ရေခဲမုန့်ရောင်းကာ ကျောင်းတက်ခဲ့ရသောဘဝမှ ဒေါ်လာ ဘီလျံနှင့်ချီသော အိမ်ခြံမြေများ ရောင်းချပေးသည့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီပိုင်ရှင်ဖြစ်လာသော အိန္ဒိယနိုင်ငံမှ အမျိုးသမီး

ရေခဲမုန့်ရောင်းကာ ကျောင်းတက်ခဲ့ရသောဘဝမှ ဒေါ်လာ ဘီလျံနှင့်ချီသော အိမ်ခြံမြေများ ရောင်းချပေးသည့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီပိုင်ရှင်ဖြစ်လာသော အိန္ဒိယနိုင်ငံမှ အမျိုးသမီး - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2024 1:03 pm တွင် တင်ခဲ့သည်
564 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဒူဘိုင်းသည် အိပ်မက်များကို လက်တွေ့ဖြစ်လာစေသော မြို့ကြီးတစ်မြို့ ဖြစ်သည်။

ဒူဘိုင်း၏ လမ်းများပေါ်တွင် ဆင်းဆင်းရဲရဲဘဝမှ ချမ်းသာကြွယ်ဝသွားသူတို့၏ ဘဝဇာတ်လမ်းများ ပဲ့တင်ရိုက်ခတ်နေသည်။

ဒူဘိုင်းသို့ ငွေအနည်းငယ်မျှဖြင့် ရောက်လာကာ သန်းကြွယ်သူဌေးများဖြစ်သွားသူများအကြောင်း မကြာခဏ ကြားရသည်။

အချို့ဆိုလျှင် အာရပ် dirhams ငွေ ဘီလျံနှင့်ချီသည့် ရောင်းဝယ်မှုများ ပြုလုပ်ပေးနေသော လုပ်ငန်းကြီးများကို ပဲ့ကိုင်သူ ဖြစ်လာကြသည်။

ကူရတ် အူလ် အန်း (Qurat Ul Ain) အမည်ရှိ အိန္ဒိယနိုင်ငံမှ အမျိုးသမီးသည် ထိုသို့သော အားကျဖွယ် အောင်မြင်သွားသော ဇာတ်လမ်းများတွင် ပါဝင်သူတစ်ဦး ဖြစ်သည်။

ကူရတ်သည် ဒူဘိုင်းမှ နာမည်ကြီး အိမ်ခြံမြေကုမ္ပဏီဖြစ်သော DRE ၏ ပူးတွဲ တည်ထောင်သူ၊ ဥက္ကဌ ဖြစ်သည်။

ရေခဲမုန့်ရောင်းရသော ဘဝမှသည် မိုးမျှော်တိုက်ကြီးများ ရောင်းချရသူဘဝအထိ တက်လှမ်းခဲ့သူ ကူရတ်သည် ဒူဘိုင်းအိမ်ခြံမြေလောကတွင် နာမည်တစ်လုံးရလာအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။

ကူရတ်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ဒူဘိုင်းရှိ စူပါမာ့ကက်တစ်ခုတွင် sale executive တစ်ဦးအဖြစ် ရေခဲမုန့်များ ရောင်းချကာ ဘဝကို စတင်ရုန်းကန်ခဲ့သည်။

ယနေ့ကာလတွင်ကား အာရပ် dirham (Dh) ငွေ ဘီလျံနှင့်ချီကာ အိမ်ခြံမြေများ ရောင်းချပေးနေသော ကုမ္ပဏီ တစ်ခု၏ အောင်မြင်သည့်ခေါင်းဆောင်တစ်ဦးဖြစ်နေပြီး ၂၀၂၃ တစ်နှစ်တည်းတွင်ပင်လျှင် Dh ၅ ဘီလီယံ တန်ကြေးှရှိ အိမ်ခြံမြေများ ရောင်းချပေးခဲ့သည်။

