ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ လမ်းခွဲပြီးနောက် မင်္ဂလာဦးစံအိမ်ကြီး အရောင်းဈေးကွက်တင်ထားရာ အခွန်အခများအပါအဝင် ကန်ဒေါ်လာ ၂၅ သန်းခန့် အရှုံးပေါ်ဖွယ်ရှိ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့ လမ်းခွဲပြီးနောက် မင်္ဂလာဦးစံအိမ်ကြီး အရောင်းဈေးကွက်တင်ထားရာ အခွန်အခများအပါအဝင် ကန်ဒေါ်လာ ၂၅ သန်းခန့် အရှုံးပေါ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
3 Sep 2024 1:11 pm တွင် တင်ခဲ့သည်
700 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အော်စကာဆုရှင် ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကတည်းက ချစ်ကြိုက်ခဲ့ပြီး လက်မထပ်ဖြစ်ခဲ့ကြ။

ယင်းနောက် နှစ်ပေါင်း ၂၀ ခန့် အကြာမှ လက်ထပ်ခဲ့သော်လည်း အိမ်ထောင်သက်တမ်း မကြာမီတွင်ပင် ပြန်လည်လမ်းခွဲလိုက်ကြသည်။

ထိုသို့ လမ်းခွဲရာတွင် နှစ်ဦးအတူနေထိုင်ရန်အတွက် ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့သော စံအိမ်ကြီးကို ပြန်လည်ရောင်းထုတ်ရာ၌ များစွာ အရှုံးပေါ်ဖွယ်ရှိနေသည်။

ထိုစံအိမ် အရောင်းအဝယ်ဖြစ်ပါက အနည်းဆုံး ဒေါ်လာ ၂၅ သန်းခန့် အရှုံးပေါ်ဖွယ်ရာရှိသည်။

လက်ရှိအားဖြင့် ကန်ဒေါ်လာ ၆၈ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ထားသည်။

အနောက်ဘက်ကမ်းရိုးတန်းမှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တို့က ပြောသည်မှာ ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ ဒုတိယအကြိမ် လက်တွဲနေထိုင်ခဲ့ရာ စံအိမ်ကြီးမှာ ရောင်းထွက်လိမ့်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းအောင် မတန်တဆ ဈေးများနေသည့်အပြင် နေအိမ်မှာ ကြီးမားလွန်းနေပြီး တည်နေရာအားဖြင့်လည်း ကောင်းမွန်ခြင်းမရှိသောကြောင့်ဖြစ်ကြောင်း ပြောသည်။

စံအိမ်ကြီးမှာ စတုရန်းပေ ၃၈၀၀၀ အထိ အလွန်တရာ ကြီးမားကျယ်ဝန်းလှကာ အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၂၄ ခန်းအထိ ပါဝင်နေသည်။

အိပ်ခန်းတစ်ခန်းလျှင် ရေချိုးခန်း ၂ ခန်းနှုန်း ဖြစ်သည်။

ခြံအကျယ် ၅ ဧကရှိကာ ကား ၁၂ စင်းဆန့် ဂိုဒေါင်၊ နောက်ဆုံးပေါ် ပစ္စည်းများ ထည့်သွင်းထားသော အားကစား လေ့ကျင့်ခန်းမ၊ လက်ဝှေ့ကြိုးဝိုင်းနှင့် pickleball ကစားကွင်းတို့ ပါဝင်သည်။

“ဒီအိမ်ရဲ့ တကယ်တန်ကြေးက ဒေါ်လာ သန်း ၄၀ ကနေ သန်း ၅၀ ကြားပဲရှိပါတယ်။ တည်နေရာကလည်း မကောင်းပါဘူး” ဟု အိမ်ခြံမြေလောက ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

စံအိမ်တည်ရှိရာ Wallington Estates မှာ ဂိတ်ဝန်းခတ် အိမ်ရာဝန်းဖြစ်ပြီး အစောင့်မရှိချေ။

ထိုဒေသတွင်ရှိသော နေအိမ်အများစုမှာ ၁၉၇၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၅ သန်းမှ ၁၀ သန်းကြား တန်ကြေးရှိကြသည်။

ဂျနီဖာလိုပက်ဇ်၏ ယခုစံအိမ်ကြီးမှာ ဆင်ဖြူတော်တစ်ကောင်သဖွယ်သာ ဖြစ်နေသည်။

နေအိမ်ကြီးမှာ ကြီးမားလွန်းနေပြီး indoor အားကစားကွင်းကဲ့သို့ မလိုအပ်သည့် amenity များ ပါဝင်နေသည်။

Wallingford Estates သည် သတ်မှတ်ချက်အရဆိုလျှင် Beverly Hills ပိုင်နက်အတွင်းရှိသည်ဆိုသော်လည်း ကမ္ဘာကျော်ထိုဒေသ၏ နောက်ဖျားပိုင်းတွင်သာ ဖြစ်သည်။

