွေကိုသုံးပြီးချက်တဲ့အခါ အိုးအပေါ်မှာ ညှော်နံ့စုပ်တဲ့ပန်ကာတွေကို ဖွင့်ထားပေးပါ။

✳︎ ဘေးကင်းတဲ့ သတ္တုနဲ့ လုပ်ထားတဲ့ အိုးမျိုးကို ရွေးချယ်ဝယ်ယူပေးပါ။ အရည်အသွေးကောင်းတဲ့ အိုးတွေကို ရွေးချယ်ဝယ်ယူဖို့တော့လိုအပ်ပါတယ်။

✳︎ မိုက်ခရိုဝေ့နဲ့ ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်တွေ၊ အမြန်စားအစားအစာတွေကို ရှောင်ကြဉ်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Hello Sayarwon

 

 

 

[Zawgyi]

မီးဖိုေခ်ာင္ထဲက သင္မသိေသးတဲ့အႏၲရာယ္

 

အခုေခတ္မွာ အိမ္႐ွင္မေတြအေနနဲ႔ ဆီကုန္သက္သာၿပီး အိုးမကပ္တဲ့ ဒယ္အိုးေတြ၊ ဟင္းခ်က္အိုးေတြအျပင္ သတၱဳအမ်ိဳးအစားအမ်ိဳးမ်ိဳးနဲ႔ ထုတ္ထားတဲ့ အကင္အိုး၊ ေပါင္းအိုးေတြကိုပါ တြင္တြင္က်ယ္က်ယ္အသုံးျပဳလာၾကၿပီး ေ႐ြးခ်ယ္စရာအမ်ိဳးအစာေတြကလည္း စုံလင္လွပါတယ္။

အျမင္လွေအာင္ ျပင္ဆင္ထားတဲ့ အိုးေလးေတြက မိမိကိုယ္တိုင္နဲ႔ မိသားစုဝင္ေတြရဲ႕ က်န္းမာေရးအေပၚမွာ ဘယ္လိုအက်ိဳးသက္ေရာက္ေနသလဲဆိုတာကိုေတာ့ ေသေသခ်ာခ်ာသိ႐ွိတဲ့သူက ႐ွားမယ္ထင္ပါတယ္။

တိုးတက္လာတဲ့ေခတ္နဲ႔အညီ အၿပိဳင္အဆိုင္တီထြင္ထုတ္လုပ္လာတဲ့ အိုးေလးေတြရဲ႕ ေနာက္ကြယ္က ကြၽန္မအပါအဝင္ အိမ္႐ွင္မေတာ္ေတာ္မ်ားမ်ားသတိမထားမိေသးတဲ့ သတိျပဳစရာအခ်က္ေလးေတြကို သိ႐ွိႏိုင္ေစဖို႔ လက္လွမ္းမီသမွ် မွ်ေဝေပးလိုက္ပါတယ္။

မီးဖိုေခ်ာင္ထဲက သင္မသိေသးတဲ့အႏၲရာယ္

ကြၽန္မတို႔ရဲ႕ က်န္းမာေရးအေပၚမွာ ေန႔စဥ္စားေသာက္လိုက္တဲ့ အစားအေသာက္ေတြက ေတာ္ေတာ္ေလးကို လႊမ္းမိုးထားပါတယ္။ အစားအေသာက္ေတြရဲ႕ အာဟာရဓာတ္ေတြက အပူခ်ိန္အလြန္အကြၽံေပးမႈေၾကာင့္ အလြယ္တကူပ်က္စီးသြားႏိုင္ပါတယ္။

ခ်က္ျပဳတ္အပူေပးတဲ့ အခါမွာ အသုံးျပဳတဲ့ အိုးေတြမွာပါတဲ့ ဓာတ္သတၱဳေတြက အစားအေသာက္ေတြထဲကို စိမ့္ဝင္သြားတာမ်ိဳးေတြေၾကာင့္လည္း အစားအေသာက္ေတြရဲ႕ အာဟာရဓာတ္ေတြ ပ်က္စီးသြားႏိုင္ပါတယ္။