ကူရတ်သည် အိန္ဒိယရှိ လူလတ်တန်းစား မိသားစုမှဖြစ်ကာ ဒူဘိုင်းသို့ ကျောင်းတက်ရန် လာခဲ့ခြင်း ဖြစ်သည်။

(ကူရတ်ကို ဒူဘိုင်းသို့ စတင်ရောက်ရှိခဲ့စဉ် အစောပိုင်းကာလများက တွေ့ရပုံ)

“ကျွန်မ ဒူဘိုင်းကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တက္ကသိုလ်တက်ဖို့ ရောက်လာခဲ့ပါတယ်။ မိဘတွေက ကျောင်းစရိတ်ပေးနိုင်တယ်ဆိုပေမယ့် သုံးစွဲဖို့အတွက်တော့ အများကြီး မပေးနိုင်ကြပါဘူး။ ဒါကြောင့် အလုပ်ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”

“Sharjah အရပ်မှာရှိတဲ့ စူပါမာ့ကက်တစ်ခုမှာ လုပ်အားခ တစ်နာရီကို Dh ၂၀ နှုန်းနဲ့ ရေခဲမုန့် ရောင်းရတဲ့ အလုပ်တစ်ခု ရှာတွေ့ပါတယ်။ အဲဒီအလုပ်က Dh ၂၀၀၀ ကနေ ၂၅၀၀ ကြား ရပါတယ်။ အဲဒီအချိန်က အတော်များတဲ့ ပမာဏပါ” ဟု ကူရတ်က Khaleej Times သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောခဲ့ဖူးသည်။

((အရောင်း ထူးချွန်သူ))

နောက်တစ်နှစ်ခန့်အကြာတွင် ကူရတ်သည် ဟိုတယ်လုပ်ငန်း အရောင်းမြှင့်တင်ရေး ကုမ္ပဏီတစ်ခုထံ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဟိုတယ်များအတွက် Privilege ကဒ်များ ရောင်းချပေးခဲ့ရသည်။

ထိုကုမ္ပဏီတိုးတက်ရေးအတွက် ကူရတ်မှာ များစွာ စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“ကျွန်မ အဲဒီကဒ်တွေ အတော်လေး ရောင်းပေးနိုင်ခဲ့ပြီး တစ်လကို Dh ၅၀၀၀ ကနေ ၆၀၀၀ လောက် ရခဲ့ ပါတယ်။ ဘွဲ့ရတဲ့အချိန်မှာ အဲဒီကုမ္ပဏီကပဲ ကျွန်မကို အလုပ်နေရာတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၀၄ ၊ ၂၀၀၅ ခုနှစ်လောက်မှာ ကျွန်မရဲ့ လစာက Dh ၉၀၀၀ အပြင် ကော်မရှင်ခတွေပါ တိုးပေးခံရတယ်။ အဲဒီနောက်ပိုင်း မှာလည်း ကျွန်မက အရောင်းပိုင်းမှာ တကယ်တော်တဲ့သူဖြစ်တာမို့လို့ လစာ Dh ၂၀,၀၀၀ အထိ ရလာပါတယ်”

(ကူရတ်နှင့် သူမ၏ အစ်ကို ၊ DRE ကို ပူးတွဲတည်ထောင်သူ Mudasir Wani တို့ကို အတူတွေ့ရပုံ)

 

ကူရတ်၏ တောင်းဆိုမှုကြောင့် အစ်ကို/ မောင်ဖြစ်သူ မူဒါဆာ ဝါနီ (Mudasir Wani) မှာ လန်ဒန်မှ ဒူဘိုင်းသို့ ကျောင်းလာတက်ခဲ့သည်။

(မှတ်ချက်။ ကူရတ်နှင့် Mudasir တို့ မောင်နှမ ၂ ဦးတွင် မည်သူက အကြီးဖြစ်သည်ကိုမူ မသိရချေ။iMyanmarHouse.com က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားသေးခြင်း မရှိချေ။)

