ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ လမ်းခွဲပြီးနောက် မင်္ဂလာဦးစံအိမ်ကြီး အရောင်းဈေးကွက်တင်ထားရာ အခွန်အခများအပါအဝင် ကန်ဒေါ်လာ ၂၅ သန်းခန့် အရှုံးပေါ်ဖွယ်ရှိ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ လမ်းခွဲပြီးနောက် မင်္ဂလာဦးစံအိမ်ကြီး အရောင်းဈေးကွက်တင်ထားရာ အခွန်အခများအပါအဝင် ကန်ဒေါ်လာ ၂၅ သန်းခန့် အရှုံးပေါ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
3 Sep 2024 1:11 pm တွင် တင်ခဲ့သည်
435 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အော်စကာဆုရှင် ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကတည်းက ချစ်ကြိုက်ခဲ့ပြီး လက်မထပ်ဖြစ်ခဲ့ကြ။

ယင်းနောက် နှစ်ပေါင်း ၂၀ ခန့် အကြာမှ လက်ထပ်ခဲ့သော်လည်း အိမ်ထောင်သက်တမ်း မကြာမီတွင်ပင် ပြန်လည်လမ်းခွဲလိုက်ကြသည်။

ထိုသို့ လမ်းခွဲရာတွင် နှစ်ဦးအတူနေထိုင်ရန်အတွက် ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့သော စံအိမ်ကြီးကို ပြန်လည်ရောင်းထုတ်ရာ၌ များစွာ အရှုံးပေါ်ဖွယ်ရှိနေသည်။

ထိုစံအိမ် အရောင်းအဝယ်ဖြစ်ပါက အနည်းဆုံး ဒေါ်လာ ၂၅ သန်းခန့် အရှုံးပေါ်ဖွယ်ရာရှိသည်။

လက်ရှိအားဖြင့် ကန်ဒေါ်လာ ၆၈ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ထားသည်။

အနောက်ဘက်ကမ်းရိုးတန်းမှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တို့က ပြောသည်မှာ ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ ဒုတိယအကြိမ် လက်တွဲနေထိုင်ခဲ့ရာ စံအိမ်ကြီးမှာ ရောင်းထွက်လိမ့်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းအောင် မတန်တဆ ဈေးများနေသည့်အပြင် နေအိမ်မှာ ကြီးမားလွန်းနေပြီး တည်နေရာအားဖြင့်လည်း ကောင်းမွန်ခြင်းမရှိသောကြောင့်ဖြစ်ကြောင်း ပြောသည်။

စံအိမ်ကြီးမှာ စတုရန်းပေ ၃၈၀၀၀ အထိ အလွန်တရာ ကြီးမားကျယ်ဝန်းလှကာ အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၂၄ ခန်းအထိ ပါဝင်နေသည်။

အိပ်ခန်းတစ်ခန်းလျှင် ရေချိုးခန်း ၂ ခန်းနှုန်း ဖြစ်သည်။

ခြံအကျယ် ၅ ဧကရှိကာ ကား ၁၂ စင်းဆန့် ဂိုဒေါင်၊ နောက်ဆုံးပေါ် ပစ္စည်းများ ထည့်သွင်းထားသော အားကစား လေ့ကျင့်ခန်းမ၊ လက်ဝှေ့ကြိုးဝိုင်းနှင့် pickleball ကစားကွင်းတို့ ပါဝင်သည်။

“ဒီအိမ်ရဲ့ တကယ်တန်ကြေးက ဒေါ်လာ သန်း ၄၀ ကနေ သန်း ၅၀ ကြားပဲရှိပါတယ်။ တည်နေရာကလည်း မကောင်းပါဘူး” ဟု အိမ်ခြံမြေလောက ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

စံအိမ်တည်ရှိရာ Wallington Estates မှာ ဂိတ်ဝန်းခတ် အိမ်ရာဝန်းဖြစ်ပြီး အစောင့်မရှိချေ။