ခ်က္ျပဳတ္ရာမွာ သုံးတဲ့အိုးေတြရဲ႕ ကိုယ္အတြင္းပါတဲ့ သတၱဳဓာတ္ေတြက အစားအေသာက္ေတြထဲမွာပါတဲ့ အင္ဇိုင္းေတြနဲ႔ အစားအေသာက္ေတြရဲ႕ အရသာကိုေျပာင္းလဲေစႏိုင္သလို ခႏၶာကိုယ္အတြင္းထဲအထိလည္း ေရာက္႐ွိသြားပါတယ္။

မီးဖိုေခ်ာင္ထဲမွာ အသုံးျပဳတဲ့ ပစၥည္းေတြထဲက အခ်ိဳ႕က အဆိပ္အေတာက္ျဖစ္ေစတဲ့ အေငြ႕ေတြ ထြက္ေပၚေစႏိုင္သလို အစားအေသာက္ေတြကေနတဆင့္ ခႏၶာကိုယ္တြင္းထဲကို ဓာတုပစၥည္းေတြ ေရာက္႐ွိသြားေစပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြက ခႏၶာကိုယ္ထဲမွာ တျဖည္းျဖည္းခ်င္းစုလာၿပီး က်န္းမာေရးကိုထိခိုက္တာမ်ိဳးအထိျဖစ္လာေစပါတယ္။ ဒီေတာ့ မီးဖိုေခ်ာင္ထဲက သင္မသိေသးတဲ့အႏၲရာယ္ ေတြအေၾကာင္း နည္းနည္းေလာက္ ေျပာျပေပးခ်င္ပါတယ္။

အလူမီနီယံအိုးေတြ

အလူမီယံအိုးေတြက အသုံးမ်ားတဲ့ ဟင္းခ်က္အိုးေတြထဲက အမ်ိဳးအစားတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ အလူမီနီယံဟင္းခ်က္အိုးေတြက ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ျဖစ္ေစႏိုင္ပါတယ္။ အလူမီနီယံအိုးေတြနဲ႔ခ်က္ျပဳတ္တဲ့အခါ အိုးမွာပါ႐ွိတဲ့ အလူမီနီယံဓာတ္ေတြ အစားအေသာက္ေတြထဲကို ေရာက္႐ွိသြားၿပီးေနာက္ဆုံးခႏၶာကိုယ္အတြင္းပိုင္းထဲအထိေရာက္႐ွိသြားပါတယ္။ ခႏၶာကိုယ္တြင္းထဲမွာ အလူမီနီယံပမာဏမ်ားလြန္းတာက အက္စထ႐ိုဂ်င္ေဟာ္မုန္းေၾကာင့္ျဖစ္တဲ့ ကင္ဆာေရာဂါေတြနဲ႔ အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ႏိုင္ေျခကို မ်ားေစပါတယ္။

Copper အိုးေတြ

Copper အိုးေတြကိုလည္း လူႀကိဳက္မ်ားၾကပါတယ္။ အဆိုပါအိုးေတြက အပူေပးရမွာ ေတာ္ေတာ္ေလးအဆင္ေျပပါတယ္။ Copper အိုးေတြက အပူျပင္းျပင္းေပးလိုက္တဲ့အခါ ခ်က္ျပဳတ္တဲ့ အစားအေသာက္ေတြထဲကို Copper ဓာတ္ေတြေရာက္႐ွိသြားပါတယ္။ Copper အိုးတခ်ိဳ႕ကို အတြင္းပိုင္းကေန နီကယ္လ္အုပ္ထားတာမ်ိဳးလည္း ႐ွိတတ္ပါတယ္။ နီကယ္လ္ကလည္း ခႏၶာကိုယ္ကို အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတ္သတၱဳတစ္မ်ိဳးျဖစ္ၿပီး ဓာတ္မတည့္မႈေတြကို ျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။