နောက်ပိုင်းတွင် ကူရတ်၏ ဦးလေးဖြစ်သူက ဒူဘိုင်းရှိ သူ၏ အိမ်ခြံမြေကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ရန် ကူရတ်တို့ မောင်နှမအား တောင်းဆိုခဲ့သည်။

ထိုအချိန်က ဒူဘိုင်းအိမ်ခြံမြေလောက ဖွံ့ဖြိုးတိုးတက်နေသည့် ပထမပိုင်းကာလဖြစ်သော ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ကြားကာလဖြစ်သည်။

“အိမ်ခြံမြေလောကကို ဝင်စမှာ ကျွန်မတို့ အတော်အခြေအနေကောင်းခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလမှာ ဦးလေးဟာ Dh သန်း ၄၀ လောက် ဆုံးရှုံးသွားခဲ့ပြီး ကုမ္ပဏီကို ရောင်းချဖို့ ဦးလေးက ဆုံးဖြတ်ခဲ့တယ်။ ကျွန်မတို့က အဲဒီကုမ္ပဏီကို ဝယ်ယူလိုက်ပြီး ဒူဘိုင်းမှာ အငှားချထားမှု လုပ်ငန်းနယ်ပယ်နဲ့ အစပျိုးခဲ့ကြပါတယ်”

(DRE ၏ ပူးတွဲတည်ထောင်သူ မူဒါဆာ ဝါနီ)

 

“ကျွန်မက ကံကောင်းလို့ အောင်မြင်မှုရလာတဲ့သူ မဟုတ်ပါဘူး။ အများကြီး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်” ဟု ကူရတ်က ဆိုသည်။

 

((ဘဝ အလှည့်အပြောင်း))

“ဆော်ဒီ ဘီလျံနာကြီး အဗ္ဗဒူ လာတစ် ဂျမဲနဲ့ တွေ့ဆုံပြီးတဲ့အချိန်ဟာ ကျွန်မတို့အတွက် ဘဝအလှည့်အပြောင်း ပါပဲ။ စစ်ဒဏ်ခံနေရတဲ့ လက်ဘနွန်ကနေ သူ့ရဲ့ လုပ်ငန်း ပြောင်းရွှေ့ဖို့အတွက် ဒူဘိုင်းမှာ ကူးသန်း ရောင်းဝယ်ရေး နေရာတစ်ခု သူက ရှာနေတယ်။ အစပိုင်းမှာ မိုးမျှော်တိုက်ကြီးတစ်ခုက အလွှာတစ်ခုကို ဝယ်ချင် တယ်လို့ ပြောတယ်။ အဲဒါက တန်ကြေး Dh ၈ သန်းလောက် ရှိပါတယ်။ နောက်ပိုင်းမှာလည်း ထပ်ဝယ်ဖို့ ကျွန်မတို့ကို ဆက်သွယ်လာပါတယ်။ ကျွန်မတို့ဟာ ဘီလျံနာကြီး ဂျမဲအတွက် အဲဒီအဆောက်အအုံကြီးမှာပဲ အထပ်ပေါင်း ၁၃ ခု ဝယ်ယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ဘဝနဲ့ လုပ်ငန်းအတွက် အလှည့်အပြောင်း တစ်ခုပါပဲ” ဟု ကူရတ်က ပြောသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: From ice cream scoops to skyscrapers: How Dubai woman built business selling properties worth billions (khaleejtimes)

 

 

[Zawgyi]

ေရခဲမုန္႔ေရာင္းကာ ေက်ာင္းတက္ခဲ့ရေသာဘဝမွ ေဒၚလာ ဘီလ်ံႏွင့္ခ်ီေသာ အိမ္ျခံေျမမ်ား ေရာင္းခ်ေပးသည့္ အိမ္ျခံေျမအက်ဳိးေဆာင္ကုမၸဏီပိုင္ရွင္ျဖစ္လာေသာ အိႏိၵယႏိုင္ငံမွ အမ်ဳိးသမီး

 