ထိုဒေသတွင်ရှိသော နေအိမ်အများစုမှာ ၁၉၇၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၅ သန်းမှ ၁၀ သန်းကြား တန်ကြေးရှိကြသည်။

ဂျနီဖာလိုပက်ဇ်၏ ယခုစံအိမ်ကြီးမှာ ဆင်ဖြူတော်တစ်ကောင်သဖွယ်သာ ဖြစ်နေသည်။

နေအိမ်ကြီးမှာ ကြီးမားလွန်းနေပြီး indoor အားကစားကွင်းကဲ့သို့ မလိုအပ်သည့် amenity များ ပါဝင်နေသည်။

Wallingford Estates သည် သတ်မှတ်ချက်အရဆိုလျှင် Beverly Hills ပိုင်နက်အတွင်းရှိသည်ဆိုသော်လည်း ကမ္ဘာကျော်ထိုဒေသ၏ နောက်ဖျားပိုင်းတွင်သာ ဖြစ်သည်။

((အကျည်းတန်သောအိမ်))

အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောသည်မှာ “အဲဒီအိမ်က အကျည်းတန်ပါတယ်။ ဗိသုကာအကြောင်း မသိတဲ့ သာမည developer တစ်ဦးက ၂၀၀၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာပါ။ ဒီဇိုင်းဟန်တွေကို အဆီအငေါ် မတည့်ဘဲ ပေါင်းစပ်ဆောက်လုပ်ထားပါတယ်။ ဒီအိမ်ကြီး ဆောက်ပြီးသွားတဲ့အခါ ဒေါ်လာ သန်း ၁၀၀ နဲ့ ဈေးကွက်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ဘင်အက်ဖလက်နဲ့ ဂျနီဖာလိုပက်ဇ်တို့က ဒီအိမ်ကို ဒေါ်လာ ၆၁ သန်းနဲ့ ဝယ်လိုက်တာ တန်တယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် ဒီအိမ်ကို မွမ်းမံဖို့ သူတို့ ဒေါ်လာ သန်းပေါင်းများစွာ ထပ်သုံးထားတာ သတိရပါ။” ဟု ဆိုသည်။

ဝယ်လက်အနေဖြင့် ဤစံအိမ်ကို ပိုင်ဆိုင်ရန် ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲရမည့်အပြင် ဧရာမကြီးမား လှသော အိမ်ကြီးတစ်လုံးဖြစ်သောကြောင့် ထိန်းသိမ်းစရိတ် အလုံးအရင်း ကုန်ကျမည် ဖြစ်သည်။

“ဒီအိမ်ဟာ အိမ်ခွန်တစ်ခုတည်းတင် တစ်နှစ်ကို ဒေါ်လာ ၇၆၂၀၀၀ ပေးဆောင်ရပါတယ်။ ပြီးတော့ အာမခံ အတွက်နဲ့ မွမ်းမံထိန်းသိမ်းဖို့အတွက်က ဒေါ်လာ ၇၅၀,၀၀၀ ကုန်ကျပါတယ်။ ဒါကြောင့် ဘယ်သူပဲ ဝယ်ဝယ် ဒီအိမ်ကို လက်ဝယ်ပိုင်ဆိုင်ထားဖို့အတွက် တစ်နှစ်ကုန်ကျစရိတ် အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ သန်း ကုန်မှာ ဖြစ်ပါတယ်”

ယခုစံအိမ်ရောင်းထွက်ပါကလည်း ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့အဖို့ အခွန်များစွာ ပေးဆောင်ရဦးမည် ဖြစ်သည်။

လက်တွဲဖော်ဟောင်းများဖြစ်ခဲ့ကြသော ဂျနီဖာလိုပက်ဇ်တို့နှစ်ဦးအဖို့ ယခုစံအိမ်ကြီးရောင်းချရငွေမှ ၁၀ ရာခိုင်နှုန်းကို ဆုံးရှုံးရဦးမည် ဖြစ်သည်။