Cast iron အိုးေတြ

Cast iron အိုးေတြက အရမ္းကို တာ႐ွည္ခံပါတယ္။ ဒါေပမယ့္ အိုးမွာပါတဲ့ သတၱဳဓာတ္ေတြက အစားအေသာက္ေတြထဲကို ေပ်ာ္ဝင္သြားၿပီး အစားအစာေတြထဲမွာပါတဲ့ အင္ဇိုင္းဓာတ္ေတြကို ေျပာင္းလဲေစပါတယ္။ ေန႔စဥ္ေန႔တိုင္း Cast iron အိုးနဲ႔ အစားအစာေတြကို ခ်က္ျပဳတ္ေနမယ္ဆိုရင္ေတာ့ အိုးမွာပါတဲ့ သတၱဳဓာတ္ေတြက ေန႔တိုင္းလိုလိုခႏၶာကိုယ္ထဲေရာက္႐ွိသြားၿပီး အခ်ိန္ၾကာလာတဲ့အခါ အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့ အေနအထားအထိ ေရာက္႐ွိသြားႏိုင္ပါတယ္။

ေႂကြထည္၊ ေျမထည္နဲ႔ ဖန္ထည္ အိုးေတြ

ေႂကြထည္၊ေျမထည္နဲ႔ ဖန္ထည္အိုးေတြကို ခဲဓာတ္ေတြထည့္ၿပီးလုပ္ေဆာင္ေလ့႐ွိပါတယ္။ ခဲဓာတ္ေတြက အိုးေတြထဲကို ဓာတ္မစီးေအာင္ ကာကြယ္ေပးၿပီး အေရာင္မျပယ္ေအာင္ လုပ္ေဆာင္ေပးပါတယ္။ ထုတ္လုပ္တဲ့သူ ကြာျခားတဲ့အခါ အိုးေတြထဲမွာ ထည့္သြင္းျပဳလုပ္ထားတဲ့ ခဲဓာတ္ပမာဏလည္း ကြာျခားႏိုင္ပါတယ္။ အလွဆင္႐ုံသက္သက္သာဆိုတဲ့ စာတန္းပါဝင္ေနတဲ့ ေႂကြထည္၊ ေျမထည္နဲ႔ ဖန္ထည္ ပစၥည္းေတြနဲ႔ ခ်က္ျပဳတ္တာမ်ိဳးမလုပ္ပါနဲ႔။

စတိန္းလတ္စ္စတီးအိုးေတြ

စတိန္းလတ္စ္စတီးအိုးေတြကို သံသတၱဳ၊ ခ႐ိုမီယံ၊ molybdenum၊ နီကယ္လ္၊ တိုက္ေတနီယမ္၊ copper၊ vanadium တို႔လိုမ်ိဳး သတၱဳေတြနဲ႔ အခ်ိဳးက်ေရာစပ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။ စတိန္းလတ္စ္စတီးမွာ ေပါင္းစပ္ပါဝင္ေနတဲ့ သတၱဳဓာတ္ေတြက ခ်က္ျပဳတ္တဲ့ အစားအေသာက္ေတြထဲကို စိမ့္ဝင္ႏိုင္ပါတယ္။ စတိန္းလတ္စ္စတီးမွာပါတဲ့ သတၱဳဓာတ္ေတြျဖစ္တဲ့ သံသတၱဳ၊ ခ႐ိုမီယံနဲ႔ နီကယ္လ္ေတြက က်န္းမာေရးကိုထိခိုက္ေစႏိုင္ပါတယ္။

တိုက္ေတနီယမ္သတၱဳအိုးေတြ

တိုက္ေတနီယမ္သတၱဳနဲ႔ လုပ္ထားတဲ့အိုးေတြက က်န္းမာေရးအေပၚ ထိခိုက္မႈအနည္းဆုံးလို႔ ဆိုရပါမယ္။ တိုက္ေတနီယမ္သတၱဳက ဟင္းေတြခ်က္ျပဳတ္ေနစဥ္မွာ အစားအေသာက္ေတြကို ဓာတ္ျပဳတာမ်ိဳးေတြမ႐ွိပါဘူး။ ကင္ဆာျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်တဲ့အေနနဲ႔ အရည္အေသြးျမင့္တဲ့ တိုက္ေတနီယမ္သတၱဳနဲ႔ ျပဳလုပ္ထားတဲ့ အိုးေတြနဲ႔ ဟင္းခ်က္ျပဳတ္ဖို႔အၾကံျပဳလိုပါတယ္။ အရည္အေသြးျမင့္တဲ့ တိုက္ေတနီယမ္သတၱဳအိုးေတြက ေဈးႀကီးေပမယ့္ တာ႐ွည္အသုံးခံၿပီး က်န္းမာေရးအတြက္ အႏၲရာယ္ကင္းပါတယ္။