ဒူဘိုင္းသည္ အိပ္မက္မ်ားကို လက္ေတြ႔ျဖစ္လာေစေသာ ျမိဳ႕ၾကီးတစ္ျမိဳ႕ ျဖစ္သည္။

ဒူဘိုင္း၏ လမ္းမ်ားေပၚတြင္ ဆင္းဆင္းရဲရဲဘဝမွ ခ်မ္းသာၾကြယ္ဝသြားသူတို႔၏ ဘဝဇာတ္လမ္းမ်ား ပဲ့တင္ ရိုက္ခတ္ေနသည္။

ဒူဘိုင္းသို႔ ေငြအနည္းငယ္မွ်ျဖင့္ ေရာက္လာကာ သန္းၾကြယ္သူေဌးမ်ားျဖစ္သြားသူမ်ားအေၾကာင္း မၾကာခဏ ၾကားရသည္။

အခ်ဳိ႕ဆိုလွ်င္ အာရပ္ dirhams ေငြ ဘီလ်ံႏွင့္ခ်ီသည့္ ေရာင္းဝယ္မႈမ်ား ျပဳလုပ္ေပးေနေသာ လုပ္ငန္းၾကီးမ်ားကို ပဲ့ကိုင္သူ ျဖစ္လာၾကသည္။

ကူရတ္ အူလ္ အန္း (Qurat Ul Ain) အမည္ရွိ အိႏိၵယႏိုင္ငံမွ အမ်ဳိးသမီးသည္ ထုိသို႔ေသာ အားက်ဖြယ္ ေအာင္ျမင္သြားေသာ ဇာတ္လမ္းမ်ားတြင္ ပါဝင္သူတစ္ဦး ျဖစ္သည္။

ကူရတ္သည္ ဒူဘိုင္းမွ နာမည္ၾကီး အိမ္ျခံေျမကုမၸဏီျဖစ္ေသာ DRE ၏ ပူးတြဲ တည္ေထာင္သူ၊ ဥကၠဌ ျဖစ္သည္။

ေရခဲမုန္႔ေရာင္းရေသာ ဘဝမွသည္ မိုးေမွ်ာ္တိုက္ၾကီးမ်ား ေရာင္းခ်ရသူဘဝအထိ တက္လွမ္းခဲ့သူ ကူရတ္သည္ ဒူဘိုင္းအိမ္ျခံေျမေလာကတြင္ နာမည္တစ္လံုးရလာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူ ျဖစ္သည္။

ကူရတ္သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ ခန္႔က ဒူဘိုင္းရွိ စူပါမာ့ကက္တစ္ခုတြင္ sale executive တစ္ဦးအျဖစ္ ေရခဲမုန္႔မ်ား ေရာင္းခ်ကာ ဘဝကို စတင္ရုန္းကန္ခဲ့သည္။

ယေန႔ကာလတြင္ကား အာရပ္ dirham (Dh) ေငြ ဘီလ်ံႏွင့္ခ်ီကာ အိမ္ျခံေျမမ်ား ေရာင္းခ်ေပးေနေသာ ကုမၸဏီ တစ္ခု၏ ေအာင္ျမင္သည့္ေခါင္းေဆာင္တစ္ဦးျဖစ္ေနျပီး ၂၀၂၃ တစ္ႏွစ္တည္းတြင္ပင္လွ်င္ Dh ၅ ဘီလီယံ တန္ေၾကးွရိွ အိမ္ျခံေျမမ်ား ေရာင္းခ်ေပးခဲ့သည္။

ကူရတ္သည္ အိႏိၵယရွိ လူလတ္တန္းစား မိသားစုမွျဖစ္ကာ ဒူဘိုင္းသို႔ ေက်ာင္းတက္ရန္ လာခဲ့ျခင္း ျဖစ္သည္။

(ကူရတ္ကို ဒူဘိုင္းသို႔ စတင္ေရာက္ရွိခဲ့စဥ္ အေစာပိုင္းကာလမ်ားက ေတြ႔ရပံု)