ရောင်းရငွေမှ ၅ ရာခိုင်နှုန်းမှာ ကယ်လီဖိုးနီးယားပြည်နယ်အစိုးရသို့ တိုက်ရိုက်အခွန်ဆောင်ရမည်ဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင်ခမှာ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား ပေးဆောင်ရမည်ဖြစ်သည်။

ထို့ကြောင့် ဒေါ်လာ ၁၀ သန်းဝန်းကျင်ခန့် ဆုံးရှုံးရမည်ဖြစ်ရာ ဒေါ်လာ သန်း ၅၀ ဖြင့် ရောင်းထွက်မည်ဆိုပါက ဒေါ်လာ သန်း ၄၀ သာ ကျန်ရှိမည်ဖြစ်ပြီး ထိုငွေကို နှစ်ဦးခွဲဝေ ရယူရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ben Affleck, Jennifer Lopez to lose at least $25M on ‘white elephant’ home: Source (newsnationnow)

[Zawgyi]

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ လမ္းခြဲျပီးေနာက္ မဂၤလာဦးစံအိမ္ၾကီး အေရာင္းေစ်းကြက္တင္ထားရာ အခြန္အခမ်ားအပါအဝင္ ကန္ေဒၚလာ ၂၅ သန္းခန္႔ အရံႈးေပၚဖြယ္ရွိ

ေအာ္စကာဆုရွင္ ေဟာလိဝုဒ္ရုပ္ရွင္မင္းသား ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ ေက်ာ္ကတည္းက ခ်စ္ၾကိဳက္ခဲ့ျပီး လက္မထပ္ျဖစ္ခဲ့ၾက။

ယင္းေနာက္ ႏွစ္ေပါင္း ၂၀ ခန္႔ အၾကာမွ လက္ထပ္ခဲ့ေသာ္လည္း အိမ္ေထာင္သက္တမ္း မၾကာမီတြင္ပင္ ျပန္လည္လမ္းခြဲလိုက္ၾကသည္။

ထိုသို႔ လမ္းခြဲရာတြင္ ႏွစ္ဦးအတူေနထိုင္ရန္အတြက္ ေငြသားျဖင့္ ေပးေခ်ကာ ဝယ္ယူခဲ့ေသာ စံအိမ္ၾကီးကို ျပန္လည္ေရာင္းထုတ္ရာ၌ မ်ားစြာ အရံႈးေပၚဖြယ္ရွိေနသည္။

ထိုစံအိမ္ အေရာင္းအဝယ္ျဖစ္ပါက အနည္းဆံုး ေဒၚလာ ၂၅ သန္းခန္႔ အရံႈးေပၚဖြယ္ရာရွိသည္။

လက္ရွိအားျဖင့္ ကန္ေဒၚလာ ၆၈ သန္းေစ်းေခၚကာ အေရာင္းေစ်းကြက္တင္ထားသည္။

အေနာက္ဘက္ကမ္းရိုးတန္းမွ အိမ္ျခံေျမကၽြမ္းက်င္ပညာရွင္တို႔က ေျပာသည္မွာ ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔ ဒုတိယအၾကိမ္ လက္တြဲေနထိုင္ခဲ့ရာ စံအိမ္ၾကီးမွာ ေရာင္းထြက္လိမ့္မည္မဟုတ္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ ေၾကာက္မက္ဖြယ္ေကာင္းေအာင္ မတန္တဆ ေစ်းမ်ားေနသည့္အျပင္ ေနအိမ္မွာ ၾကီးမားလြန္းေနျပီး တည္ေနရာအားျဖင့္လည္း ေကာင္းမြန္ျခင္းမရွိေသာေၾကာင့္ျဖစ္ေၾကာင္း ေျပာသည္။

စံအိမ္ၾကီးမွာ စတုရန္းေပ ၃၈၀၀၀ အထိ အလြန္တရာ ၾကီးမားက်ယ္ဝန္းလွကာ အိပ္ခန္း ၁၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂၄ ခန္းအထိ ပါဝင္ေနသည္။