မကပ္အိုးေတြနဲ႔ ဒယ္အိုးေတြ

အိုးမကပ္တဲ့ ဒယ္အိုးေတြက အိမ္႐ွင္မေတာ္ေတာ္မ်ားမ်ားရဲ႕ အသည္းစြဲပစၥည္းတစ္မ်ိဳးျဖစ္မယ္ထင္ပါတယ္။ အသုံးျပဳရလြယ္သလို သန္႔႐ွင္းရတာလည္း လြယ္ကူပါတယ္။ မ်က္ႏွာျပင္မွာ အိုးကပ္တာမ်ိဳး မျဖစ္ေစဖို႔အတြက္ ဆီအမ်ားႀကီးသုံးဖို႔လည္း မလိုအပ္ပါဘူး။ ဒီအခ်က္ေၾကာင့္လည္း အိမ္႐ွင္မေတြက အိုးမကပ္တဲ့ ဒယ္အိုးကို ႀကိဳက္ႏွစ္သက္ေနရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အိုးမကပ္တဲ့ ဒယ္အိုးရဲ႕ အတြင္းပိုင္းမ်က္ႏွာျပင္မွာ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတ္ပစၥည္းေတြပါဝင္ေနတာကို ေတာ္ေတာ္မ်ားမ်ားက သတိမထားမိၾကပါဘူး။

အိုးမကပ္တဲ့ ဒယ္အိုးေတြဟာ အပူခ်ိန္ျပင္းျပင္းေပးလိုက္တဲ့အခါ (သို႔) အခ်ိန္အၾကာႀကီးမီးဖိုေပၚမွာထားလိုက္တဲ့အခါမ်ိဳးမွာ အဆိပ္ျဖစ္ေစတဲ့ ဓာတ္ေတြထြက္လာတာမ်ိဳးေတြ ျဖစ္ေပၚလာတာမ်ိဳးေတြျဖစ္ႏိုင္ပါတယ္။ အဆိုပါ အဆိပ္ျဖစ္ေစတဲ့ အေငြ႕ေတြက လူေတြမွာ တုပ္ေကြးျဖစ္တဲ့ လကၡဏာမ်ိဳးေတြျဖစ္ေပၚေစႏိုင္ပါတယ္။

အိုးမကပ္တဲ့ ဒယ္အိုးေတြက အစားအေသာက္ေတြကို အဆိပ္ျဖစ္ေစတဲ့ ဓာတ္ေတြနဲ႔ တိုက္႐ိုက္ ထိေတြ႕ေစတာမ်ိဳးေတြျဖစ္ေပၚေစႏိုင္ပါတယ္။ အိုးမကပ္တဲ့ ဒယ္အိုးအမ်ားစုမွာ ပါဝင္တတ္တဲ့ ဓာတုပစၥည္းတစ္မ်ိဳးျဖစ္တဲ့ perfluorooctanoic အက္ဆစ္ (PFOA) က ေသြးတြင္းကိုလက္စထေရာတိုးေစတာ၊ သိုင္း႐ြိဳက္ေရာဂါနဲ႔ မ်ိဳးမေအာင္တာမ်ိဳးေတြ ျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။

အစားအေသာက္ထည့္တဲ့ဗူးေတြ

ပလပ္စတစ္ဗူးေတြနဲ႔ အစားအေသာက္ေလးေတြကို ထည့္ၿပီးသယ္သြားတာက သယ္ေဆာင္ရလြယ္ကူတယ္ဆိုေပမယ့္ အႏၲရာယ္မ်ားလွပါတယ္။ ပလပ္စတစ္မွာပါတဲ့ ဓာတုပစၥည္းေတြျဖစ္ၾကတဲ့ Bisphenol A (BPA)၊ Polyvinyl Chloride (PVC) နဲ႔ phthalatesေတြက အစားအေသာက္ေတြထဲကို ေရာက္႐ွိသြားတာမ်ိဳးေတြ႐ွိပါတယ္။

