ပန်းကန်ဆေးသမားဘဝမှ သန်းကြွယ်သူဌေးဖြစ်ခဲ့သော ကိုယ်ထူးကိုယ်ချွန် သူဌေးကြီး၏ သားသမီး ၆ ဦး အမွေလုကြသည့်ဖြစ်ရပ်

ပန်းကန်ဆေးသမားဘဝမှ သန်းကြွယ်သူဌေးဖြစ်ခဲ့သော ကိုယ်ထူးကိုယ်ချွန် သူဌေးကြီး၏ သားသမီး ၆ ဦး အမွေလုကြသည့်ဖြစ်ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
16 Aug 2024 12:44 pm တွင် တင်ခဲ့သည်
988 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အင်္ဂလန်တွင် ပန်းကန်ဆေးသမားဘဝမှ သန်းကြွယ်သူဌေးဖြစ်ခဲ့သော စားသောက်ဆိုင် လုပ်ငန်းရှင် သူဌေးကြီး၏ သားသမီး ၆ ဦး အမွေလုကြသည့် ဖြစ်ရပ် တရားရုံးချုပ်အထိ ရောက်ရှိခဲ့ပြီး ပေါင် ၄ ဒသမ ၆ သန်း အမွေအတွက် တရားရင်ဆိုင်ကြခြင်း ဖြစ်သည်။

အဗ္ဗဒူလ်ခန်း အမည်ရှိ သူဌေးကြီးသည် အသက် ၆၇ နှစ်အရွယ် ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် လန်ဒန်မြို့တွင် တန်ဖိုးကြီး အိမ်ခြံမြေများစွာ ကျန်ရစ်ခဲ့သည်။

အဗ္ဗဒူလ်ခန်းသည် ၁၉၆၀ ပြည့်လွန်ကာလများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗြိတိန်သို့ ရောက်ရှိလာခဲ့ကာ West End ဟိုတယ်၌ ပန်းကန်ဆေးသမားအဖြစ် လုပ်ကိုင်ခဲ့သည်။

ထိုသို့ လုပ်ကိုင်ရင်း နောက်ပိုင်းတွင် စားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့သည်။

နောက်ဆုံးတွင်ကား လန်ဒန်မြို့တောင်ပိုင်း Clapham Common ပန်းခြံတွင် Clapham Tandoori ဟူသော အမည်ဖြင့် အောင်မြင်သည့် အိန္ဒိယစားသောက်ဆိုင်၏ ပိုင်ရှင် ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင်ကား လန်ဒန်မြို့တောင်ပိုင်းတွင် အိမ်ခြံမြေများစွာ ဝယ်ယူခဲ့ကာ ယခုအခါ ပေါင် သန်းပေါင်းများစွာ တန်ကြေးရှိနေပြီ ဖြစ်သည်။

သူ၏ သားသမီးများမှာ ဖခင်ကြီး ကျန်ရစ်ခဲ့သော အိမ်ခြံမြေများအတွက် တရားရင်ဆိုင်ကြလျက် ရှိသည်။

အဗ္ဗဒူလ်ခန်း၏ အကြီးဆုံးသားဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ မူဟာမက်ခန်းက ပြောသည်မှာ မိမိသည်သာ တစ်ဦးတည်း အမွေဆက်ခံထိုက်သူဖြစ်ကြောင်း ပြောသည်။

သို့သော် သူ၏ မွေးချင်း ၅ ဦးဖြစ်သော အာမက် ( ၄၃နှစ်)၊ ရှာလီမာ (၄၅နှစ်)၊ ရှာဝါ( ၄၂ နှစ်)၊ ဖာဟာနာ (၄၆ နှစ်) နှင့် ဂျနီဖာခန်း (၄၄ နှစ်) တို့က ပြောသည်မှာ မူဟာမက်ခန်းမှာ အရူးတစ်ယောက်ဖြစ်ကြောင်း၊ ဖခင်ကြီး၏ အိမ်ခြံမြေများမှာ သားသမီးအားလုံးနှင့် သက်ဆိုင်ကြောင်း ပြောကြားသည်။ 

(မူဟာမက်ခန်းကို တရားရုံးချုပ်တွင် တွေ့ရပုံ။)

 

မောင်နှမ ၅ ဦး၏ ရှေ့နေ William East က တရားရုံးချုပ်တွင် ပြောသည်မှာ စားသောက်ဆိုင်လုပ်ငန်းရှင် အဗ္ဗဒူလ်ခန်းသည် ရရှိလာသော အမြတ်အစွန်းများဖြင့် လန်ဒန်မြို့ Tooting Bec,Norbury,West Norwood နှင့် Upper Norwod အရပ်တို့တွင် အိမ်ခြံမြေများ ဝယ်ယူခဲ့ပြီး လက်ရှိအားဖြင့် ပေါင် ၄ ဒသမ ၆ သန်း တန်ကြေးရှိကြောင်း ပြောသည်။