အိပ္ခန္းတစ္ခန္းလွ်င္ ေရခ်ဳိးခန္း ၂ ခန္းႏႈန္း ျဖစ္သည္။

ျခံအက်ယ္ ၅ ဧကရွိကာ ကား ၁၂ စင္းဆန္႔ ဂိုေဒါင္၊ ေနာက္ဆံုးေပၚ ပစၥည္းမ်ား ထည့္သြင္းထားေသာ အားကစား ေလ့က်င့္ခန္းမ၊ လက္ေဝွ႔ၾကိဳးဝိုင္းႏွင့္ pickleball ကစားကြင္းတို႔ ပါဝင္သည္။

“ဒီအိမ္ရဲ႕ တကယ္တန္ေၾကးက ေဒၚလာ သန္း ၄၀ ကေန သန္း ၅၀ ၾကားပဲရွိပါတယ္။ တည္ေနရာကလည္း မေကာင္းပါဘူး” ဟု အိမ္ျခံေျမေလာက ကၽြမ္းက်င္သူတစ္ဦးက ေျပာသည္။

စံအိမ္တည္ရွိရာ Wallington Estates မွာ ဂိတ္ဝန္းခတ္ အိမ္ရာဝန္းျဖစ္ျပီး အေစာင့္မရွိေခ်။

ထိုေဒသတြင္ရွိေသာ ေနအိမ္အမ်ားစုမွာ ၁၉၇၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ကန္ေဒၚလာ ၅ သန္းမွ ၁၀ သန္းၾကား တန္ေၾကးရွိၾကသည္။

ဂ်နီဖာလိုပက္ဇ္၏ ယခုစံအိမ္ၾကီးမွာ ဆင္ျဖဴေတာ္တစ္ေကာင္သဖြယ္သာ ျဖစ္ေနသည္။

ေနအိမ္ၾကီးမွာ ၾကီးမားလြန္းေနျပီး indoor အားကစားကြင္းကဲ့သို႔ မလုိအပ္သည့္ amenity မ်ား ပါဝင္ေနသည္။

Wallingford Estates သည္ သတ္မွတ္ခ်က္အရဆိုလွ်င္ Beverly Hills ပိုင္နက္အတြင္းရွိသည္ဆိုေသာ္လည္း ကမၻာေက်ာ္ထိုေဒသ၏ ေနာက္ဖ်ားပိုင္းတြင္သာ ျဖစ္သည္။

((အက်ည္းတန္ေသာအိမ္))

အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးက ေျပာသည္မွာ “အဲဒီအိမ္က အက်ည္းတန္ပါတယ္။ ဗိသုကာအေၾကာင္း မသိတဲ့ သာမည developer တစ္ဦးက ၂၀၀၁ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာပါ။ ဒီဇိုင္းဟန္ေတြကို အဆီအေငၚ မတည့္ဘဲ ေပါင္းစပ္ေဆာက္လုပ္ထားပါတယ္။ ဒီအိမ္ၾကီး ေဆာက္ျပီးသြားတဲ့အခါ ေဒၚလာ သန္း ၁၀၀ နဲ႔ ေစ်းကြက္မွာ ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့ပါတယ္။ ဒါေၾကာင့္ ဘင္အက္ဖလက္နဲ႔ ဂ်နီဖာလိုပက္ဇ္တို႔က ဒီအိမ္ကို ေဒၚလာ ၆၁ သန္းနဲ႔ ဝယ္လိုက္တာ တန္တယ္လို႔ ထင္ေနၾကတယ္။ ဒါေပမယ့္ ဒီအိမ္ကို မြမ္းမံဖို႔ သူတို႔ ေဒၚလာ သန္းေပါင္းမ်ားစြာ ထပ္သံုးထားတာ သတိရပါ။” ဟု ဆိုသည္။