“ကၽြန္မ ဒူဘိုင္းကို လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေလာက္က တကၠသိုလ္တက္ဖုိ႔ ေရာက္လာခဲ့ပါတယ္။ မိဘေတြက ေက်ာင္းစရိတ္ေပးႏိုင္တယ္ဆိုေပမယ့္ သံုးစြဲဖို႔အတြက္ေတာ့ အမ်ားၾကီး မေပးႏိုင္ၾကပါဘူး။ ဒါေၾကာင့္ အလုပ္ရွာဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။”

“Sharjah အရပ္မွာရွိတဲ့ စူပါမာ့ကက္တစ္ခုမွာ လုပ္အားခ တစ္နာရီကို Dh ၂၀ ႏႈန္းနဲ႔ ေရခဲမုန္႔ ေရာင္းရတဲ့ အလုပ္တစ္ခု ရွာေတြ႔ပါတယ္။ အဲဒီအလုပ္က Dh ၂၀၀၀ ကေန ၂၅၀၀ ၾကား ရပါတယ္။ အဲဒီအခ်ိန္က အေတာ္မ်ားတဲ့ ပမာဏပါ” ဟု ကူရတ္က Khaleej Times သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ေျပာခဲ့ဖူးသည္။

((အေရာင္း ထူးခၽြန္သူ))

ေနာက္တစ္ႏွစ္ခန္႔အၾကာတြင္ ကူရတ္သည္ ဟိုတယ္လုပ္ငန္း အေရာင္းျမွင့္တင္ေရး ကုမၸဏီတစ္ခုထံ ဝင္ေရာက္လုပ္ကိုင္ခဲ့ျပီး ဟိုတယ္မ်ားအတြက္ Privilege ကဒ္မ်ား ေရာင္းခ်ေပးခဲ့ရသည္။

ထိုကုမၸဏီတိုးတက္ေရးအတြက္ ကူရတ္မွာ မ်ားစြာ စြမ္းေဆာင္ေပးႏိုင္ခဲ့သည္။

“ကၽြန္မ အဲဒီကဒ္ေတြ အေတာ္ေလး ေရာင္းေပးႏိုင္ခဲ့ျပီး တစ္လကို Dh ၅၀၀၀ ကေန ၆၀၀၀ ေလာက္ ရခဲ့ ပါတယ္။ ဘြဲ႔ရတဲ့အခ်ိန္မွာ အဲဒီကုမၸဏီကပဲ ကၽြန္မကို အလုပ္ေနရာတစ္ခု ကမ္းလွမ္းခဲ့ပါတယ္။ ၂၀၀၄ ၊ ၂၀၀၅ ခုႏွစ္ေလာက္မွာ ကၽြန္မရဲ႕ လစာက Dh ၉၀၀၀ အျပင္ ေကာ္မရွင္ခေတြပါ တိုးေပးခံရတယ္။ အဲဒီေနာက္ပိုင္း မွာလည္း ကၽြန္မက အေရာင္းပိုင္းမွာ တကယ္ေတာ္တဲ့သူျဖစ္တာမို႔လို႔ လစာ Dh ၂၀,၀၀၀ အထိ ရလာပါတယ္”

(ကူရတ္ႏွင့္ သူမ၏ အစ္ကို ၊ DRE ကို ပူးတြဲတည္ေထာင္သူ Mudasir Wani တို႔ကို အတူေတြ႔ရပံု)

ကူရတ္၏ ေတာင္းဆိုမႈေၾကာင့္ အစ္ကို/ ေမာင္ျဖစ္သူ မူဒါဆာ ဝါနီ (Mudasir Wani) မွာ လန္ဒန္မွ ဒူဘိုင္းသို႔ ေက်ာင္းလာတက္ခဲ့သည္။