မူဟာမက်ခန်းသည် သူ၏ ဖခင်ကြီးနှင့် ၁၉၉၀ ပြည့်လွန်ကာလများနှင့် ၂၀၀၀ ပြည့်လွန်အစောပိုင်း ကာလများ တွင် ဆက်ဆံရေးအဖုအထစ် ဖြစ်ခဲ့သည်။

သူ၏ ဖခင် အဗ္ဗဒူလ်ခန်းက သားကြီးအား ဇနီးပေါင်းများစွာဖြင့် သားသမီးများစွာ ရှိနေမှုအပေါ် ဝေဖန်ပြစ်တင် ခဲ့သည်။

သို့သော် မူဟာမက်ခန်းက မိသားစုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပေးခဲ့ပြီးနောက်ပိုင်း သားအဖ နှစ်ဦးကြား ဆက်ဆံရေး ပြန်လည်ပြေပြစ်သွားကြောင်း တရားရုံးကြားနာချက်တွင် ဖော်ပြသည်။

ရှေ့နေ William East က ပြောသည်မှာ မိမိ၏ အမှုသည်များအနေဖြင့် နေအိမ် ၃ လုံးကို သား ၃ ဦး အညီအမျှ ရရှိရန်နှင့် Essex Grove ရှိ စတုတ္ထအိမ်ကို သမီး ၃ ဦးအတွက်အဖြစ် တရားသူကြီး၏ အတည်ပြုချက် ပေးခြင်းကို လိုလားကြကြောင်း ပြောသည်။

 

(အဗ္ဗဒူလ်ခန်း၏ သားတစ်ဦးဖြစ်သူ အာမက်ခန်းက အိမ်ခြံမြေများကို မောင်နှမ ၆ ဦး အညီအမျှ ပိုင်ဆိုင်သင့် ကြောင်း ပြောသည်)

 

 

(အစ်ကိုဖြစ်သူ မူဟာမက်ခန်းအား တရားစွဲထားသော မောင်နှမ ၅ ဦးတွင် ပါဝင်သူ ဂျနီဖာခန်း )

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Six children of rags-to-riches dishwasher who became multimillionaire curry tycoon fight it out in High Court over his £4.6m fortune (dailymail)

Photo Credit-dailymail

 

[Zawgyi]

ပန္းကန္ေဆးသမားဘဝမွ သန္းၾကြယ္သူေဌးျဖစ္ခဲ့ေသာ ကိုယ္ထူးကိုယ္ခၽြန္ သူေဌးၾကီး၏ သားသမီး ၆ ဦး အေမြလုၾကသည့္ျဖစ္ရပ္

အဂၤလန္တြင္ ပန္းကန္ေဆးသမားဘဝမွ သန္းၾကြယ္သူေဌးျဖစ္ခဲ့ေသာ စားေသာက္ဆိုင္ လုပ္ငန္းရွင္ သူေဌးၾကီး၏ သားသမီး ၆ ဦး အေမြလုၾကသည့္ ျဖစ္ရပ္ တရားရံုးခ်ဳပ္အထိ ေရာက္ရိွခဲ့ျပီး ေပါင္ ၄ ဒသမ ၆ သန္း အေမြအတြက္ တရားရင္ဆုိင္ၾကျခင္း ျဖစ္သည္။

အဗၺဒူလ္ခန္း အမည္ရွိ သူေဌးၾကီးသည္ အသက္ ၆၇ ႏွစ္အရြယ္ ၂၀၀၈ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ျပီးေနာက္ လန္ဒန္ျမဳိ႕တြင္ တန္ဖိုးၾကီး အိမ္ျခံေျမမ်ားစြာ က်န္ရစ္ခဲ့သည္။

အဗၺဒူလ္ခန္းသည္ ၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ျဗိတိန္သုိ႔ ေရာက္ရွိလာခဲ့ကာ West End ဟိုတယ္၌ ပန္းကန္ေဆးသမားအျဖစ္ လုပ္ကိုင္ခ့ဲသည္။

ထိုသို႔ လုပ္ကိုင္ရင္း ေနာက္ပိုင္းတြင္ စားဖိုမွဴးတစ္ေယာက္ ျဖစ္လာခဲ့သည္။

ေနာက္ဆံုးတြင္ကား လန္ဒန္ျမိဳ႕ေတာင္ပိုင္း Clapham Common ပန္းျခံတြင္ Clapham Tandoori ဟူေသာ အမည္ျဖင့္ ေအာင္ျမင္သည့္ အိႏိၵယစားေသာက္ဆိုင္၏ ပိုင္ရွင္ ျဖစ္လာခဲ့သည္။

ေနာက္ပိုင္းတြင္ကား လန္ဒန္ျမဳိ႕ေတာင္ပိုင္းတြင္ အိမ္ျခံေျမမ်ားစြာ ဝယ္ယူခဲ့ကာ ယခုအခါ ေပါင္ သန္းေပါင္းမ်ားစြာ တန္ေၾကးရွိေနျပီ ျဖစ္သည္။