ဝယ္လက္အေနျဖင့္ ဤစံအိမ္ကို ပိုင္ဆိုင္ရန္ ေဒၚလာသန္းေပါင္းမ်ားစြာ သံုးစြဲရမည့္အျပင္ ဧရာမၾကီးမား လွေသာ အိမ္ၾကီးတစ္လံုးျဖစ္ေသာေၾကာင့္ ထိန္းသိမ္းစရိတ္ အလံုးအရင္း ကုန္က်မည္ ျဖစ္သည္။

“ဒီအိမ္ဟာ အိမ္ခြန္တစ္ခုတည္းတင္ တစ္ႏွစ္ကို ေဒၚလာ ၇၆၂၀၀၀ ေပးေဆာင္ရပါတယ္။ ျပီးေတာ့ အာမခံ အတြက္နဲ႔ မြမ္းမံထိန္းသိမ္းဖို႔အတြက္က ေဒၚလာ ၇၅၀,၀၀၀ ကုန္က်ပါတယ္။ ဒါေၾကာင့္ ဘယ္သူပဲ ဝယ္ဝယ္ ဒီအိမ္ကို လက္ဝယ္ပိုင္ဆိုင္ထားဖုိ႔အတြက္ တစ္ႏွစ္ကုန္က်စရိတ္ အနည္းဆံုး ေဒၚလာ ၁ ဒသမ ၅ သန္း ကုန္မွာ ျဖစ္ပါတယ္”

ယခုစံအိမ္ေရာင္းထြက္ပါကလည္း ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔အဖုိ႔ အခြန္မ်ားစြာ ေပးေဆာင္ရဦးမည္ ျဖစ္သည္။

လက္တြဲေဖာ္ေဟာင္းမ်ားျဖစ္ခဲ့ၾကေသာ ဂ်နီဖာလိုပက္ဇ္တို႔ႏွစ္ဦးအဖို႔ ယခုစံအိမ္ၾကီးေရာင္းခ်ရေငြမွ ၁၀ ရာခိုင္ႏႈန္းကို ဆံုးရံႈးရဦးမည္ ျဖစ္သည္။

ေရာင္းရေငြမွ ၅ ရာခိုင္ႏႈန္းမွာ ကယ္လီဖိုးနီးယားျပည္နယ္အစိုးရသို႔ တိုက္ရိုက္အခြန္ေဆာင္ရမည္ျဖစ္ျပီး အိမ္ျခံေျမအက်ဳိးေဆာင္ခမွာ ၅ ရာခိုင္ႏႈန္းမွ ၆ ရာခုိင္ႏႈန္းၾကား ေပးေဆာင္ရမည္ျဖစ္သည္။