(မွတ္ခ်က္။ ကူရတ္ႏွင့္ Mudasir တို႔ ေမာင္ႏွမ ၂ ဦးတြင္ မည္သူက အၾကီးျဖစ္သည္ကိုမူ မသိရေခ်။ iMyanmarHouse.com က ဆက္သြယ္ေမးျမန္းထားေသာ္လည္း ျပန္လည္ေျဖၾကားေသးျခင္း မရွိေခ်။)

ေနာက္ပိုင္းတြင္ ကူရတ္၏ ဦးေလးျဖစ္သူက ဒူဘိုင္းရွိ သူ၏ အိမ္ျခံေျမကုမၸဏီတြင္ ဝင္ေရာက္လုပ္ကိုင္ရန္ ကူရတ္တို႔ ေမာင္ႏွမအား ေတာင္းဆိုခဲ့သည္။

ထိုအခ်ိန္က ဒူဘိုင္းအိမ္ျခံေျမေလာက ဖြံ႔ျဖိဳးတိုးတက္ေနသည့္ ပထမပိုင္းကာလျဖစ္ေသာ ၂၀၀၀ ျပည့္ႏွစ္မွ ၂၀၀၈ ၾကားကာလျဖစ္သည္။

“အိမ္ျခံေျမေလာကကို ဝင္စမွာ ကၽြန္မတို႔ အေတာ္အေျခအေနေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၀၈ ခုႏွစ္ ကမၻာ့ဘ႑ာေရးအက်ပ္အတည္းကာလမွာ ဦးေလးဟာ Dh သန္း ၄၀ ေလာက္ ဆံုးရံႈးသြားခဲ့ျပီး ကုမၸဏီကို ေရာင္းခ်ဖုိ႔ ဦးေလးက ဆံုးျဖတ္ခဲ့တယ္။ ကၽြန္မတို႔က အဲဒီကုမၸဏီကို ဝယ္ယူလိုက္ျပီး ဒူဘိုင္းမွာ အငွားခ်ထားမႈ လုပ္ငန္းနယ္ပယ္နဲ႔ အစပ်ဳိးခဲ့ၾကပါတယ္”

(DRE ၏ ပူးတြဲတည္ေထာင္သူ မူဒါဆာ ဝါနီ)

“ကၽြန္မက ကံေကာင္းလို႔ ေအာင္ျမင္မႈရလာတဲ့သူ မဟုတ္ပါဘူး။ အမ်ားၾကီး ခက္ခက္ခဲခဲ ၾကိဳးစားခဲ့ရပါတယ္” ဟု ကူရတ္က ဆိုသည္။

((ဘဝ အလွည့္အေျပာင္း))