ပလပ္စတစ္မွာပါဝင္တဲ့Bisphenol A (BPA) ကကင္ဆာျဖစ္ေစႏိုင္သလို ဦးေႏွာက္က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့အျပင္ ႏွလုံးက်န္းမာေရးကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ အစားအေသာက္ေတြကို ပလပ္စတစ္ဗူးေတြနဲ႔ထည့္ၿပီး မိုက္ခ႐ိုေဝ့ထဲမွာ အပူေပးတာမ်ိဳး မလုပ္ပါနဲ႔။ အပူအရမ္းျပင္းတဲ့အခါ အႏၲရာယ္႐ွိတဲ့ ဓာတုပစၥည္းေတြ ထြက္လာတတ္ပါတယ္။

ေလ့လာမႈတစ္ရပ္အရ ဆီးထဲမွာ BPA ပါဝင္မႈပမာဏမ်ားတာက ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါနဲ႔ အသည္းအဆိပ္သင့္တာမ်ိဳးေတြ ျဖစ္ေပၚခံစားရႏိုင္ေျခကို မ်ားေစႏိုင္တယ္လို႔ သိရပါတယ္။

စဥ္းတီတုံးေတြ

အိမ္ေတာ္ေတာ္မ်ားမ်ားမွာ အခုေနာက္ပိုင္း မန္းက်ည္းသားနဲ႔ ျပဳလုပ္တဲ့ စဥ္းတီတုံးေတြ၊ သစ္သားနဲ႔လုပ္ထားတဲ့ စဥ္းတီတုံးေတြအစား ပလပ္စတစ္နဲ႔လုပ္တဲ့ စဥ္းတီတုံးေတြကို အသုံးျပဳလာၾကပါတယ္။ ပလပ္စတစ္စဥ္းတီတုံးေတြက ပိုမိုေဘးကင္းၿပီး စိတ္ခ်ရတယ္လို႔ယူဆရေပမယ့္ ပလပ္စတစ္စဥ္းတီးတုံးေပၚမွာ စားေသာက္စရာေတြကို ဓားနဲ႔လွီးျဖတ္တဲ့အခါ က်န္ရစ္ခဲ့တဲ့ အစင္းေတြက ဘက္တီးရီးယားေတြ ခိုေအာင္းဖို႔အေကာင္းဆုံးေသာေနရာေတြပဲျဖစ္ၾကပါတယ္။

ေဘးကင္းေစဖို႔အတြက္ အေကာင္းဆုံးေသာနည္းလမ္းကေတာ့ ဝါးနဲ႔ သစ္သားေတြနဲ႔လုပ္ထားတဲ့ စဥ္းတီတုံးကို အသုံးျပဳဖို႔ပဲျဖစ္ပါတယ္။ ဝါးနဲ႔ သစ္မာသားေတြမွာ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ႏိုင္တဲ့ သဘာဝအစြမ္းသတၱိေတြ ပါဝင္ေနပါတယ္။ ဝါးနဲ႔ သစ္မာသားကိုအသုံးျပဳၿပီးလုပ္ထားတဲ့ စဥ္းတီတုံးေတြေပၚမွာ အစားအစာေတြကို ဓားနဲ႔လွီးျဖတ္တဲ့အခါ အစင္းေၾကာင္းေလးေတြျဖစ္ေပၚၿပီး ဘက္တီးရီးယားေတြပုန္းေအာင္းႏိုင္တယ္ဆိုေပမယ့္ အခ်ိန္ၾကာၾကာေတာ့ အသက္႐ွင္မေနႏိုင္ၾကပါဘူး။ အခ်ိန္အတိုင္းအတာတစ္ခုအတြင္းမွာေသဆုံးသြားတတ္ၾကပါတယ္။

မီးဖိုေခ်ာင္သုံးပစၥည္းေတြကို ေဘးကင္းေအာင္ဘယ္လိုသုံးမလဲ

မီးဖိုေခ်ာင္ထဲက သင္မသိေသးတဲ့အႏၲရာယ္ ေတြကို ကာကြယ္ဖို႔ ဒီအခ်က္ေလးေတြကို လိုက္နာေစခ်င္ပါတယ္။