ထို႔ေၾကာင့္ ေဒၚလာ ၁၀ သန္းဝန္းက်င္ခန္႔ ဆံုးရံႈးရမည္ျဖစ္ရာ ေဒၚလာ သန္း ၅၀ ျဖင့္ ေရာင္းထြက္မည္ဆိုပါက ေဒၚလာ သန္း ၄၀ သာ က်န္ရွိမည္ျဖစ္ျပီး ထုိေငြကို ႏွစ္ဦးခြဲေဝ ရယူရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ben Affleck, Jennifer Lopez to lose at least $25M on ‘white elephant’ home: Source (newsnationnow)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်တွင် သာယာလှပသော ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် ဒုတိယကမ္ဘာစစ်ဗုံးခိုကျင်းကြီး ပေါင် ၂၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် သာယာလှပသော ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် ဒုတိယကမ္ဘာစစ်ဗုံးခိုကျင်းကြီး ပေါင် ၂၅၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
တရုတ်ပြည်တွင် ဆောက်လုပ်နေသော ၂၂ မိုင်ရှည်လျားသည့် ကန်ဒေါ်လာ ၇ ဘီလီယံနီးပါး ကုန်ကျမည့် ကမ္ဘာ့စံချိန်တင် တံတားကြီး...
တရုတ်ပြည်တွင် ဆောက်လုပ်နေသော ၂၂ မိုင်ရှည်လျားသည့် ကန်ဒေါ်လာ ၇ ဘီလီယံနီးပါး ကုန်ကျမည့် ကမ္ဘာ့စံချိန်တင် တံတားကြီး...
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်ထုတ်...
စင်္ကာပူတွင် HDB တိုက်ခန်းတစ်ခုထဲ၌ လူ ၁၂ ဦးအထိ နေထိုင်လျက်ရှိသည်ကိုတွေ့သော အိမ်ခြံမြေ အကျိုးဆောင်က နေထိုင်သူများကို နှင်ထုတ်...
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ရောင်းချ...
ဂျပ်စတင်ဘီဘာနှင့် Dwayne Johnson တို့ အပန်းဖြေနေထိုင်ခဲ့သော ဟာဝိုင်အီမှ စံအိမ် ဝယ်လက်တစ်ဦးထံ ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ရောင်းချ...
အမေရိကန်ပြည်၊ ဝိုင်ယောမင်းပြည်နယ် Jackson Hole တောင်ကြားဒေသတွင် ကိုယ်ပိုင်ချောင်းတစ်ခု ပါဝင်သော ၇၁ ဧက ကျယ်ဝန်းသည့် မွေးမြူရေးခြံ ကန်ဒေါ်လာ ၃၅ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဝိုင်ယောမင်းပြည်နယ် Jackson Hole တောင်ကြားဒေသတွင် ကိုယ်ပိုင်ချောင်းတစ်ခု ပါဝင်သော ၇၁ ဧက ကျယ်ဝန်းသည့် မွေးမြူရေးခြံ ကန်ဒေါ်လာ ၃၅ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ကမ္ဘာလှည့်ခရီးသည် မိုက်ခ် ရာရီနှင့် ဘန်ကောက်မှ တစ်ည (၁)ဒေါ်လာ ပေးရသော အခန်းတစ်ခန်း အကြောင်း...
အမေရိကန်ကမ္ဘာလှည့်ခရီးသည် မိုက်ခ် ရာရီနှင့် ဘန်ကောက်မှ တစ်ည (၁)ဒေါ်လာ ပေးရသော အခန်းတစ်ခန်း အကြောင်း...
အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် မြင်းကျားမှသည် ပြောင်များအထိ ရှားပါးတိရ စ္ဆာန်မျိုးစုံရှိကာ ၄၆၉ ဧကကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၇ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် မြင်းကျားမှသည် ပြောင်များအထိ ရှားပါးတိရ စ္ဆာန်မျိုးစုံရှိကာ ၄၆၉ ဧကကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၇ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယို၊ တွမ်ခရုစ်တို့ လည်ပတ်နေထိုင်ဖူးသော မိုင်အမ်မီမှ ဒေါ်လာ သန်း ၄၀ တန်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ...
ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယို၊ တွမ်ခရုစ်တို့ လည်ပတ်နေထိုင်ဖူးသော မိုင်အမ်မီမှ ဒေါ်လာ သန်း ၄၀ တန်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အိမ်ဖြူတော်ဝန်းကျင်မှ ၂ မိုင်ခန့်သာ ဝေးကွာသော်လည်း ဘာကြောင့် သမီးထံ လုံးဝမသွားတာလဲ...