“ေဆာ္ဒီ ဘီလ်ံနာၾကီး အဗၺဒူ လာတစ္ ဂ်မဲနဲ႔ ေတြ႔ဆံုျပီးတဲ့အခ်ိန္ဟာ ကၽြန္မတို႔အတြက္ ဘဝအလွည့္အေျပာင္း ပါပဲ။ စစ္ဒဏ္ခံေနရတဲ့ လက္ဘႏြန္ကေန သူ႔ရဲ႕ လုပ္ငန္း ေျပာင္းေရႊ႕ဖို႔အတြက္ ဒူဘိုင္းမွာ ကူးသန္း ေရာင္းဝယ္ေရး ေနရာတစ္ခု သူက ရွာေနတယ္။ အစပိုင္းမွာ မိုးေမွ်ာ္တိုက္ၾကီးတစ္ခုက အလႊာတစ္ခုကို ဝယ္ခ်င္ တယ္လို႔ ေျပာတယ္။ အဲဒါက တန္ေၾကး Dh ၈ သန္းေလာက္ ရွိပါတယ္။ ေနာက္ပိုင္းမွာလည္း ထပ္ဝယ္ဖို႔ ကၽြန္မတို႔ကို ဆက္သြယ္လာပါတယ္။ ကၽြန္မတို႔ဟာ ဘီလ်ံနာၾကီး ဂ်မဲအတြက္ အဲဒီအေဆာက္အအံုၾကီးမွာပဲ အထပ္ေပါင္း ၁၃ ခု ဝယ္ယူေပးႏိုင္ခဲ့ပါတယ္။ ဒါဟာ ကၽြန္မတို႔ရဲ႕ ဘဝနဲ႔ လုပ္ငန္းအတြက္ အလွည့္အေျပာင္း တစ္ခုပါပဲ” ဟု ကူရတ္က ေျပာသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: From ice cream scoops to skyscrapers: How Dubai woman built business selling properties worth billions (khaleejtimes)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လင်မယားနှစ်ဦးပစ္စည်း ခွဲဝေခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လင်မယားနှစ်ဦးပစ္စည်း ခွဲဝေခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင့်ရခဲ့...
တရုတ်ပြည်တွင် သားဖြစ်သူကို ကျောင်းစာ ကူလုပ်ပေးသည့် အသက် ၄၇ နှစ်အရွယ် ဖခင်နှင့် သားဖြစ်သူတို့ နှစ်ဦးလုံး တက္ကသိုလ်ဝင်ခွင့်ရခဲ့...
ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ်...
ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ်...
Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပုံစံဖြစ်မည်ဟု အများက ခန့်မှန်းသော်လည်း သူ၏ စားသောက်ပုံမှာ အများထင်မြင်ထားသည်နှင့် များစွာခြားနား...
Warren Buffett အသက် ၉၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်၊ သူ၏ အသက်ရှည်ခြင်း လျှို့ဝှက်ချက်မှာ ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်မှုပုံစံဖြစ်မည်ဟု အများက ခန့်မှန်းသော်လည်း သူ၏ စားသောက်ပုံမှာ အများထင်မြင်ထားသည်နှင့် များစွာခြားနား...
ဖြတ်ရဲမှ ဖြတ် ၊ ပေ (1000) နီးပါး အမြင့်ရှိပြီး လည်ပတ်သူတိုင်းကို ကြောက်ဒူးတုန်စေမယ့် ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး ဖန်တံတား...
ဖြတ်ရဲမှ ဖြတ် ၊ ပေ (1000) နီးပါး အမြင့်ရှိပြီး လည်ပတ်သူတိုင်းကို ကြောက်ဒူးတုန်စေမယ့် ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး ဖန်တံတား...
မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်များ
မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်များ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မိမိအိမ်လေးရောင်းထွက်စေဖို့ ကြည့်ကောင်းစေတဲ့ ဓာတ်ပုံရိုက်နည်းများ
မိမိအိမ်လေးရောင်းထွက်စေဖို့ ကြည့်ကောင်းစေတဲ့ ဓာတ်ပုံရိုက်နည်းများ
Jeff Bezos က လုပ်ငန်းအောင်မြင်ရန်အတွက် စိတ်ပျက်ဖွယ်ကောင်းသူများကို အလုပ်ခန့်ထားရန် အရေးကြီးကြောင်း ပြောကြား...
Jeff Bezos က လုပ်ငန်းအောင်မြင်ရန်အတွက် စိတ်ပျက်ဖွယ်ကောင်းသူများကို အလုပ်ခန့်ထားရန် အရေးကြီးကြောင်း ပြောကြား...
သိပ္ပံပညာရှင်တို့က ကမ္ဘာမြေအောက်တွင် သမုဒ္ဒရာကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ အားလုံးရှိ ရေထက် ၃ ဆ ပိုမိုများပြားကြောင်းသိရ...