Cast-iron အိုးေတြက လူႀကိဳက္မ်ားတဲ့ အိုးေတြထဲကတစ္ခုပါ။ အရည္အေသြးေကာင္းမြန္တဲ့ Cast-iron အိုးေတြမွာ အျခားဓာတုပစၥည္းေတြ ထပ္မံျဖည့္စြက္ထားတာမ်ိဳးမ႐ွိပါဘူး။ အရည္အေသြးေကာင္းတဲ့ Cast-iron အိုးေတြနဲ႔ခ်က္ျပဳတ္တဲ့အခါ အစားအေသာက္ေတြထဲကို စိမ့္ဝင္ေရာက္႐ွိသြားႏိုင္တဲ့ သတၱဳဓာတ္က သံသတၱဳဓာတ္တစ္မ်ိဳးပဲ႐ွိပါတယ္။

မကပ္တဲ့ ဒယ္အိုးေတြနဲ႔ မတူတာတစ္ခုက အပူခ်ိန္ဘယ္ေလာက္ပဲေပးရမယ္လို႔ သတ္မွတ္ထားတာမ်ိဳးမ႐ွိတာဘဲ ျဖစ္ပါတယ္။ အရည္အေသြးေကာင္းတဲ့ Cast-iron အိုးေတြကို ေ႐ြးခ်ယ္ဝယ္ယူမိဖို႔ေတာ့ လိုအပ္ပါတယ္။ အလားတူပဲ စတိန္းလတ္စ္စတီးအိုးေတြနဲ႔ အျခားသတၱဳေတြနဲ႔လုပ္ထားတဲ့ အိုးေတြကိုဝယ္ယူတဲ့အခါမွာလည္း အရည္အေသြးေကာင္းမြန္တဲ့အိုးေတြကို ဝယ္ယူအသုံးျပဳဖို႔လိုအပ္ပါတယ္။

Teflonနဲ႔ မကပ္တဲ့အိုးေတြရဲ႕ မ်က္ႏွာျပင္မွာသုတ္ထားတဲ့အရာေတြက မ်ိဳခ်မိတဲ့အခါ အဆိပ္အေတာက္ျဖစ္ေစႏိုင္တယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ားက သိထားၿပီးသားပါ။ အပူခ်ိန္ ၅၀၀ ဒီဂရီ နဲ႔ ၅၀၀ ဒီဂရီအထက္အပူေပးတဲ့အခါ အဆိပ္ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြထြက္ေပၚလာေစပါတယ္။

အဆိုပါ ဓာတုပစၥည္းေတြက မိုက္ခ႐ိုေဝ့မီးဖိုနဲ႔ ေဖာက္ထားတဲ့ ေျပာင္းဖူေပါက္ေပါက္ေတြကို ထုတ္ပိုးတဲ့ အိတ္ေတြ၊ အျမန္စား အစာအေသာက္ေတြကို ထည့္တဲ့ ခြက္ေတြ၊ ဘူးေတြမွာပါ ပါဝင္တတ္ပါတယ္။

အဆိုပါ ဓါတုပစၥည္းေတြနဲ႔ ထိေတြ႕တာကိုေ႐ွာင္႐ွားေစႏိုင္ဖို႔ဆိုရင္ေအာက္ပါအခ်က္ေလးေတြကို လုပ္ေဆာင္ၾကည့္ဖို႔လိုပါတယ္။

✳︎ မကပ္တဲ့အိုးေတြကို အပူခ်ိန္ျပင္းျပင္းေပးၿပီး အစားအေသာက္ေတြ ခ်က္ျပဳတ္တာမ်ိဳး မလုပ္ပါနဲ႔။

✳︎ မကပ္တဲ့အိုးေတြကို အပူခ်ိန္ ၅၀၀ ဒီဂရီအထက္နဲ႔ အပူေပးတာမ်ိဳးမလုပ္ပါနဲ႔။

✳︎ မကပ္တဲ့အိုးေတြကိုသုံးၿပီးခ်က္တဲ့အခါ အိုးအေပၚမွာ ေညႇာ္နံ႔စုပ္တဲ့ပန္ကာေတြကို ဖြင့္ထားေပးပါ။