 

((အကျည်းတန်သောအိမ်))

အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောသည်မှာ “အဲဒီအိမ်က အကျည်းတန်ပါတယ်။ ဗိသုကာအကြောင်း မသိတဲ့ သာမည developer တစ်ဦးက ၂၀၀၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာပါ။ ဒီဇိုင်းဟန်တွေကို အဆီအငေါ် မတည့်ဘဲ ပေါင်းစပ်ဆောက်လုပ်ထားပါတယ်။ ဒီအိမ်ကြီး ဆောက်ပြီးသွားတဲ့အခါ ဒေါ်လာ သန်း ၁၀၀ နဲ့ ဈေးကွက်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ဘင်အက်ဖလက်နဲ့ ဂျနီဖာလိုပက်ဇ်တို့က ဒီအိမ်ကို ဒေါ်လာ ၆၁ သန်းနဲ့ ဝယ်လိုက်တာ တန်တယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် ဒီအိမ်ကို မွမ်းမံဖို့ သူတို့ ဒေါ်လာ သန်းပေါင်းများစွာ ထပ်သုံးထားတာ သတိရပါ။” ဟု ဆိုသည်။

ဝယ်လက်အနေဖြင့် ဤစံအိမ်ကို ပိုင်ဆိုင်ရန် ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲရမည့်အပြင် ဧရာမကြီးမား လှသော အိမ်ကြီးတစ်လုံးဖြစ်သောကြောင့် ထိန်းသိမ်းစရိတ် အလုံးအရင်း ကုန်ကျမည် ဖြစ်သည်။

“ဒီအိမ်ဟာ အိမ်ခွန်တစ်ခုတည်းတင် တစ်နှစ်ကို ဒေါ်လာ ၇၆၂၀၀၀ ပေးဆောင်ရပါတယ်။ ပြီးတော့ အာမခံ အတွက်နဲ့ မွမ်းမံထိန်းသိမ်းဖို့အတွက်က ဒေါ်လာ ၇၅၀,၀၀၀ ကုန်ကျပါတယ်။ ဒါကြောင့် ဘယ်သူပဲ ဝယ်ဝယ် ဒီအိမ်ကို လက်ဝယ်ပိုင်ဆိုင်ထားဖို့အတွက် တစ်နှစ်ကုန်ကျစရိတ် အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ သန်း ကုန်မှာ ဖြစ်ပါတယ်”

ယခုစံအိမ်ရောင်းထွက်ပါကလည်း ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့အဖို့ အခွန်များစွာ ပေးဆောင်ရဦးမည် ဖြစ်သည်။

လက်တွဲဖော်ဟောင်းများဖြစ်ခဲ့ကြသော ဂျနီဖာလိုပက်ဇ်တို့နှစ်ဦးအဖို့ ယခုစံအိမ်ကြီးရောင်းချရငွေမှ ၁၀ ရာခိုင်နှုန်းကို ဆုံးရှုံးရဦးမည် ဖြစ်သည်။

ရောင်းရငွေမှ ၅ ရာခိုင်နှုန်းမှာ ကယ်လီဖိုးနီးယားပြည်နယ်အစိုးရသို့ တိုက်ရိုက်အခွန်ဆောင်ရမည်ဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင်ခမှာ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား ပေးဆောင်ရမည်ဖြစ်သည်။

ထို့ကြောင့် ဒေါ်လာ ၁၀ သန်းဝန်းကျင်ခန့် ဆုံးရှုံးရမည်ဖြစ်ရာ ဒေါ်လာ သန်း ၅၀ ဖြင့် ရောင်းထွက်မည်ဆိုပါက ဒေါ်လာ သန်း ၄၀ သာ ကျန်ရှိမည်ဖြစ်ပြီး ထိုငွေကို နှစ်ဦးခွဲဝေ ရယူရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ben Affleck, Jennifer Lopez to lose at least $25M on ‘white elephant’ home: Source (newsnationnow)

 

[Zawgyi]

ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔ လမ္းခြဲျပီးေနာက္ မဂၤလာဦးစံအိမ္ၾကီး အေရာင္းေစ်းကြက္တင္ထားရာ အခြန္အခမ်ားအပါအဝင္ ကန္ေဒၚလာ ၂၅ သန္းခန္႔ အရံႈးေပၚဖြယ္ရွိ

ေအာ္စကာဆုရွင္ ေဟာလိဝုဒ္ရုပ္ရွင္မင္းသား ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ ေက်ာ္ကတည္းက ခ်စ္ၾကိဳက္ခဲ့ျပီး လက္မထပ္ျဖစ္ခဲ့ၾက။