“Pine Bluff မြို့မှ ဒေါ်လာ ၄၀၀ တန်အိမ်များ” (သို့မဟုတ်) အမေရိကန်ပြည်၊ အာကင်ဆောပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုတွင် နေအိမ်တစ်လုံးလျှင် ဒေါ်လာ ၄၀၀ ဖြင့် ရောင်းချပေးနေ၊ သို့သော် သတိပြုရမည့် မြှုပ်ကွက်တစ်ခုရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစ
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစ
တချိန်က ရူပီး ၉၀ တန် ရထားလက်မှတ်ဖိုးပင် မရှိခဲ့သူ၊ နောင်အခါတွင် ကုမ္ပဏီကြီးတစ်ခုက ချမ်းသာကြွယ်ဝ သော ကလေးများကို စာသင်ပေး
တချိန်က ရူပီး ၉၀ တန် ရထားလက်မှတ်ဖိုးပင် မရှိခဲ့သူ၊ နောင်အခါတွင် ကုမ္ပဏီကြီးတစ်ခုက ချမ်းသာကြွယ်ဝ သော ကလေးများကို စာသင်ပေး
သေခြင်းတရားကိုအောင်နိုင်ရန် ကြိုးပမ်းခဲ့သူ တရုတ်ပြည်၏ပထမဧကရာဇ် Qin Shihuang အား တမလွန်ဘဝထိ စောင့်ရှောက်ကာကွယ်နေသော ရှေးစ
သေခြင်းတရားကိုအောင်နိုင်ရန် ကြိုးပမ်းခဲ့သူ တရုတ်ပြည်၏ပထမဧကရာဇ် Qin Shihuang အား တမလွန်ဘဝထိ စောင့်ရှောက်ကာကွယ်နေသော ရှေးစ
နေအိမ်အားလုံး ရောင်းထုတ်လျက်ရှိသော Elon Musk က ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နောက်ဆုံးကျန်ရှိ သော နေအိမ်ကို ဝယ်လက်ရှာတွေ့
နေအိမ်အားလုံး ရောင်းထုတ်လျက်ရှိသော Elon Musk က ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နောက်ဆုံးကျန်ရှိ သော နေအိမ်ကို ဝယ်လက်ရှာတွေ့
အမေရိကန်ပြည်၊ ဖီလာဒဲလ်ဖီးယားရှိ နေအိမ်တစ်လုံး ဒေါ်လာ ၅၀၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်နေသော အိမ်မှာ လူမှုကွန်ရက်တွင် ဂယက်
အမေရိကန်ပြည်၊ ဖီလာဒဲလ်ဖီးယားရှိ နေအိမ်တစ်လုံး ဒေါ်လာ ၅၀၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်နေသော အိမ်မှာ လူမှုကွန်ရက်တွင် ဂယက်
သိပ္ပံပညာရှင်တို့က ကမ္ဘာမြေအောက်တွင် သမုဒ္ဒရာကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ အားလုံးရှိ ရေထက် ၃
သိပ္ပံပညာရှင်တို့က ကမ္ဘာမြေအောက်တွင် သမုဒ္ဒရာကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ အားလုံးရှိ ရေထက် ၃
အမေရိကန်ပြည်တွင် စီးပွားရေးလုပ်ငန်းရှင် Rakesh Kamal က ဇနီးနှင့် သမီးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အ
အမေရိကန်ပြည်တွင် စီးပွားရေးလုပ်ငန်းရှင် Rakesh Kamal က ဇနီးနှင့် သမီးကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အ
မြောက်ကိုရီးယားသို့ အကြိမ်ပေါင်း ၁၈၀ ကျော် သွားရောက်လည်ပတ်ခဲ့သူက မြောက်ကိုရီးယားတွင် ပြဿနာမတက်ဘဲ လည်ပတ်နိုင်မည့်နည်းကို
မြောက်ကိုရီးယားသို့ အကြိမ်ပေါင်း ၁၈၀ ကျော် သွားရောက်လည်ပတ်ခဲ့သူက မြောက်ကိုရီးယားတွင် ပြဿနာမတက်ဘဲ လည်ပတ်နိုင်မည့်နည်းကို
အင်္ဂလန်တွင် ဂိုဒေါင်တစ်လုံးပါသော အိပ်ခန်း ၄ ခန်းပါနေအိမ်တစ်လုံးကို ၁ ပေါင်မျှဖြင့် ရောင်းမည်၊ နေအိမ်တွင်းရှိ စန္ဒယားကြီ
အင်္ဂလန်တွင် ဂိုဒေါင်တစ်လုံးပါသော အိပ်ခန်း ၄ ခန်းပါနေအိမ်တစ်လုံးကို ၁ ပေါင်မျှဖြင့် ရောင်းမည်၊ နေအိမ်တွင်းရှိ စန္ဒယားကြီ
ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း။
ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-moe-kaung
sweet-dream

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service