သူ၏ သားသမီးမ်ားမွာ ဖခင္ၾကီး က်န္ရစ္ခဲ့ေသာ အိမ္ျခံေျမမ်ားအတြက္ တရားရင္ဆုိင္ၾကလ်က္ ရွိသည္။

အဗၺဒူလ္ခန္း၏ အၾကီးဆံုးသားျဖစ္သူ အသက္ ၄၉ ႏွစ္အရြယ္ရွိ မူဟာမက္ခန္းက ေျပာသည္မွာ မိမိသည္သာ တစ္ဦးတည္း အေမြဆက္ခံထုိက္သူျဖစ္ေၾကာင္း ေျပာသည္။

သို႔ေသာ္ သူ၏ ေမြးခ်င္း ၅ ဦးျဖစ္ေသာ အာမက္ ( ၄၃ႏွစ္)၊ ရွာလီမာ (၄၅ႏွစ္)၊ ရွာဝါ( ၄၂ ႏွစ္)၊ ဖာဟာနာ (၄၆ ႏွစ္) ႏွင့္ ဂ်နီဖာခန္း (၄၄ ႏွစ္) တို႔က ေျပာသည္မွာ မူဟာမက္ခန္းမွာ အရူးတစ္ေယာက္ျဖစ္ေၾကာင္း၊ ဖခင္ၾကီး၏ အိမ္ျခံေျမမ်ားမွာ သားသမီးအားလံုးႏွင့္ သက္ဆိုင္ေၾကာင္း ေျပာၾကားသည္။

(မူဟာမက္ခန္းကို တရားရံုးခ်ဳပ္တြင္ ေတြ႔ရပံု။)

ေမာင္ႏွမ ၅ ဦး၏ ေရွ႕ေန William East က တရားရံုးခ်ဳပ္တြင္ ေျပာသည္မွာ စားေသာက္ဆိုင္လုပ္ငန္းရွင္ အဗၺဒူလ္ခန္းသည္ ရရွိလာေသာ အျမတ္အစြန္းမ်ားျဖင့္ လန္ဒန္ျမဳိ႕ Tooting Bec,Norbury,West Norwood ႏွင့္ Upper Norwod အရပ္တုိ႔တြင္ အိမ္ျခံေျမမ်ား ဝယ္ယူခဲ့ျပီး လက္ရွိအားျဖင့္ ေပါင္ ၄ ဒသမ ၆ သန္း တန္ေၾကးရွိေၾကာင္း ေျပာသည္။

မူဟာမက္ခန္းသည္ သူ၏ ဖခင္ၾကီးႏွင့္ ၁၉၉၀ ျပည့္လြန္ကာလမ်ားႏွင့္ ၂၀၀၀ ျပည့္လြန္အေစာပိုင္း ကာလမ်ား တြင္ ဆက္ဆံေရးအဖုအထစ္ ျဖစ္ခဲ့သည္။

သူ၏ ဖခင္ အဗၺဒူလ္ခန္းက သားၾကီးအား ဇနီးေပါင္းမ်ားစြာျဖင့္ သားသမီးမ်ားစြာ ရွိေနမႈအေပၚ ေဝဖန္ျပစ္တင္ ခ့ဲသည္။

သို႔ေသာ္ မူဟာမက္ခန္းက မိသားစုလုပ္ငန္းမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ေပးခဲ့ျပီးေနာက္ပိုင္း သားအဖ ႏွစ္ဦးၾကား ဆက္ဆံေရး ျပန္လည္ေျပျပစ္သြားေၾကာင္း တရားရံုးၾကားနာခ်က္တြင္ ေဖာ္ျပသည္။

ေရွ႕ေန William East က ေျပာသည္မွာ မိမိ၏ အမႈသည္မ်ားအေနျဖင့္ ေနအိမ္ ၃ လံုးကို သား ၃ ဦး အညီအမွ် ရရွိရန္ႏွင့္ Essex Grove ရွိ စတုတၳအိမ္ကို သမီး ၃ ဦးအတြက္အျဖစ္ တရားသူၾကီး၏ အတည္ျပဳခ်က္ ေပးျခင္းကို လိုလားၾကေၾကာင္း ေျပာသည္။

(အဗၺဒူလ္ခန္း၏ သားတစ္ဦးျဖစ္သူ အာမက္ခန္းက အိမ္ျခံေျမမ်ားကို ေမာင္ႏွမ ၆ ဦး အညီအမွ် ပိုင္ဆိုင္သင့္ ေၾကာင္း ေျပာသည္)

(အစ္ကိုျဖစ္သူ မူဟာမက္ခန္းအား တရားစြဲထားေသာ ေမာင္ႏွမ ၅ ဦးတြင္ ပါဝင္သူ ဂ်နီဖာခန္း )

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Six children of rags-to-riches dishwasher who became multimillionaire curry tycoon fight it out in High Court over his £4.6m fortune (dailymail)

Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service