ယင္းေနာက္ ႏွစ္ေပါင္း ၂၀ ခန္႔ အၾကာမွ လက္ထပ္ခဲ့ေသာ္လည္း အိမ္ေထာင္သက္တမ္း မၾကာမီတြင္ပင္ ျပန္လည္လမ္းခြဲလိုက္ၾကသည္။

ထိုသို႔ လမ္းခြဲရာတြင္ ႏွစ္ဦးအတူေနထိုင္ရန္အတြက္ ေငြသားျဖင့္ ေပးေခ်ကာ ဝယ္ယူခဲ့ေသာ စံအိမ္ၾကီးကို ျပန္လည္ေရာင္းထုတ္ရာ၌ မ်ားစြာ အရံႈးေပၚဖြယ္ရွိေနသည္။

ထိုစံအိမ္ အေရာင္းအဝယ္ျဖစ္ပါက အနည္းဆံုး ေဒၚလာ ၂၅ သန္းခန္႔ အရံႈးေပၚဖြယ္ရာရွိသည္။

လက္ရွိအားျဖင့္ ကန္ေဒၚလာ ၆၈ သန္းေစ်းေခၚကာ အေရာင္းေစ်းကြက္တင္ထားသည္။

အေနာက္ဘက္ကမ္းရိုးတန္းမွ အိမ္ျခံေျမကၽြမ္းက်င္ပညာရွင္တို႔က ေျပာသည္မွာ ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔ ဒုတိယအၾကိမ္ လက္တြဲေနထိုင္ခဲ့ရာ စံအိမ္ၾကီးမွာ ေရာင္းထြက္လိမ့္မည္မဟုတ္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ ေၾကာက္မက္ဖြယ္ေကာင္းေအာင္ မတန္တဆ ေစ်းမ်ားေနသည့္အျပင္ ေနအိမ္မွာ ၾကီးမားလြန္းေနျပီး တည္ေနရာအားျဖင့္လည္း ေကာင္းမြန္ျခင္းမရွိေသာေၾကာင့္ျဖစ္ေၾကာင္း ေျပာသည္။

စံအိမ္ၾကီးမွာ စတုရန္းေပ ၃၈၀၀၀ အထိ အလြန္တရာ ၾကီးမားက်ယ္ဝန္းလွကာ အိပ္ခန္း ၁၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၂၄ ခန္းအထိ ပါဝင္ေနသည္။

အိပ္ခန္းတစ္ခန္းလွ်င္ ေရခ်ဳိးခန္း ၂ ခန္းႏႈန္း ျဖစ္သည္။

ျခံအက်ယ္ ၅ ဧကရွိကာ ကား ၁၂ စင္းဆန္႔ ဂိုေဒါင္၊ ေနာက္ဆံုးေပၚ ပစၥည္းမ်ား ထည့္သြင္းထားေသာ အားကစား ေလ့က်င့္ခန္းမ၊ လက္ေဝွ႔ၾကိဳးဝိုင္းႏွင့္ pickleball ကစားကြင္းတို႔ ပါဝင္သည္။

“ဒီအိမ္ရဲ႕ တကယ္တန္ေၾကးက ေဒၚလာ သန္း ၄၀ ကေန သန္း ၅၀ ၾကားပဲရွိပါတယ္။ တည္ေနရာကလည္း မေကာင္းပါဘူး” ဟု အိမ္ျခံေျမေလာက ကၽြမ္းက်င္သူတစ္ဦးက ေျပာသည္။

စံအိမ္တည္ရွိရာ Wallington Estates မွာ ဂိတ္ဝန္းခတ္ အိမ္ရာဝန္းျဖစ္ျပီး အေစာင့္မရွိေခ်။

ထိုေဒသတြင္ရွိေသာ ေနအိမ္အမ်ားစုမွာ ၁၉၇၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ကန္ေဒၚလာ ၅ သန္းမွ ၁၀ သန္းၾကား တန္ေၾကးရွိၾကသည္။

ဂ်နီဖာလိုပက္ဇ္၏ ယခုစံအိမ္ၾကီးမွာ ဆင္ျဖဴေတာ္တစ္ေကာင္သဖြယ္သာ ျဖစ္ေနသည္။

ေနအိမ္ၾကီးမွာ ၾကီးမားလြန္းေနျပီး indoor အားကစားကြင္းကဲ့သို႔ မလုိအပ္သည့္ amenity မ်ား ပါဝင္ေနသည္။

Wallingford Estates သည္ သတ္မွတ္ခ်က္အရဆိုလွ်င္ Beverly Hills ပိုင္နက္အတြင္းရွိသည္ဆိုေသာ္လည္း ကမၻာေက်ာ္ထိုေဒသ၏ ေနာက္ဖ်ားပိုင္းတြင္သာ ျဖစ္သည္။