သိပ္ပံပညာရှင်တို့က ကမ္ဘာမြေအောက်တွင် သမုဒ္ဒရာကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ အားလုံးရှိ ရေထက် ၃ ဆ ပိုမိုများပြားကြောင်းသိရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗီယက်နမ်တွင် ချစ်သူကောင်လေးက ဘဝရည်မှန်းချက်များရှိသောကြောင့် လက်မထပ်နိုင်သေးကြောင်း ပြောခဲ့သော်လည်း မိန်းကလေး၏ မိဘများက
ဗီယက်နမ်တွင် ချစ်သူကောင်လေးက ဘဝရည်မှန်းချက်များရှိသောကြောင့် လက်မထပ်နိုင်သေးကြောင်း ပြောခဲ့သော်လည်း မိန်းကလေး၏ မိဘများက
အမေရိကန်ပြည်၊ ဖီလာဒဲလ်ဖီးယားရှိ နေအိမ်တစ်လုံး ဒေါ်လာ ၅၀၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်နေသော အိမ်မှာ လူမှုကွန်ရက်တွင် ဂယက်
အမေရိကန်ပြည်၊ ဖီလာဒဲလ်ဖီးယားရှိ နေအိမ်တစ်လုံး ဒေါ်လာ ၅၀၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်နေသော အိမ်မှာ လူမှုကွန်ရက်တွင် ဂယက်
ဟာသသရုပ်ဆောင် chris rock ရဲ့ ပြက်လုံးတစ်ချို့ကြောင့် Oscar ဆုပေးပွဲစင်မြင့်ထက် ပါးတက်ရိုက်ခဲ့သူ နာမည်ကြီးသရုပ်ဆောင် Will
ဟာသသရုပ်ဆောင် chris rock ရဲ့ ပြက်လုံးတစ်ချို့ကြောင့် Oscar ဆုပေးပွဲစင်မြင့်ထက် ပါးတက်ရိုက်ခဲ့သူ နာမည်ကြီးသရုပ်ဆောင် Will
တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင
တချိန်က ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးများ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးမှ အထပ်ပေါင်းများစွာ၊ တန်ဖိုးကြီး ကားများ ပိုင
အမေရိကရဲ့ အဆင်းရဲဆုံးပြည်နယ်တွေဟာ တခြားပြည်နယ်တွေထက် ဘာကြောင့် အိမ်ပိုင်သူ ပိုများနေတာလဲ
အမေရိကရဲ့ အဆင်းရဲဆုံးပြည်နယ်တွေဟာ တခြားပြည်နယ်တွေထက် ဘာကြောင့် အိမ်ပိုင်သူ ပိုများနေတာလဲ
Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့
Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့
တချိန်က ရူပီး ၉၀ တန် ရထားလက်မှတ်ဖိုးပင် မရှိခဲ့သူ၊ နောင်အခါတွင် ကုမ္ပဏီကြီးတစ်ခုက ချမ်းသာကြွယ်ဝ သော ကလေးများကို စာသင်ပေး
တချိန်က ရူပီး ၉၀ တန် ရထားလက်မှတ်ဖိုးပင် မရှိခဲ့သူ၊ နောင်အခါတွင် ကုမ္ပဏီကြီးတစ်ခုက ချမ်းသာကြွယ်ဝ သော ကလေးများကို စာသင်ပေး
ဂင်းနက်စ် စံချိန် ၈ ခုတင်ထားသော အဆိုတော် Mariah Carey ငှားရမ်းနေထိုင်ခဲ့သည့် ဘီဗာလီဟေးလ်စံအိမ် ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရ
ဂင်းနက်စ် စံချိန် ၈ ခုတင်ထားသော အဆိုတော် Mariah Carey ငှားရမ်းနေထိုင်ခဲ့သည့် ဘီဗာလီဟေးလ်စံအိမ် ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရ
Apple ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော တတိယမြောက်ပုဂ္ဂိုလ်က သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သ
Apple ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော တတိယမြောက်ပုဂ္ဂိုလ်က သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သ
Elon Musk က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်မလာမီက တစ်နေ့လျှင် ၁ ဒေါ်လာမျှဖြင့် စားသောက်နေထိုင် ခဲ့ကြောင်း၊ အမေရိကတွင်
Elon Musk က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်မလာမီက တစ်နေ့လျှင် ၁ ဒေါ်လာမျှဖြင့် စားသောက်နေထိုင် ခဲ့ကြောင်း၊ အမေရိကတွင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service