✳︎ ေဘးကင္းတဲ့ သတၱဳနဲ႔ လုပ္ထားတဲ့ အိုးမ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူေပးပါ။ အရည္အေသြးေကာင္းတဲ့ အိုးေတြကို ေ႐ြးခ်ယ္ဝယ္ယူဖို႔ေတာ့လိုအပ္ပါတယ္။

✳︎ မိုက္ခ႐ိုေဝ့နဲ႔ ေဖာက္ထားတဲ့ ေျပာင္းဖူးေပါက္ေပါက္ေတြ၊ အျမန္စားအစားအစာေတြကို ေ႐ွာင္ၾကဥ္ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Hello Sayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ပေါ်မြို့လေးရှိ သူတောင်းစားမိသားစုတွင် မွေးဖွားခဲ့ပြီး လမ်းဘေးအမှိုက်ပုံများမှ စားစရာ ရှာကြံစားသောက်ခဲ့ရသော မိန်းကလေးမှာ တိဗက်ဘုန်းတော်ကြီးတစ်ပါး၏ ပညာသင်ပေးမှုဖြင့် ဆရာဝန်ဖြစ်လာခဲ့ပုံ...
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ပေါ်မြို့လေးရှိ သူတောင်းစားမိသားစုတွင် မွေးဖွားခဲ့ပြီး လမ်းဘေးအမှိုက်ပုံများမှ စားစရာ ရှာကြံစားသောက်ခဲ့ရသော မိန်းကလေးမှာ တိဗက်ဘုန်းတော်ကြီးတစ်ပါး၏ ပညာသင်ပေးမှုဖြင့် ဆရာဝန်ဖြစ်လာခဲ့ပုံ...
မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ...
မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေတိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုစရာ
အိမ်ခြံမြေတိုက်ခန်းဝယ်ယူတဲ့အခါ သတိပြုစရာ
၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း...
၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း...
အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း
အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ...
Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ...
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်ယာမြေဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့...
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်လုပ်ငန်းရှင် တစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံခဲ့ရာ ကန်ဒေါ်လာ သန်း ၄၀၀ အထိ တိုးပွားလာခဲ့...
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ...
စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ...
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ရာ အောင်မြင်သည့်လုပ်ငန်းဖြစ်လာ...
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ်ကိုင်ရာ အောင်မြင်သည့်လုပ်ငန်းဖြစ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာမည်ကြီး တရုတ်ရုပ်ရှင်မင်းသမီး Fan Bing Bing က ဟောင်ကောင်ရှိ တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၆၅၀,၀၀၀ (ကန
နာမည်ကြီး တရုတ်ရုပ်ရှင်မင်းသမီး Fan Bing Bing က ဟောင်ကောင်ရှိ တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၆၅၀,၀၀၀ (ကန
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်
ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်
ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင
ဒူဘိုင်းမှ သူဌေးတစ်ဦးက ဇနီးဖြစ်သူ ရေကူးဝတ်စုံ လွတ်လွတ်လပ်လပ်ဝတ်နိုင်ရန် အာရှရှိ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ သန်း ၅၀ ဖြင
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမ
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမ
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက
အင်္ဂလန်တွင် ဂိုဒေါင်ခေါင်မိုးပေါ်၌ Unicorn မြင်းရုပ်ထားရှိမှုအပေါ် အိမ်နီးချင်းက မျက်စိ စပါးမွှေးစူးကာ စိတ်အနှောင့်အယှက
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်က
ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်က
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ
ကန်ဒါဆာမိ၏ ဒန့်သလွန်ခင်း (သို့မဟုတ်) အိန္ဒိယတွင် သိပ္ပံပညာရှင်တစ်ဦးက အလုပ်မှထွက်ကာ ဒန့်သလွန် အော်ဂဲနစ် စိုက်ပျိုးရေး လုပ
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
စင်္ကာပူရှိ အိမ်ခြံမြေကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံက စင်္ကာပူမှ လူကုံထံရပ်ကွက်ရှိ စံအိမ်ကြီးကို စံချိန်တင်ဈေးနှုန်း စင်္
စင်္ကာပူရှိ အိမ်ခြံမြေကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံက စင်္ကာပူမှ လူကုံထံရပ်ကွက်ရှိ စံအိမ်ကြီးကို စံချိန်တင်ဈေးနှုန်း စင်္
Neighbourhood
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service