((အက်ည္းတန္ေသာအိမ္))

အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးက ေျပာသည္မွာ “အဲဒီအိမ္က အက်ည္းတန္ပါတယ္။ ဗိသုကာအေၾကာင္း မသိတဲ့ သာမည developer တစ္ဦးက ၂၀၀၁ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာပါ။ ဒီဇိုင္းဟန္ေတြကို အဆီအေငၚ မတည့္ဘဲ ေပါင္းစပ္ေဆာက္လုပ္ထားပါတယ္။ ဒီအိမ္ၾကီး ေဆာက္ျပီးသြားတဲ့အခါ ေဒၚလာ သန္း ၁၀၀ နဲ႔ ေစ်းကြက္မွာ ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့ပါတယ္။ ဒါေၾကာင့္ ဘင္အက္ဖလက္နဲ႔ ဂ်နီဖာလိုပက္ဇ္တို႔က ဒီအိမ္ကို ေဒၚလာ ၆၁ သန္းနဲ႔ ဝယ္လိုက္တာ တန္တယ္လို႔ ထင္ေနၾကတယ္။ ဒါေပမယ့္ ဒီအိမ္ကို မြမ္းမံဖို႔ သူတို႔ ေဒၚလာ သန္းေပါင္းမ်ားစြာ ထပ္သံုးထားတာ သတိရပါ။” ဟု ဆိုသည္။

ဝယ္လက္အေနျဖင့္ ဤစံအိမ္ကို ပိုင္ဆိုင္ရန္ ေဒၚလာသန္းေပါင္းမ်ားစြာ သံုးစြဲရမည့္အျပင္ ဧရာမၾကီးမား လွေသာ အိမ္ၾကီးတစ္လံုးျဖစ္ေသာေၾကာင့္ ထိန္းသိမ္းစရိတ္ အလံုးအရင္း ကုန္က်မည္ ျဖစ္သည္။

“ဒီအိမ္ဟာ အိမ္ခြန္တစ္ခုတည္းတင္ တစ္ႏွစ္ကို ေဒၚလာ ၇၆၂၀၀၀ ေပးေဆာင္ရပါတယ္။ ျပီးေတာ့ အာမခံ အတြက္နဲ႔ မြမ္းမံထိန္းသိမ္းဖို႔အတြက္က ေဒၚလာ ၇၅၀,၀၀၀ ကုန္က်ပါတယ္။ ဒါေၾကာင့္ ဘယ္သူပဲ ဝယ္ဝယ္ ဒီအိမ္ကို လက္ဝယ္ပိုင္ဆိုင္ထားဖုိ႔အတြက္ တစ္ႏွစ္ကုန္က်စရိတ္ အနည္းဆံုး ေဒၚလာ ၁ ဒသမ ၅ သန္း ကုန္မွာ ျဖစ္ပါတယ္”

ယခုစံအိမ္ေရာင္းထြက္ပါကလည္း ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔အဖုိ႔ အခြန္မ်ားစြာ ေပးေဆာင္ရဦးမည္ ျဖစ္သည္။

လက္တြဲေဖာ္ေဟာင္းမ်ားျဖစ္ခဲ့ၾကေသာ ဂ်နီဖာလိုပက္ဇ္တို႔ႏွစ္ဦးအဖို႔ ယခုစံအိမ္ၾကီးေရာင္းခ်ရေငြမွ ၁၀ ရာခိုင္ႏႈန္းကို ဆံုးရံႈးရဦးမည္ ျဖစ္သည္။

ေရာင္းရေငြမွ ၅ ရာခိုင္ႏႈန္းမွာ ကယ္လီဖိုးနီးယားျပည္နယ္အစိုးရသို႔ တိုက္ရိုက္အခြန္ေဆာင္ရမည္ျဖစ္ျပီး အိမ္ျခံေျမအက်ဳိးေဆာင္ခမွာ ၅ ရာခိုင္ႏႈန္းမွ ၆ ရာခုိင္ႏႈန္းၾကား ေပးေဆာင္ရမည္ျဖစ္သည္။

ထို႔ေၾကာင့္ ေဒၚလာ ၁၀ သန္းဝန္းက်င္ခန္႔ ဆံုးရံႈးရမည္ျဖစ္ရာ ေဒၚလာ သန္း ၅၀ ျဖင့္ ေရာင္းထြက္မည္ဆိုပါက ေဒၚလာ သန္း ၄၀ သာ က်န္ရွိမည္ျဖစ္ျပီး ထုိေငြကို ႏွစ္ဦးခြဲေဝ ရယူရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ben Affleck, Jennifer Lopez to lose at least $25M on ‘white elephant’ home: Source (newsnationnow)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service